Stories by Ashin Vilasaggalankara on Medium
စုတ်ပြတ်သတ်
အခုတစ်ခေါက် အိန္ဒိယသွားတော့ ငယ်သူငယ်ချင်းမက ဆရာမကျဖြစ်တော်မူထသော ဆရာရဲကျောင်းမှာပဲ နေလိုက်တယ်။ မနက်ခင်း လေးနာရီထ လေးခွဲမှာ ဘုရားဝတ်တက် ပဋ္ဌာန်း ၂၄ပစ္စည်းအကျယ်ပွားများ ရတယ်။ သြော ဦးဇင်းက မဆိုးဘူးပဲ ရောမရောက်တော့ ရောမလို ကျင့်သားပဲ။ နိုး ဟုတ်ဘူး။
“ဆရာရဲ တပည့်တော်ကတော့ မနက်ခင်းလေးနာရီလည်း မထနိုင်ဘူး ဘုရားဝတ်တက်လည်း မလိုက်နိုင်ဘူး။ မလိုက်နာလို့ မနေရဘူးဆိုရင် ဆရာရဲကျောင်း မနေဘူး”
“ဟာ ရပါတယ် ဒေါက်တာဝိလာသဂ္ဂ အိပ်ပါ အိပ်ပါ”
ကိုယ့်ကိုယ့်ကိုယ် မကြည်ညိုပေမယ့် ဆရာရဲကိုတော့ အတော်ကြည်ညိုမိတယ်။ ကြည်ညိုရခြင်းအကြောင်း ပြောပြမယ်။ ဆရာရဲက အခုအချိန်ထိ မစိုးရိမ်အတိုင်းပဲ နေတယ်။ ပညာတွေ တတ်လို့ ကမ္ဘာပတ်နေသော်ငြား ငယ်မူငယ်သွေး အကျင့်ကောင်းတွေက သူ့မှာ အသက်ကြီးလေ ပိုတိုးလာလေ။
မနက်ခင်း လေးနာရီထ လေးခွဲ ဘုရားဝတ်တက်။ ငါးခွဲ အာရုဏ်ဆွမ်းစား။ ခုနစ်နာရီမှာ သူ့ကျောင်းကနေ ဗောဓိပင်ထိ လမ်းလျှောက်ပြီး ဆယ်နာရီခွဲထိ ဗောဓိပင်အောက်မှာ သူ ပိဋကတ်သုံးပုံ ရွတ်ဖတ်ပူဇော်တယ်။
ဆယ့်တစ်မှာ နေ့ဆွမ်းစား။ နေ့ခင်းမှာ ပို့ချရမည့် စာဝါတွေအတွက် သူစာကြည့်နေတယ်။ သူ့အရည်အချင်းနှင့် အင်္ဂလိပ်စာ ကြိုတင်မကြည့်လည်း ရလောက်ပါတယ်။ သို့သော် စာဝါကို မစိုးရိမ်မူအတိုင်း လေးလေးစားစားပဲ။ ကြိုတင်ပြင်ဆင်ပြီးမှ ပို့ချပေးတယ်။ နောက် အဲဒီစာကြည့်တိုက်မှာ သူ တမှေးအိပ်တယ်။
နေ့လည် တစ်နာရီကနေ နှစ်နာရီခွဲထိ ကျောင်းသားကျောင်းမှာ. James Kingslandရဲ့ “SIDDHĀRTHA’S BRAIN”ကို ပို့ချပေးတယ်။ ကျောင်းပြန်လာ သုံးနာရီမှာ ဗီယင်နမ်ကျောင်းမှာ နောက်ထပ်စာဝါတစ်ခု သွားပို့ချပြန်တယ်။ အဲဒီက ပြန်လာတော့ ဝိုင်းခြင်းခတ်ကြတယ်။ ကျန်တဲ့ မကောင်းတာ မဟုတ်တာ လုပ်တာလေးတွေလည်း ရှိတယ်နော။ ပုထုဇဉ်ပဲ ဘယ်သူမှ စင်းလုံမချောဘူး။ ၂၄နာရီမှာ တစ်ဝက်လောက်က ကောင်းတာလုပ်ရင်ကို တကယ့်လူကောင်းပဲ။ ဦးဇင်းကြည်ညိုမိတာကို ချရေးနေတာ။ စာဖတ်သူကို ကြည်ညိုခိုင်းနေတာ မဟုတ်ဘူး။
ညနေ ခြောက်နာရီမှာ သံဃာအားလုံး ဘုရားဝတ်တက် ဝတ်ပြု မေတ္တာပို့။ ညပိုင်းမှာ စာဖတ်ရင်ဖတ် မဖတ်ရင် စာကြည့်နေရော။
“ဆရာရဲ ဘာစာတွေ ဖတ်နေတာလဲ”
“တောင်မြို့ဆရာတော်ကြီး စာအုပ်ပါ”
ဆရာရဲကို စာပဲတတ်တာ စာမဖတ်ဖူးလို့ ထင်တာ။ ကိုယ်တောင် သူ့စာအုပ်စဉ်က မောင်သာနိုးသာအုပ်လေး ယူလာခဲ့သေး။
ဆရာရဲနှင့် အတူနေရစဉ် ငါဆရာရဲလို နေရမယ်လို့ စိတ်ကူးပေါက်လိုက်သေး။ ကျောင်းသားကျောင်း ဆွမ်းကပ်တဲ့နေ့က ဆရာရဲက ဦးဇင်းကို ရယ်သလို မောသလို ပြောင်သလို နောက်သလိုနဲ့ သြဝါဒပေးတယ်။
“ကိုင်း ဟုတ်သာ မဟုတ်သာ အပထား ဒေါက်တာတော့ဖြစ်ပြီ။ အရင်လို ဗယုသုက္ခမနေတော့နဲ့။ အလုပ်လေးလည်း လုပ်ဖို့ စဉ်းစားဦး”
“တင်ပါ့”
ဆရာရဲစကား ဦးထိပ်မှာပန်ဆင်ပြီး အခု မှော်ဘီရောက်တော့ မတတ်တတတ်ဖြစ်နေတဲ့ ပါဠိဘာသာကို ပြန်လေ့လာတယ်။ သုတ်စဉ်တွေ ပြန်ကျက်။ အရင်က ဓမ္မနဒီမှာ စည်းကမ်းသုံးခုပဲ ထုတ်ထားတယ် အရက်သေစာ မသောက်စားရဘူး နှာမပူးရဘူး လောင်ကစားမလုပ်ရဘူး။ အခုလား စည်းကမ်းအသစ် တစ်ခု ထပ်တိုးပေးလိုက်တယ်။ ကိုရင်ကျောင်းသားတွေကို မင်းတို့ ရှစ်နာရီကနေ ဆယ်နာရီထိ စာအံ စာဖတ် စာကျက် စာမှတ် လုပ်ရမယ်။ ငါလည်း စာပြန်ကျက်နေတာ။ ဘဝက အခုမှ စသကိုး။
သုတ်စဉ်ပြန်နွှေးပြီးတော့ ပိဋကတ်သုံးပုံရဲ့ အစဆုံးကျမ်းစာဖြစ်တဲ့ ပါရာဇိကဏ်ပါဠိတော်ကို ဖတ်တယ်။ မျက်နှာဖုံးကောင်းမှုရှင် နိဒါန်းက စဖတ်တယ်။
ပါရာဇိကဏ်ပါဠိတော် သာသနာရေးဌာနက ရေးထားတဲ့ နိဒါန်းမှာ “သတိယေဝ ဟိ တသ္မိံ ဣတရေ ဥပ္ပဇ္ဇန္တိ”တဲ့။ ဘာသာမပြန်တတ်ဘူး။ ဘာသာပြန် စဉ်းစားမရဘူးပြောရင် ပိုမှန်သပ။ တသ္မိံ – ထိုပိဋကတ်သုံးပုံ၌၊ သတိယေဝ- သတိရှိမှသာ, သတိပါမှသာ။ အဲလို ဘာသာပြန်ရမှာလား။ ဟုတ်သေးဘူးကွ။ ထိုင်စဉ်းစားနေတာ ခေါင်းထဲ မပေါ်။ ဘယ်သူမှ ဘာသာမပြန် အနက်မရေး မြန်မာမပြန်တဲ့ နိဒါန်းဖြစ်နေတော့ သွားကြည့်စရာ စာအုပ်ကလည်း မရှိ။
ဟာ စုတ်ပြတ်သတ်နေတဲ့ ငါပါလား။ မန္တလေးသကျသီဟ သာမဏေကျော်တဲ့။ ဓမ္မာစရိယကိုလည်း မြန်မာနိုင်ငံမှာ အသန့်ရှင်းဆုံး မဟာအောင်မြေကနေ ရခဲ့တာပါ။ ပြန်မလေ့လာတော့ စုတ်ပြတ်သတ်လို့ပါလား။ သတိယေဝနှင့်တင် ဒစ်တွေ လည်နေပါရော့လား။
စိတ်ဓာတ်အကြီးအကျယ်ကျသွားတယ်။ အတော်စုတ်ပြတ်သတ်နေတဲ့ ငါပါလား ကွယ်ရို့။ ဒီပါဠိလေးကိုမှ မြန်မာမပြန်တတ်ရင် ငါလူ့ဘဝ မနေတော့ဘူး။ ကိုယ့်ကိုယ်ကိုယ် သတ်သေလို့ ဂျပန်ငါးရာနှင့် ငါးဘူတာ မကလို့ ဆယ်ဘူတာ ခံရခံရကွာ။ (အဖန်ငါးရာ ငါးကမ႓ာ)
သေရမှာ တကယ်ကြောက်သွားသလား မသိ။ ဦးနှောက်က အပြေးအလွှား အလုပ်ထလုပ်ပါလေရော။
“ဆရာ ဆရာ ဒီနေရာမှာ သတိယေဝဆိုတာ သတိကို ပြောတာမဟုတ်ဘူးလေဆရာ သတ္တမျန္တပုဒ်လေဆရာ”
ကိုင်းဗျာ။ ချာတူးလန် စုတ်ပြတ်သတ်နေတဲ့ ငါပါလား။ သတိယေဝဆိုတာ သတိကို ဟောတာ မဟုတ်ပါလား။ နောက်က တသ္မွိံကို သတိမထားမိဘူး။
“သတိယေဝ ဟိ တသ္မိံ ဣတရေ ဥပ္ပဇ္ဇန္တိ”
“ပရိယတ္တိရှိမှသာ ကျန်တဲ့ ပဋိပတ္တိ ပဋိဝေဓသာသနာ တည်တံ့မှာ”လို့ ပြောတာပါလား။
သာသနာတည်ဖို့ဆိုရင် စာသင်စာချဆိုတဲ့ ပရိယတ္တိသာသာနာသည်သာ အဓိကတဲ့။
ကိုရင်တွေ စာကျက်သံကို အရင်က ဆူသာ နားညီးသာလို့ ထင်ခဲ့ဘူးတယ်။ အခုလား မဒီအသံထက် ပိုချိုနေပါပေါ့လား။
“အလင်းပျောက်ချိန်မှီ ကြယ်လေးများထွက်လာကာ
လောကကိုအမှောင်ထု ဖုံးမသွားခင်မှာ
ကြယ်အလင်းတွေ ဖြန်းပက်တဲ့အခါ
လောကဟာ တဖန် ပြန်ပြီးတစ်ခေါက် အသက်ဝင်သွား
ငါရဲ့ဝိဉာဉ်ငယ်
ငိုကြွေးလို့ရှိုက်ချိန်မှာ
အလင်းတစ်ခုလို အမှောင်ကိုခွင်းရောက်လာကာ
ဒဏ်ရာများကို မင်းဆေးကြောကာ
ငါရဲ့ဝိဉာဉ်ငယ်ပြန်ပြီး
တစ်ခေါက် အသက်ဝင်သွား”
(တေးရေး ဇဏ်ခီ၊ တေးဆို မဒီ)
(ဆရာရဲဖတ်ရအောင် ဇော်ဂျီနှင့် ပြောင်းပေးလိုက်ပါတယ်။ ကျေးဇူးပါ ဆရာရဲ)