UI/UX ဒီဇိုင်းရေးဆွဲရာတွင် ဉာဏ်ရည်မဲ့ AI ၏ ထောင်ချောက်
ယခုခေတ်မှာ Designer အများစု မှားယွင်းစွာ လုပ်လေ့ရှိကြတဲ့ အကျင့်တစ်ခု ရှိပါတယ်။ အဲဒါကတော့ Layout တစ်ခု ဆွဲဖို့ လိုအပ်လာတာနဲ့ ဘာမှမစဉ်းစားတော့ဘဲ AI Generator တွေကို တန်းဖွင့်ပြီး UI Screens တွေကို စဉ်းစားဆင်ခြင်မှု မရှိဘဲ ပုံထုတ်ခိုင်းလိုက်တာပါပဲ။
ဒါပေမဲ့ အောင်မြင်ပြီး သက်ရောက်မှုရှိတဲ့ Digital Product တွေဟာ စဉ်းစားဆင်ခြင်မှု မရှိတဲ့ အလိုအလျောက် ပုံထုတ်စနစ် ထက်၊ စနစ်ကျတဲ့ ဒီဇိုင်း ဗျူဟာ (Design Strategy) ပေါ်မှာ အခြေခံဖို့ လိုအပ်ပါတယ်။
1. ဒီဇိုင်းလောကမှာ စဉ်းစားဆင်ခြင်မှုမရှိဘဲ AI ကို အသုံးပြုခြင်းဆိုတာ ဘာလဲ?
စဉ်းစားဆင်ခြင်မှု မရှိဘဲ AI ကို အသုံးပြုခြင်းဆိုသည်မှာ AI က ထုတ်ပေးလိုက်သော Layout များ၊ Color Palette များ နှင့် User Flow များကို “ဘာကြောင့်လဲ” ဟု ပြန်လည် မစိစစ်ဘဲ လက်ခံအသုံးပြုခြင်းကို ဆိုလိုသည်။
ဒါက အဓိက ပြဿနာ (၃) ခုကို ဖြစ်ပေါ်စေပါတယ် -
- Generic interfaces: မိမိ Product သည် အင်တာနက်ပေါ်ရှိ တူညီသော Pattern များမှ ထုတ်ယူထားသည့် အခြား App ပေါင်းများစွာနှင့် ပုံစံတူ သွားဖြစ်နေခြင်း။
- Surface-level solutions: AI သည် Visual UI များကို ဖန်တီးပေးနိုင်သော်လည်း အသုံးပြုသူ၏ စစ်မှန်သော ခံစားချက်၊ အခက်အခဲများနှင့် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို နားမလည်နိုင်ခြင်း။
- Stagnant core skills: Prompt များကို အလွန်အကျူး အားကိုးခြင်းက မိမိ၏ ဒီဇိုင်း ဆုံးဖြတ်ချက်များကို ကာကွယ်ပြောဆိုနိုင်စွမ်း၊ Grid System များ တည်ဆောက်နိုင်စွမ်း နှင့် Typography ရွေးချယ်နိုင်စွမ်း များကို လျော့ကျစေခြင်း။
AI ကို ဆုံးဖြတ်ချက်ချသူ အဖြစ် မသတ်မှတ်ဘဲ၊ စွမ်းဆောင်ရည် မြှင့်တင်ပေးသည့် အကူ Tool တစ်ခုအဖြစ်သာ အသုံးပြုရပါမယ်။
AI မသုံးမီ စနစ်တကျ စဉ်းစားဆင်ခြင်ရန် ဘာကြောင့် အရေးကြီးသနည်း?
လူအချို့က AI အနေနဲ့ Product Design Process တစ်ခုလုံးကို အလိုအလျောက် ပြုလုပ်ပေးနိုင်တယ်လို့ ထင်ကြတယ်။ သို့သော် လူသားတို့ရဲ့ ဗျူဟာမြောက် စဉ်းစားမှုမပါဘဲ AI-generated Product တစ်ခုကို Launch လုပ်ခြင်းက နောက်ပိုင်းမှာ ကြီးမားသော ပြဿနာများကို ဖြစ်ပေါ်စေပါတယ်။
Get Naw Shy (Su)’s stories in your inbox
Join Medium for free to get updates from this writer.
AI ကို အသုံးပြုသည့်အခါ ဗျူဟာကျကျ စဉ်းစားရမည့် အဓိက အကြောင်းအရင်း (၆) ချက် -
1. ကုန်ကျစရိတ် များပြားသော Redesign များကို ကာကွယ်ပေးခြင်း
AI သည် ပုံမှန် လမ်းကြောင်းများကိုသာ ထုတ်ပေးလေ့ရှိပြီး Edge Cases များ၊ Error States များနှင့် လိုအပ်သော ကန့်သတ်ချက်များကို လွဲချော်လေ့ရှိသည်။ ယင်းတို့ကို Development အဆင့်ရောက်မှ ပြန်ပြင်ရခြင်းသည် ကုန်ကျစရိတ် ပိုမို များပြားစေသည်။
2. Brand Identity ကို ကာကွယ်ပေးခြင်း
AI Models များသည် လက်ရှိ Trend များပေါ်တွင် အခြေခံထားသည်။ AI က ထုတ်ပေးသမျှကို ကူးယူခြင်းသည် မိမိ Brand ရဲ့ သီးခြား ထူးခြားချက်ကို ပျက်စီးစေပြီး ရိုးစင်းလွန်းသော UI သာ ဖြစ်သွားစေသည်။
3. အသုံးပြုသူ တိုင်းအတွက် လွယ်ကူစေခြင်း
AI Tools များသည် Color Contrast ရာခိုင်နှုန်း မပြည့်ဝခြင်း၊ ရှုပ်ထွေးသော Navigation Pattern များ ဖန်တီးမိခြင်းများ ရှိတတ်သည်။ လူသားတို့၏ စစ်ဆေးမှုကမှ App ကို လူတိုင်း အဆင်ပြေပြေ သုံးနိုင်အောင် အာမခံနိုင်မည်။
4. ဗျူဟာ နှင့် Automation ကို ပေါင်းကူးတံတားဖြစ်ပေးခြင်း
AI သည် Stakeholders များကို မေးမြန်းနိုင်ခြင်း သို့မဟုတ် User Needs များနှင့် Business KPIs များကို ချိန်ညှိနိုင်ခြင်း မရှိပါ။ ဒီဇိုင်နာ၏ Strategy ကမှ AI Draft များကို စီးပွားရေးအရ အကျိုးရှိသော Product အဖြစ် ပြောင်းလဲပေးနိုင်သည်။
5. မမျှော်လင့်ထားသော ပြဿနာများကို ကြိုတင် မြင်တွေ့နိုင်ခြင်း
လိုင်းကျသွားချိန် သို့မဟုတ် User Input မှားယွင်းချိန်များတွင် AI-generated Screens မျာ အဆင်မပြေ ဖြစ်သွားတတ်သည်။ Strategy ရှိသော Designer များသည် အမှားအယွင်းများကို ကြိုတင်တွက်ချက်ပြီး Empty States များကို စနစ်တကျ ဒီဇိုင်းဆွဲကြသည်။
6. မိမိ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်းပေးခြင်း
Tool များကို မည်သူမဆို အသုံးပြုနိုင်သော်လည်း၊ သင်၏ Strategic Thinking၊ User အပေါ် စာနာနားလည်မှု (Empathy) နှင့် Logic တို့ကသာ သင့်ကို အစားထိုးလို့မရသော Designer တစ်ယောက် ဖြစ်စေသည်မှာ ဖြစ်သည်။
“AI သည် စက္ကန့်ပိုင်းအတွင်း Pixels များကို ဖန်တီးပေးနိုင်သော်လည်း၊ လူသားတို့၏ စာနာနားလည်မှု (Empathy) ကမှ လူတိုင်း သဘောကျသည့် Product များကို ဖန်တီးပေးနိုင်ပါတယ်။”
မြန်ဆန်တဲ့ ရလဒ်များမှာ ကောင်းမွန်သော်လည်း၊ Logic နှင့် Research တို့ကသာ Product တစ်ခုကို အမှန်တကယ် အောင်မြင်စေတာ ဖြစ်ပါတယ်။ AI က ထုတ်ပေးတဲ့ Layout ကို မလက်ခံခင် တိုင်းမှာ “ဒါဟာ User ရဲ့ အဓိက ပြဿနာကို တကယ် ဖြေရှင်းပေးရဲ့လား” ဆိုတာကို အမြဲ မေးမြန်းပါ သို့မဟုတ် စိစစ်ပါ။
Practice continues. Learning continues. 🚀








