Stories by Akr Wai Phyoe on Medium
ရှေ့တပတ်က ထိုင်းမှာ Workshop လုပ်ရင်း activity တခု အပြီး break နားတော့ တီချယ် Bei က ရီရင်း ပြောတယ်။ နင့်အသံက British ထက်ကို British ဖြစ်နေတယ်တဲ့။ ကျနော့်မှာ မောနေတဲ့အချိန်ဆို‌တော့ ရီပဲ ရီနိုင်တယ် ဘာမှတောင် ပြန်မပြောနိုင်ဘူး။
တကယ်တမ်းတော့ ကျောင်းသား ဘဝ တ‌လျှောက်လူံး အရူးအမူးနဲ့ ဒီဘာသာစကားကို လေ့လာခဲ့တဲ့ကာလတွေလည်း မနည်းဘူး ရှိခဲ့သေးတာကိုးလို့ ပြန်ပြီး တွေးမိတယ်။ အရူးအမူးလေ့လာခဲ့ရတယ်ဆိုလို့ Hysan က ကိုယ့်‌ကျောင်းသားတွေလို အပတ်စဉ် Speaking Buddy လိုမျိုးလည်း မ Join ဖူးသလို ဂျက်ဖာဆန်တို့ BC တို့ဆိုတာလည်း အခုအရွယ်အထိ ခြေတောင် မချဖူးခဲ့ဘူးရယ်။ နေတဲ့နေရာက နယ်မြို့မလို့၊ တက်တဲ့ တက္ကသိုလ်ကလည်း တောရွာဇနပုဒ်မှာမလို့ အင်္ဂလိပ်စာဆိုလို့ မူးလို့ ရှူစရာ အလွန်ရှားတာလေ။
ကိုယ်တွေ ထိုင်းနိုင်ငံ ဘန်ကောက်က National Science Museum မှာ Workshop ပေးနေတာ
အထက်တန်းရောက်တော့ ကျောင်းမှာ အင်္ဂလိပ်သင်တဲ့ ဆရာမက အသံထွက်အလွန်ကောင်းတော့ သူ့လိုဖြစ်ချင်ခဲ့တာ။ ဒါပေမယ့်လည်း ဒုတိယနှစ်လောက်ရောက်တဲ့အထိက အူလည်လည်ပါပဲ။ ဘိုလို ပြောဖို့ဆိုတာဝေလာဝေး။ သူများတွေ SEAYLP သင်္ဘောခရီးစဉ်လိုက်ဖို့အတွက် အင်္ဂလိပ်စာ ဝင်ခွင့်စာမေးပွဲ ဖြေနေချိန်မှာ ကိုယ်တွေ အနားတောင် မကပ်နိုင်ခဲ့ရိုး အမှန်ပါ။
အဲ့တော့ အခွင့်အရေးနဲ့ resources ရှားပါးတဲ့ကြားက ဘိုစာ ဘယ်လိုရူးခဲ့တယ်ဆိုတဲ့ အကြောင်း ဒီပို့စ်မှာ ဖောက်သည်ချမလို့ပါ။
စာကျက်ရတဲ့ ဓလေ့
ပထမဆုံးက စာ တွေပေါ့။ တက္ကသိုလ်က စာတွေပေါ့။ စာတွေဆိုတာ မြန်မာက အစိုးရတက္ကသိုလ်တွေမှာ ကျက်ရတယ်လေ။ ကျက်တယ်ဆိုတာ စာကို အသံနဲ့ ဖတ်မှ ပိုမှတ်မိတာမလို့ ဘိုလို ကျက်ရတိုင်း ကျက်ရတိုင်း အသံထွက်ကို ကောင်းနေအောင် လေ့ကျင့်ကြည့်တယ်။ ခဲ တလုံးနဲ့ ငှက်နှစ်ကောင်ပစ်တာပေ့ါ။ ကျက်နေရင်းနဲ့ recording သွင်းတယ်။ ပြန်နားထောင်တော့ နောက်တခါ ထပ်အော်စရာ မလိုတော့ဘူးလေ။ (လူပျင်းစာကျက်နည်းများ)။ ကိုယ်ရွတ်ထားတာ ကိုယ်ပြန်နားထောင်တဲ့အခါ တခါတည်း ကိုယ့်လေသံကို ကိုယ် ပြန် feedback ပေးပြီးသားလည်းဖြစ်‌တယ်ဆိုတော့ ဒီလိုမျိုးကို လေးနှစ်ကျော်လောက် လုပ်လာခဲ့တာ စာမေးပွဲရာသီရောက်တိုင်း။
Photo by Craig Pattenaude on Unsplash
နောက်ထပ် အရူးအမူးက podcast တွေ
ဘိုစာကို မြို့ကြီးပြကြီး မန်းလေးမှာ သွားသင်ဦးမယ်ဟဲ့ဆိုပြီး MUFL မှာ သွားတက်လိုက်သေးတယ်။ အဲ့က ဆရာမက AJ Hodge ရဲ့ Effortless English Podcast တွေကို နားထောင် ဆိုပြီး အများကြီး ကူးထည့်ပေးလိုက်တာ။ Podcast နားထောင်တဲ့ အကျင့်က အဲ့ကနေ စလာတယ် ပြောရမယ်။ အိပ်ခါနီးတိုင်း ဖွင့်အိပ်တော့တာပဲ။ 😂 နားထောင်တယ်သာ ပြောတာ ဘာမှ နားမလည်ဘူးရယ် သူလည်း ခုန်ပေါက်ပြီး ပြောနေတာပဲ၊ ကိုယ်ကလည်း တခူးခူးနဲ့ အိပ်နေတာပဲ။
နောက်ကျ famous people တွေရဲ့ မိန့်ခွန်းတွေကို အသံသွင်းထားတဲ့ App တခုကို ပလေးစတိုးမှာ ပတ်မွှေနေရင်း တွေ့လာတယ်။ အဲ့ဒါလေးက တော်တော် အသုံးဝင်ခဲ့တယ် ပြောရမှာ။ နားထောင်တယ်၊ နားထောင်နေရင်းလည်း နားလည်ချင်လာတာက Ellen တို့လို့ Obama တို့လို လူတွေက commencement speech ပြောရင် အောက်က ကျောင်းသားတွေက တအားရီကြတာ။ ကိုယ်က နားမလည်ဘူး။ ‌အဲ့ ရီတဲ့ အပိုင်းကို transcripts ပြန်ဖတ်ပြီးတော့မှ သူတို့ ဘာလို့ ရီကြလဲ နားလည်တယ်။ transcription ကို တခါလောက်ဖတ်လိုက်တယ်ဆိုရင် တော်တော်လေး မှတ်မိသွားပြီဆိုတော့ နောက်တခါ ပြန်နားထောင်ပြီး သူတို့ ရီတဲ့နေရာ လိုက်ရီဖြစ်တယ်။ ခပ်တည်တည်ပဲ။
အဲ့ဒီ app က speech တွေ အများကြီး မပါဘူးရယ်။ ပါတာကလည်း နည်းနည်းလေးပဲဆိုတော့ ဖန်တရာတေအောင် နားထောင်ရင်း အချို့ ကြိုက်တဲ့ မိန့်ခွန်းတွေဆိုရင် အလွတ်တောင် ရတယ်။ ညနေ အတန်းပြီးရင် ကျောင်းအောက်က ဂျင်ကို သွားသွားဆော့ရတာ အမောဆိုတော့ လျှောက်သွားတဲ့ လမ်းမှာ အနည်းဆုံး speech တခုတော့ ပြီးတယ်‌။ ဒီတော့ တပတ်ကို အနည်းဆုံး ငါးရက်လောက် နားထောင်ဖြစ်တယ်။
နောက်ထပ် ရူးတာက ဝါသနာတူ အရူးတွေ တွေ့သွားတာ
ဒီလိုလေး ရူးနေရင်း ရူးနေရင်း နောက်ကျ ဝါသနာတူ အရူးသုံးယောက်တွေ့တော့ နေရာတိုင်း အချိန်တိုင်း ဘိုလို ပြောကြတယ်။ ကျောင်းမှာ Workshop တွေ ဘာတွေ စီစဉ်တော့လည်း အဆင်ပြေတာ၊ မပြေတာ၊ ရီစရာ၊ စိတ်တိုစရာ အကုန်လုံးကို ဘိုလို ပြောဖြစ်တယ်။ ဒေါသက ထွက်နေပါပြီဆို နောက်က ပါးစပ်က လိုက်မပြောတတ်တော့ ဂါး ဂါး ဂါး ပဲ အသံထွက်လာတဲ့ အဖြစ်တွေလည်း ရှိတာပဲ။
နောက်ဆုံးရူးတာက Be Before You ဇာတ်ကား
A photo retrieved from https://share.google/BCfXU6TZXr0D63UhR
လူ့ဘဝ သရုပ်အကြောင်းကို ရိုက်ထားတဲ့ British ဇာတ်ကားတွေက ကိုယ်တွေ ကျောင်းတက်ခဲ့တဲ့ ကာလမှာ ရှာရတာ အလွန်ခက်ခဲသော။ ဇာတ်ကားဆိုတဲ့ အမျိုးက အဆောင်မှာ Zapya နဲ့ လိုက်ကူးပေးတဲ့သူရှိမှ ကြည့်ရတာဆိုတော့ ဘရစ်တစ်လည်းဖြစ် ဇာတ်အိမ် လည်း အလွန်ကောင်းသော ဇာတ်ကား ရလိုက်တာ ရွှေထုပ်ကောက်ရသလိုပဲ။ Sam Claflin နဲ့ နဂါးမေမေ ပြောတဲ့ Dialogue တွေကို နောက်က လိုက်ပြောပြီး သူတို့လို လိုက်ပြောနိုင်အောင် လေ့ကျင့်ကြည့်ရတာလည်း အမော။ MX player လေးနဲ့ ကြည့်ရတာဆိုတော့ ရပ်လိုက် ပြန်ရစ်လိုက် ပြန်နားထောင်လိုက်နဲ့ပေါ့။
နောက် ရူးတာက စာဖတ်တာ။
တက္ကသိုလ်မှာတုန်းက Myanmar Extensive Reading Programme ဆိုတာ ရှိလိုက်သေးတယ်။ Graded reader ဆိုတာ တက္ကသိုလ် စတုတ္ထနှစ်ရောက်မှ မြင်ဖူးတဲ့ အဖြစ်သနစ်ရယ်။ လွယ်တဲ့ စာအုပ်တွေ ဖတ်ရင်း ဖတ်ရင်းနဲ့ ခက်တာတွေ လိုက်ဖတ်ဖြစ်တယ်။ ပထမဆုံး အရူးအမူးနဲ့ အစအဆုံး ဖတ်ဖြစ်တဲ့ ဘိုစာအုပ်က Tara Westover ရဲ့ ကိုယ်ရေး အထ္ထုပတ္တိ Educated ဆိုတဲ့ စာအုပ်။ အဲ့ကနေမှပဲ စာတွေ ဖတ်ရမှာကို မကြောက်တော့ဘဲ Text book တွေကို စဝယ်တည်းက အစအဆုံး ဖတ်တတ်တဲ့ အကျင့် ရလာတော့တာပဲ။ အခုထိလည်း ပညာရပ်စာအုပ်တွေကို ဖတ်နေနိုင်တယ် ဆိုတာလည်း MERP graded reader တွေကနေ ရလာတဲ့ အကျင့်ကောင်းလို့ ပြောရမယ်။
Tara Westover ရဲ့ ကိုယ်ရေး အထ္ထုပတ္တိ Educated ဆိုတဲ့ စာအုပ်
ကိုယ်တွေ ဘိုရူး ရူးတဲ့အကြောင်း ပြောရမယ်ဆိုရင် ကျောင်းမှာ ဘိုလို MC လုပ်တဲ့ စီနီယာ အကိုကြီး အမကြီးတွေကို အားကျလို့ Facebook မှာ ဖရန့် လိုက်အပ်ရတာတွေ မပါသေးဘူး။ အခုလည်း အဲ့အကောင့်တွေလည်း ဇူဇူဘန်းလို့ ပျက်ကုန်ပါပြီ။
ဘာပဲဖြစ်ဖြစ် ကိုယ်တို့တွေ ဒီလိုရူးခဲ့ကြလို့ပဲ ခုလို ဘိုစာကို သင်တော့လည်း ရူးရူးမူးမူးသင်နိုင်တာလို့ ပြောရမယ်ဆိုရင်လည်း မမှားဘူး။ ဒီလို ရူးပုံရူးသနည်းကိုသာ တီချယ် Bei ကို အရှည်ကြီး ရှင်းပြနေရရင်လည်း ရတဲ့ Break 15 mins နဲ့တောင် လောက်မှာ မဟုတ်ဘူးရယ်။
ကဲ တော်သေးပြီ။
Language teacher တယောက်အနေနဲ့ elementary လိုမျိုး Pre-int လိုမျိုး အတန်းတွေ သင်ရတဲ့အခါ အဲ့အတန်းက ကျောင်းသားတွေရဲ့ တကယ့်တကယ် ခံစားချက်ကို မျက်မြင်ဒိဋ္ဌ သိရအောင် ဘယ်လိုလုပ်ရင် ကောင်းမလဲ တွေးနေတာကြာပြီ။
ဒါနဲ့ လွယ်နေတဲ့ Duolingo မှာ တရုတ်စာကို စပြီး လေ့လာကြည့်မိတယ်။ တရုတ်စာကို သင်နေတာ Duolingo အမှတ် 9 မှတ် ရပြီ။ Pre A1 ဆိုပါတော့။
တရုတ်စာကို အစကနေပြီး သင်နေတဲ့ ကျောင်းသားတယောက်အနေနဲ့ အင်္ဂလိပ်စာ အခြေခံအတန်းထဲက ဆရာတယောက်ကို ကျောင်းသားတယောက်ရဲ့ ရှုထောင့်ကနေ ပြန်ကြည့်ကြည့်မိတယ်။
၁။ ဆရာ ပြောသမျှ စကားတိုင်းကို ဘယ်လိုမှ နားမလည်နိုင်ဘူး။
A1 ကျောင်းသားအနေနဲ့ ကျနော် သိတဲ့ စကားလုံးတိုင်းက အကန့်အသတ်နဲ့ရှိတယ်။ အလုံး ငါးဆယ်တောင် ပြည့်ချင်မှ ပြည့်မယ်။ ဒီအခါမှာ ဆရာက instruction ပေးသမျှ စကားလုံးတွေကို ကျနော် မသိနိုင်ဘူး။ ဒါပေမယ့် ဆရာက ရှူးတိုးတိုး ဆိုတဲ့ အမူအရာ လုပ်ပြပြီး 安静 လို့ ပြောရင်တော့ ကျနော် ဘာကို ဆိုလိုလည်းဆိုတာ နားလည်နိုင်တယ်။
၂။ A1 ကျောင်းသားအနေနဲ့ စကားကို တဆက်တည်း ပြောနိူင်ဖို့ အတော်ခဲယဉ်းတယ်
ကိုယ်တိုင် ဆရာ တယောက်အနေနဲ့ ကျောင်းသားကို စကား‌များများပြောထွက်ဖို့ တိုက်တွန်းတာတွေ ရှိခဲ့တယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် တရုတ်လို ဝါကျ နှစ်ကြောင်းလောက်ထွက်ဖို့ ‌အတော်ရုန်းကန်လိုက်ရမှ အနောက်က ဘယ်လောက်တွန်းတွန်း ထွက်လာသေးမှာ မဟုတ်ဘူးဆိုတာကို နဖူးတွေ့ ဒူးတွေ့ ကြုံရတယ်။ အနောက်က ဘယ်လောက်ပဲ ကောင်းကောင်းမွန်မွန်ပြောပြီးတွန်းတွန်း ခြောက်လှန့်ပြီးတွန်းတွန်း ထွက်လာမှာ မဟုတ်တာက မဟုတ်တာပဲ။ ပိုပြီး စိတ်ဖိစီးလာမှာပဲရှိတယ်။
တကယ်က ကျောင်းသား ပြောဖို့ ယုံကြည်ချက်ရှိနေတဲ့ ဝါကျ တကြောင်း နှကြောင်းကိုပဲ ဝေါဟာရတွေ ဖလှယ်ပြီး ပြောထွက်ခိုင်းတာက ယုံကြည်မှုတိုးတက်လာစေသလို၊ ပိုပြီးလည်း သွက်လက်လာစေတယ်။
ဥပမာဆိုရင် 要 ဆိုတာက ကြိယာတခု။ လိုချင်တာကို ပြောတာ၊
我 要 一 杯 奶茶
I want a cup of milk tea.
她 要 一 杯 咖啡
She wants a cup of coffee.
A1 ကျောင်းသားအနေနဲ့တော့ ကိုယ်သိထားတဲ့ စကားလုံးတွေကို ဟိုပြောင်း သည်ပြောင်း လုပ်ပြီး ဝါကျဖွဲ့ပြီး ပြောနေရတာ အရသာလည်းရှိသလို တိုးတက်တယ်လို့လည်း ခံစားရတယ်။
၃။ ကိုယ် ပေါက်တက်ကရပြောနေတာက အဓိပ္ပါယ်ရှိတယ်ဆိုတဲ့ ခံစားချက်က အရေးကြီးတယ်။
A1 ကျောင်းသားတွေမှာ ငါ ဒီဘာသာစကားကို ပေါက်တက်ကရ ပြောနေတယ်ဆိုတဲ့ ခံစားချက်ရှိတယ်။ ဒါပေမယ့် ဒီလိုပြောနေတယ်လို့ ခံစားရတာတောင် တဖက်လူက နားလည်နေတယ်ဆိုတဲ့ ခံစားချက်က ဒီဘာသာစကားကို အသုံးပြုနေတယ် ဆိုတဲ့ ခံယူချက်တခုကို ဖြည်းဖြည်းချင်း သွတ်သွင်းပေးတယ်။ ဘာသာစကားအသစ်တခုကို သင်ယူနေတဲ့သူအဖို့ ငါက ဒီဘာသာစကားကို “အသုံးပြု” နေနိုင်တဲ့ဆိုတဲ့ အသိ ရသွားပြီဆိုရင် ကျောင်းသားအတွက် သင်ယူရတာ အများကြီး အဓိပ္ပါယ်ရှိလာတယ်။ အဓိပ္ပါယ်မရှိတဲ့ သင်ယူမှုအသစ်တွေကို လူသားတွေရဲ့ ဦးနှောက်က မေ့ပစ်ဖို့ပဲ ကြိုးစားတယ်။
၄။ Mobile ဖုန်းတွေမှာ စာရိုက်ရတာ ပျော်စရာကောင်းတယ်။
Duolingo မှာ အမှတ် 7 မှတ်လောက် ရလာတော့ စာ စ ရိုက်ခိုင်းတယ် တရုတ်လို။ တကယ်တော့ ဒါက အရေးမကြီးဘူး ထင်ရသလိုလိုနဲ့ တကယ်တော့ အရေးကြီးတယ်။ ဒီနေ့ခေတ်မှာ ဘာသာစကားဆိုတာကို ဖုန်းမျက်နှာပြင်ပေါ်မှာတင် တော်တော်များများ သုံးရတယ်။ ကျနော်တို့က ‌Productive skills လို့ ပြောလိုက်ရင် speaking နဲ့ writing ကိုပဲ ပြောကြတယ်။ တကယ်တန်းကျ writing skill မှာကိုမှ ဖုန်း keyboard ပေါ်မှာ အသစ်သင်ယူလိုက်ရပြီးတဲ့ စကားလုံးတွေကို Typing လုပ်ရင်း ရေးရတာကိုက အရသာတခု ဖြစ်လာတယ်။ Language classes တွေထဲမှာပါ post တွေ comment တွေ ရေးခိုင်းသင့်တယ်။
အဆုံးသတ်တော့ ကိုယ်တိုင်ကြုံမှ သိမယ် ဆိုတဲ့ စကားအတိုင်းပဲ။ မြန်မာနိုင်ငံက ဘိုစာသင်တဲ့ ဆရာတိုင်းက elementary စစ်စစ်ရဲ့ ခံစားချက်ကို မေ့နေတတ်ကြတယ်။ ကိုယ်တိုင်လည်း အပါအဝင်ပါပဲ။ တကယ် A1 လိုတွေးပြီး A1 လို စာရိုက်ကြည့်တဲ့အခါကျမှပဲ အတိတ်ကို မမေ့နဲ့ဆိုတဲ့ စကားသံက စိတ်နားထဲမှာ ပဲ့တင်သံထပ်လာတယ်။
ပုံ
A1 Chinese Student