Simple
(A Burmese experimental poem)
ရပ်တည်ချက်မဲ့တဲ့ GPS တချို့ကြောင့်
Because of some GPSes that have lost their bearings,
ဦးနှောက်မကြာခဏ စားတယ်။
the brain gets eaten from time to time.
Black Hole ဖြစ်လာတဲ့ ဒုတိယဘုရားသခင်
The Second God, turned into a Black Hole,
နီးစပ်ရာ နှလုံးသားပါမက
swallows not only the hearts nearby,
ခပ်လှမ်းလှမ်းက ဦးနှောက်ကိုပါ ဝါးမျိုစေ။
but even the brains from afar.
ဝင်ခွင့်ပေးခဲ့တဲ့ မျက်လုံးရဲ့အပြစ်ပေါ့။
I suppose it is the eyes’ fault for letting it in.
စနက်တံ ဖြုတ်ခံလိုက်ရတဲ့ အရက်ပုလင်းတလုံးအတိုင်း
Like a liquor bottle with its fuse pulled out,
ဖန်ခွက်နဲ့ နှုတ်ခမ်းဟာ ကိုယ်ချင်းဆက်အမွှာဖြစ်ခဲ့ပြီ။
the glass and the lips have become conjoined twins.
ရီဝေနေတဲ့ သွေးနီဥတခုချင်းစီက ဂျွမ်းထိုးနေတော့
As every red blood cell tumbles and somersaults,
မြေမထိတဲ့ ခြေလှမ်းတွေကို မိုးပေါ်မပျံရုံပဲ ကျောင်းဆဲ။
I keep steering the footsteps that no longer touch the ground, barely keeping them from flying into the sky.
သက်သက်လွတ်တဲ့ ယစ်ပူဇော်ပွဲမှာ
At a vegan sacrificial ceremony,
Get Nhaung Khit’s stories in your inbox
Join Medium for free to get updates from this writer.
ကုသိုလ်ယူဖို့ ပုတီးကို လည်ပင်းမှာစွပ်
to gain merit, I put prayer beads around my neck,
အလ္လာကို ရွတ်ရင်း ခရစ်တော်ရှေ့မှောက် ဆုတောင်းလိုက်တယ်။
chanting the name of Allah as I pray before Christ.
လူမျက်နှာနဲ့ စာရွက်လေးတွေပေါ်က
For the numbers on little pieces of paper
ကိန်းဂဏန်းတွေအတွက် စတေးမှုအပေါင်း
bearing human faces, all these sacrifices —
အေးချမ်းပါစေပေါ့။
may they rest in peace.
ခုတုံးလုပ်ခံရတဲ့ ဘာသာတရားတွေက ဆန္ဒပြရော၊
The religions, used as stepping stones, begin to protest,
သူတို့အတွက် စတေးမှုတွေရော မပြီးသေးဘူးလားတဲ့၊
“Have the sacrifices made in our names not ended yet?”
၃နှစ်သားလေးက ထပြောရော
Then a three-year-old speaks up:
ဦးဦးတို့ ချိုချဉ်စားမလားတဲ့။
“Uncles, would you like some candy?”
အဲ့ဒီတုန်းက ချိုချဉ်သာစားခဲ့ရင် ခရူးစိတ်ဆိုတာ
If only they had eaten the candy then, the Crusade
လူမသိသူမသိလေးပဲ ကျန်ခဲ့မှာ။
might have remained unknown to the world.
— နှောင်းခေတ်
— Naung Khit
An open poem. The images are intentionally left open to interpretation.






