Stories by Htet Thinzar Linn on Medium
“ဖိုးကုလားတစ်ယောက် သမီးတစ်ယောက်နဲ့ ဘယ်လိုလုပ်မလဲမသိဘူး” “နောက်မိန်းမယူမှာပါ” “ကလေးလေးသနားပါတယ်” ဟု လူတွေအမျိုးမျိုးထင်ကြေးပေးနေကြသည်။
ဖိုးကလားဆိုသည်မှာ ၃၆ နှစ်အရွယ် မုဆိုးဖို ကလေးတစ်ယောက်အဖေ။ သူ့ကို သိပ်ချစ်သော သူ့မိန်းမဆုံးပြီးတည်းက သူ့မှာကျန်ခဲ့တာ အကြွေးသိန်းရာဂဏန်းနှင့် သူသိပ်ချစ်သော ၉နှစ်သမီးတစ်ကောင်။ ယောက္ခမက ကလေးမျက်နှာနှင့် အိမ်ပေါ်မှာ ဆက်နေခွင့်ပေးလို့ တော်သေးသည်။
မိန်းမရှိစဉ်က စားပြီးသားကန်းပန်တောင် မဆေးသော ဘော်ကြော့ ဖိုးကုလား အခုတော့ ဟင်းထမင်းက အစသူကိုယ်တိုင်ချက်နေရလေပြီ။ မနက်ဆို ၅ နာရီထ ကလေးအတွက်ရော သူ့အတွက်ပါ ထမင်းဘူးပြင် သမီးကို မနက်စာကျွေး ရေမိုးချိုးပေး ကျောင်းပို့ ပြီးမှ သူရုံးသွားသည်။ ညနေဆိုလည်း ရုံးကအပြန်ကျောင်းဝင်ကြို ညနေစာပြင်ဆင် ကျွေးမွေး ညဆို သမီးကိုစာသင်ပေးရသည်။ ပိတ်ရက်များတွင် သမီးလက်ကိုဆွဲ၍ စျေးသွား အဝတ်တွေလျှော်နှင့် အပေါင်းအသင်းဆိုတာ ဘယ်ဆီနေမှန်းတောင်မသိတော့ပေ။ အိမ်ထောင်ရှင်မရော အိမ်ထောင်ရှင်ထီးရောသည် ဖိုးကုလားပင်ဖြစ်လာတော့သည်။
အပေါင်းအသင်းများကပြောကြသည်။ “မင်းနှယ် အပင်ပန်းခံနေတယ်။ အိမ်ဖော်ခေါ်လိုက်ပေါ့ကွ” ဖိုးကုလားကတော့ ရသမျှခြစ်ကုတ်တာ အကြွေးမြန်မြန်ကြေအောင်ဆပ်သည်။ တစ်နေ့ကို ခေါက်ဆွဲပြုတ်တစ်ထုပ် သို့မဟုတ် ထမင်းတစ်နပ်ပဲစားပြီးစုသည်။ လူတွေကထပ်ပြောကြပြန်သည်။ “မင့်အကြွေးတွေက မင်းမိန်းမကိုဆေးကုလို့တင်တာပဲ။ မင်းမိန်းမလက်ဝတ်လက်စားတွေရောင်းပြီးဆပ်လိုက်ရင် ကြေတာပဲကိုကွာ။” ဖိုးကုလားပြန်ပြောသည်။ “ငါ့သမီးကြီးလာရင် သူ့အမေပစ္စည်းလေးတွေဆင်ရဦးမယ်ကွ” မနက်ဆို ထမင်းကြော်နဲ့ရေနွေးကြမ်းပဲသောက်တော့သော ဖိုးကုလားကိုကြည့်ကာ “အော် ဖိုးကုလား” ဟုပင် စုတ်တသပ်သပ်လုပ်နိုင်ကြတော့သည်။
ဘယ်သူတွေဘာပြောပြော ဖိုးကုလားတစ်ယောက် ရသမျှ သူ့သမီးဖို့စုသည်။ သူ့သမီးလေးက စျေးထဲရောက်လျှင် အင်္ကျီလှလှလေးတွေ အရုပ်လှလှလေးတွေမြင်လျှင် “ဖေဖေ မီးမီးကို ဒါတွေဝယ်ပေးနော်”ဟုပူဆာလေ့ရှိသည်။ “အေး သမီး ဒီလဖေဖေ ထီထိုးထားတယ် သိလား။ ထီပေါက်ရင် စျေးတစ်ခုလုံး သမီးကို ဝယ်ပေးမယ်”ဟု ပြန်နှစ်သိမ့်လေ့ရှိသည်။
သူ့ခေါင်းထဲတွင် တစ်နေ့တစ်နေ့ “ငါ့သမီးကိုပညာရေးကောင်းကောင်းပေးချင်သည်။ အမေမရှိတဲ့သမီးမလို့မစောင့်ရှောက်နိုင်ဘူးဆိုတာ ကိုအဖြစ်မခံချင်” ဆိုတာပဲရှိသည်။
ဒီလိုနဲ့ ၁ နှစ်လောက်ကြာတော့ အကြွေးတွေကြေလုနီးပါးဖြစ်လာပြီ။ သူ့သမီးကိုလည်း ကျောင်းလခစျေးကြီးသော နိုင်ငံခြားကျောင်းတစ်ခုသို့ ပြောင်းလိုက်သည်။ သူ့သမီးလေး အင်္ဂလိပ်လို ပြောနေတာကိုမြင်ရလျှင် ဖိုးကုလားတစ်ယောက် ပြုံးပြုံးကြီး ကြည့်နေတတ်သည်။ ထိုအချိန်တွင် တစ်နေ့ထမင်းတစ်နပ်ပဲစားခဲ့ရတာတွေ ရုံးသွားလျှင် ဘတ်စကားခသက်သာအောင် နေပူထဲမှာ ၂ နာရီလောက် စက်ဘီးနင်းခဲ့ရတာတွေကို ဖိုးကုလားတစ်ယောက် မေ့သွားပါပြီလော။
သူဘယ်လောက်ပဲပင်ပန်းပင်ပန်း ညဘက်အိမ်ပြန်ရောက်လျှင် သူ့သမီးကိုအချိန်ပေးသည်။ ဘိုကျောင်းထားသော်လည်း မြန်မာစာပေနှင့်ဝေးမသွားစေရန် သူ့သမီးကို မြန်မာစာအုပ်များဖတ်ပြသည်။
နှစ်တွေကြာာလာသည်နှင့်အမျှ ဖိုးကုလား​၏ ရိုးသားကြိုးစားမှုကြောင့် အတော်အသင့်ချမ်းသာလာသည်။ သူကိုယ်တိုင်အပင်ပန်းခံထုဆစ်ထားသော သူ့ဖယောင်းရုပ်လေးလည်း တော်တော်လေးရုပ်လုံးပေါ်လာခဲ့ပြီ။
ဖိုးကုလားတစ်ယောက် ကွမ်းတွေတမြုံ့မြုံနဲ့ နေရာတိုင်းမှာ ဒါ ကျွန်တော့သမီးဗျဟု ပြုံးပြုံးကြီးကြွားသည်။
ဖိုးကုလားအမြဲပြောလေ့ရှိသည်။ “ကျွန်တော့သမီးအတွက်ဆို ကျွန်တော်က ပုဆိုးကို ၃ ပိုင်းပိုင်းပြီး အရှက်လုံအောင်ပဲ ဝတ်ရဝတ်ရ ဘာမှမဖြစ်ဘူး” တဲ့…
လူတွေကတော့အခုတော့ တစ်မျိုးပြောင်းဆိုကြပါသည်။ ဖိုးကုလားတို့များ ကံကောင်းလိုက်တာတဲ့။ ထိုအခါ လူ့ဂစွာ ဖိုးကုလားကတော့ “ကံဆိုတာ အလုပ်ပဲကွ” ဟု ခပ်ပြတ်ပြတ်ပြန်ပြောလေ့ရှိသည်။
ဖိုးကုလား​၏ မိန်းမလည်း ကောင်းကင်ကနေ သို့မဟုတ် တစ်နေရာရာကနေ ဖိုးကုလားတို့ သားအဖကိုကြည့်၍ “ငါ.. လူရွေးမမှားခဲ့ဖူး” ဟု သူ့အပေါင်းအသင်းများကို ပြောနေမည်လား ဘယ်သူမှ သိနိုင်မည်မဟုတ်ပေ။
အသက်ပေး၍ချစ်ခဲ့သည်…
လွန်ခဲ့သော ၂၅ နှစ်ခန့်က – နုပျိုမှုတွေ တသီတတန်းနဲ့ ဥစ္စာပေါရုပ်ချော အသက် ၂၈ နှစ်အရွယ် မိန်းကလေးတစ်ယောက်… သူမကို လိုချင်သူတွေများလှသည်။ သူမကို ပိုးပန်းတွေကလည်း ငွေကြေးကြွယ်ဝသူတွေ ရာထူးဂုဏ်အင်ပြည့်စုံသူတွေချည်းသာ။ သူမကတော့ ဘယ်လိုဘယ်လို မျက်စိလည်လမ်းမှားလည်းတော့မသိ မည်းမည်းပိန်ပိန် တစ်ရေလျှော်ရှပ်အင်္ကျီ ပုဆိုးနဲ့ ဘေးလွယ်အိတ်တစ်လုံးသာ လွယ်လေ့ရှိပြီး လူအများက “ကုလား” ဟု နာမည်ပြောင်ခေါ်ကြသော လူတစ်ယောက်နှင့် ချစ်ကြိုက်ကြလေသည်။ ထိုလူငယ်မှာ သူမထက် အသက် ၆ နှစ်ငယ်သည်။ ~~~~~~~~~~ ~~~~~~~~~~~~. ထုံးစံအတိုင်း ပတ်ဝန်းကျင်က စတင်ကဲ့ရဲ့ကြလေပြီ။ ထိုလူငယ်ကလည်း တစ်စက်လေးမှ အချိုးမပြေပါ။ အပေါင်းအသင်းနဲ့အရက်ကိုမူးပြဲနေအောင်သောက်သည်။ မဟာဗန္ဓုလလမ်းမှာ ဂျင်ဝိုင်းတွေ့လျှင် ပါသမျှ လွယ်အိတ် အင်္ကျီပါမကျန်. လောင်းကြေးထပ်သည်။ အောက်မှာ ဘယ်သူရောက်နေလို့နော် ဆိုပြီး သူမကို ရုံးအပေါ်ထပ်တွင် ထားကာ နောက်တစ်ယောက်နှင့် ဆင်းတွေ့လေ့ရှိသည်။ အငယ်ဆိုပြီး နွဲ့ဆိုးဆိုးသေးသည်။ ရည်းစားသက်တမ်း ၂ နှစ်လောက်အထိ ထိုလူငယ်​၏ အကျင့်စရိုက်များသည် ဒုံရင်းကဒုံရင်းပင်။ တစ်ရက် သူတို့ ၂ ယောက် ချိန်းတွေ့စဉ် လူငယ်တစ်ယောက် အရက်တွေမူးလာပြီး ခေါင်းတောင်မထောင်နိုင်တော့သဖြင့် သူမစိတ်ဆိုးပြီး ဆူးလေကားမှတ်တိုင်တွင် ပစ်ထားခဲ့ရသေးသည်။ ~~~~~~~~~~~~~~~~~~~~~~သူမ​၏ အမေလုပ်သူက လူငယ်ကိုမေးသည်။ “မင့်မိဘတေက ဘာလုပ်လဲ” လူငယ်က ပြောင်ချော်ချော်မျက်နှာဘေးနဲ့ “ကျွန်တော် ငယ်ငယ်က ရေခဲရေရောင်းပြီး ကျောင်းတက်ခဲ့တယ်။ အမေက ထောက်ကြံ့စျေးမှာ ပန်းရောင်းတယ်။ ကျွန်တော် ပန်းလည်း ကူရောင်းဖူးတယ်။ ဓနိတောမှာ အရက်လည်း ချက်ဖူးတယ်။ ကျွန်တော့အဖေကတော့ ထွေလာဂျီတို့ ကုန်ကားတို့ မောင်းတယ်ပေါ့ဗျာ။ လောလောဆယ်တော့ ကျွန်တော်က အစိုးရဝန်ထမ်းပေါက်စဖြစ်နေပြီဆိုတော့ ဘုန်းကြီးကျောင်းကနေ အဆောင်ပြောင်းနေနေတယ်ဗျ” ထိုသူကိူ သမီးရှင်ဘက်က သဘောမတူတာမထူးဆန်းချေ။~~~~~~~~~~.~~~~~~~~~~~~လက်ထပ်ပြီးစဉ်မှစ၍ အရက်/ ဆေးလိပ် လုံးဝ ပြတ်သွားသည်။ သို့သော် သူ့မိန်းမအပေါ်တော့ ဗိုလ်ကျမြဲ ဗိုလ်ကျဆဲ။ သူမကတော့ သည်းခံမြဲ သည်းခံဆဲ။ ၃ နှစ်အကြာ သမီးလေးတစ်ယောက်ရလာသည်။ ထိုလူငယ်က သူ့သမီးကိုတော့ တုန်နေအောင်ချစ်သည်။ ထိုလူငယ် သူ့သမီးကြောင့် ပိုက်ဆံစုတတ်ခဲ့လေပြီ။ ~~~~~~~~~. နောင် ၁ နှစ်ခွဲအကြာမှာ သူမဘဝ ကံဆိုးမိုးမှောင်ကျနေသည်။ သူမအိပ်ရာထဲကနေ ထလို့မရတော့။ သူမ​၏ ခါးအောက်ပိုင်းတစ်ခုလုံး ခံစားမှုမရှိတော့။ ရန်ကုန်တင်သာမက နိုင်ငံခြားအထိပါ ဆေးကုသော်လည်း ၄ နှစ်အကြာမှ ဂျိုင်းထောက်လေးကူပြီး လမ်းလျှောက်နိုင်ခဲ့သည်။ ဆရာဝန်ကလည်းပြောလိုက်ပြီ ပကတိပြန်ကောင်းဖို့ မျှော်လင့်ချက်မရှိတော့ဘူး။ ~~~~~~~~~~.~~~~~~~~~~~~သူမ သူ့ယောင်္ကျားကိုပြောသည်။ “မောင် နောက်မိန်းမယူချင်ရင်ယူ.. မ ကို နောက်ဆံမတင်းနဲ့နော်.. မောင်စိတ်ဆင်းရဲမှာကို မ မကြည့်ရက်ဘူး။ သမီးကိုလည်း စိတ်မပူနဲ့.. သူ့အဘွားတွေ သူ့အဒေါ်တွေ ဝိုင်းကြည့်ရင်း ဒီလိုပဲဖြစ်သွားမှာပါ။ မောင့်ကို ဘယ်သူမှ အပြစ်မတင်စေရဘူး။ မ က ကွာရှင်းချင်တာလို့ပဲ ပြောမှာ။” သူမရဲ့စကားများသည် စိတ်ဆိုးစိတ်ကောက်ခြင်းမဟုတ်၊ အရွဲ့တိုက်ပြောခြင်းလည်းမဟုတ်၊ သူချစ်တဲ့သူကို မဖြည့်ဆည်းပေးနိုင်မှာ သူမစိုးရိမ်သည်​။ ~~~~~~~~~~~~~~~~~~~~~~ကိုယ်အောက်ပိုင်းသေနေသော်လည်း ကာမကိစ္စမှ လွဲ၍ အချက်အပြုတ် အိမ်မှုကိစ္စမှ အစ ပိုက်ဆံရှာတဲ့အဆုံး အစစ အရာရာ တာဝန်ကျေသည်။ ဂျိုင်းထောက်ကြီးနဲ့ ရုံးတက်သည်။ ရုံးမှပြန်လာလျှင် ယောင်္ကျားအတွက် အစစအရာရာ တာဝန်ကျေသည်။ သို့သော် သူမသည် သူမသမီး​၏ဆန္ဒတစ်ခုကိုအမြဲငြင်းဆိုခဲ့သည်။ သူမသမီးကို ဘယ်တော့မှ ကျောင်းလိုက်မပို့ပါ။ သမီးလေးရှက်မှာစိုးလို့ဆိုသောအကြောင်းပြချက်တစ်ခုတည်းပင်။~~~~~~~~~~~~~~~~~~~~~~တစ်ခါတစ်လေ သူမတစ်ယောက်တည်း ထမင်းချက်ရင်း အဝတ်လျှော်ရင်း ငိုနေတတ်သည်။ တစ်ခါတစ်လေ သူမသမီးလေးကို သားချော့တေးဆိုသိပ်နေရင်း ငိုသံများ ပါလာတတ်သည်။ မျက်ရည်များ ကလေးမျက်နှာပေါ်သို့ ကျလာတတ်သည်။ သို့သော် သူမ ဘယ်တော့မှ မပြစ်မတင်ခဲ့ပါ။~~~ အချိန်တွေကြာလာသည်နှင့်အမျှ သူမရောဂါအခြေအနေမှာ ပိုဆိုးလာသည်။ သွေးလေမလျှောက်မှုကြောင့် ခြေဖနောင့်တွင် အနာစိမ်းများ ပေါက်လာသည်။ ဆရာဝန်က အညှော်တွေ မလုပ်ဖို့ ဟင်းတွေ မချက်ဖို့ အဝတ်တွေမလျှော်ဖို့ အတန်တန် သတိပေးသည်။ သို့သော် သူမ ပြောသည်က “ကျွန်မသမီးနဲ့ယောကျာ်းက ကျွန်မချက်တာမှကြိုက်တာ” သို့သော် သူမ​၏ရောဂါအခြေအနေကို မည်သူတစ်ဦးတစ်ယောက်မှမသိ။ သူမ​၏အမေကလည်း ပြောဆိုလာသည်။ “ညည်းယောကျ်ားမလည်း နည်းနည်းပါးပါးခိုင်းပါဦးအေ.. ဒီလောက် လင်ချစ်မ ငါတို့အမျိုးထဲ ကြုံကြုံဖူးပေါင်” သူမသည် အမြဲပြုံး၍ “နေပါစေအမေရယ် သူလည်း ရုံးမှာ ပင်ပန်းရှာတာ သမီးလုပ်နိုင်ပါတယ်။” ဟု ပြန်ပြောလေ့ရှိသည်။ သူမအမေကလည်း လင်နဲ့သမီးကို အသက်ပေးချစ်မယ့်မိန်းမဟု ပြန်ငေါ့လေ့ရှိသည်။ ~~~~~~~~~~~~~~~~~~~~~~သူမကတော့ ဝေဒနာကို အံတုပြီး ချက်သည် ပြုတ်သည် ရုံးသွားသည်။ သူမ​၏နောက်ဆုံးအချိန်သို့ရောက်နေသည်ကို သူမမသိခဲ့။ ရုတ်တရက် အပြင်းဖျားမှ အိမ်ကလူများလည်းသိတော့သည်။ အနာကိုအညှော်မိရာမှ ပိုးဝင်သွားပြီ ဟု ဆရာဝန်က ပြောသည်။ အိပ်ရာထဲတွင် ၁ လသာ နေသွားရတော့သည်။ နောက်ဆုံးအချိန်တွင် သူ့ယောကျာ်းကိုမှာသည်။ “နင် မိန်းမယူရင် ငါ့သမီးကို အမေတို့နဲ့ ထားခဲ့နော်” သို့သော် သူမ သမီးကိုတော့ ငါ့နားမလာနဲ့ဆိုပြီး လှည့်တောင်မကြည့်တော့” ~~~~~~~~~~. ~~~~~~~~ တကယ်ပင် အသက်ပေး၍ချစ်သွားရှာလေပြီ။သူမအပေါ် ဘယ်လောက်ပဲ ဗိုလ်ကျကျ ဆိုးဆိုး သူ့ယောကျ်ားကို အမြဲနားလည်ပြီး ခွင့်လွှတ်ပြီး ချစ်ခဲ့သည်။ ယခုအချိန်ထိ သူမယောကျာ်း သူမကို “ငါ့မိန်းမက ငါ့အပေါ်ဘယ်လိုကောင်းတာ” ဟုအစချီကာ တမ်းတဆဲ သတိရဆဲ။ ~~~~~~~~~ သူမသမီး​၏ ညအိပ်ရာဝင်ချိန်မှာ ကြားနေကြစကားတစ်ခွန်းက “သမီးအဖေက အမေ့အပေါ်မှာ အရမ်းကောင်းတာ” ~~~~~~~~~~.~~~~~~~~~~~~ထိုစဉ်က မျက်ရည်တွေကျပြီး အပြစ်မမြင်ရက်တဲ့ သူမစိတ်ကို ကလေးမလေးနားမလည်ခဲ့ပါ။ သူမသေဆုံးပြီး နှစ် ၁၄ နှစ်အကြာတွင် ထိုကလေးမလေးလည်း သဘောပေါက်ခဲ့လေပြီ… သူမပြောသည့် ချစ်ခြင်းမေတ္တာအကြောင်းကို ~~~~~~~~~~~~~~~~~~~~~~လူအများက desperate ဖြစ်လိုက်တာဟု မြင်နိုင်သည်။ ပြောလည်းပြောကြသည်။ သို့သော် ချစ်ခြင်းမေတ္တာသည်စျေးမပေါချေ။ တစ်သက်စာအမှတ်ရနေစေဖို့ လုံလောက်သည်။
Through Dark Days Past
This article is not research-based, only a part of my life may be a dark side of mine. It took much time to publish this article because I rarely share my personal things publicly. I tried to edit but decided to leave it raw, just in case someone like me read this article, I wish I could let him/her know “you are not alone.”
imposter syndrome: တစ်ချို့ကတော့ စိတ်သိမ်ငယ်မှုရောဂါလို့ ပြောကြပြီး တစ်ချို့ကလည်း အတုအယောင်ဖြစ်မှာစိုးရွံ့တဲ့ရောဂါလို့ ပြောကြပါတယ်။ နောက်ထပ်နောက်ထပ် ဖွင့်ဆိုထားတဲ့အဓိပ္ပါယ်တွေလည်းရှိပါတယ်။ ဒါပေမယ့် ကျွန်မကို ဒီ syndromeနဲ့ပတ်သတ်ပြီး ဘယ် definition ကို လက်ခံလဲမေးရင် တကယ်ကို သေချာမသိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မကိုယ်တိုင် ဒီ syndrome ကို ခံစားခဲ့ရလို့ပါပဲ။ ဒီစာကို ကျွန်မနဲ့လူချင်းသေချာသိတဲ့သူတွေ ဖတ်ရင် တစ်ချို့လည်း အံ့ဩကြပါလိမ့်မယ်။ တစ်ချို့လည်း ရယ်ချင်ကြပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွန်မကိုမြင်တဲ့ သူတို့ရဲ့ အမြင်နဲ့လွဲနေနိုင်လို့ပါ။
ကျွန်မမှာဒီ syndrome ဘယ်တုန်းတည်းက ရှိနေမှန်းသေချာမသိပါဘူး။ ဒါပေမယ့် ကိစ္စတစ်ခုကိုပြောပြရမယ်ဆိုရင် ၉ တန်းကျောင်းသူဘဝတုန်းက Asean Youth Leadership Program တစ်ခုဝင်ပြိုင်တယ်။ ကျောင်းကိုယ်စားပြုအဖြစ်ဝင်ပြိုင်ရင်းနောက်ဆုံးအဆင့် ရောက်သွားတယ်။ နှုတ်ဖြေဖြေ… ပြီးရင် result ထွက်ရင် ပြီးပြီ။ Leadership program ဆိုတော့ မေးနေကျမေးခွန်းတွေ မေးတာပေါ့။ motivation တို့ future plan တို့ ဘာတို့ပေါ့။ အဲ့မေးခွန်းတွေကို ဘာဖြေခဲ့လဲဆိုတာတွေတော့ သေချာ မမှတ်မိတော့ဘူး။ တစ်ခုပဲမှတ်မိတာက ဒိုင်တွေကို “I don’t deserve this scholar” လို့ပြောပြီး ထပြန်ခဲ့တာပဲ။
HaHa .. ရူးကြောင်ကြောင် နိုင်လိုက်တာလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဟုတ်တာပေါ့.. ကိုယ့်ဘာကိုယ်လည်း ရူးလိုက်တာလို့ ထင်တာပေါ့.. ဒါပေမယ့် အဲ့အချိန်တည်းစပြီး ခုထိ Leadership program လိုဟာတွေ မပြိုင်ဖြစ်တော့တာပဲ။ အဲ့ဒီတုန်းကတော့ imposter syndrome ရယ်လို့တော့ မသိဘူးပေါ့။ expectation အပြည့်နဲ့ ဆရာမတွေရော အိမ်ကလူတွေရောကိုကြည့်ပြီး guilty ဖြစ်ချက်ဆိုတာ.. ဒါပေမယ့် သူတို့ကိုတော့ ဒီတိုင်းပြုတ်သွားတယ်ပဲပြောလိုက်တာပါပဲ။
အဲ့နောက်ပိုင်းကစပြီး ကိုယ့်ဘာကိုယ် နည်းနည်းသတိထားမိလာတယ်။ တစ်ယောက်ယောက်က ချီးကျူလိုက်တာတို့ ကိစ္စတစ်ခုခု အဆင်ပြေပြေပြီးသွားတာတို့ဆို စိတ်ကအဆင်တွေပြေမနေဘူး… နောက် တက္ကသိုလ် စတုတ္ထနှစ်မှာထင်တယ်။ ပြိုင်ပွဲတစ်ခုအတွက် CV တင်ဖို့လုပ်တော့ ကိုယ့်ဘာကိုယ်တောင် မရေးနိုင်တော့ဘူး။ ရေးမယ်လုပ်လို့ ငိုချင်လာလိုက်.. ခေါင်းတစ်ခုလုံးပေါက်ထွက်တော့မယ့်အတိုင်းပဲ။ ဘာတွေတွေးလို့တွေးမိမှန်းတောင် မသိဘူး။ အဲ့ဒါနဲ့ အတူတူပြိုင်တဲ့သူငယ်ချင်းကို အဲ့လိုတွေဖြစ်နေတယ် ဆိုပြီး ပြောပြတော့ သူက “နင်ပါးစပ်ကပြော ငါ နင့်CV ရေးပေးမယ်တဲ့” နောက်တော့ အဲ့သူငယ်ချင်းက စာတစ်ခုလာ share ပေးတယ်။ Facebook က product manager ထင်တယ်။ သူရဲ့ imposter syndrome အကြောင်းရေးထားတာ။ အဲ့တော့မှပဲ ဒါဖြစ်နေတာပါလားလို့သတိထားမိတာ။ နောက်ပြီး အဲ့တော့မှ ငါရူးနေတာမဟုတ်ပါလားဆိုပြီး သက်ပြင်းချနိုင်တာ။
အဲ့ နောက်ပိုင်းကစပြီး ဒီ syndrome နဲ့ပတ်သတ်လို့ စာဖတ်ဖြစ်တယ်။ research တွေမှာကတော့ Basically လူတိုင်းနီးပါးမှာရှိတတ်ကြတယ်လို့ပြောတယ်။ နည်းနည်းရှိတာနဲ့ များများရှိတာနဲ့ပဲကွာတာ။ ဘာကြောင့်ဖြစ်လဲဆိုရင် တစ်ယောက်နဲ့တစ်ယောက်တော့ မတူဘူး။ ဒါပေမယ့် common reason တွေကတော့ childhood experience ပေါ်မှာမူတည်တာမျိုးရှိသလို နောက်ပိုင်း ကြီးလာတဲ့အခါမှာ ကိုယ့်ရဲ့ အလုပ်အကိုင် တို့ ဘာတို့ပေါ်မှာ မူတည်ပြီး ဒီ syndrome က ရှိလာနိုင်တယ်လို့လည်း ပြောတယ်။ ဥပမာ tech field က လူတွေမှာ ပိုအဖြစ်များပြီး အဲ့ထဲမှာမှ tech field ကမိန်းကလေးတွေမှာ ပိုဖြစ်တာမျိုး…
အဲ့ဒါဆို ဒီ syndrome ရဲ့ လက္ခဏာတွေက ဘာလဲလို့မေးရင် အပေါ်မှာပြောထားသလိုပဲတကယ်ကို တိတိကျကျ မဖြေတတ်ပါဘူး။ သူ့ရဲ့ feeling ကြီးက အရမ်းကို blended ဖြစ်တယ်ပဲပြောလို့ရတယ်။ ဒီsyndrome ကို သေချာခံစားဖူးမှပဲ နားလည်နိုင်မယ်ထင်ပါတယ်။ နည်းနည်းလေးခံစားရတဲ့အဆင့်ကနေ ပိုပိုဆိုးလာမယ်ဆိုရင်တော့ စိတ်ကျရောဂါထိဖြစ်လာနိုင်တယ်ပေါ့။ ဒီ syndrome က daily life မှာ ဘယ်လို impact ရှိလဲမေးရင်တော့ ဘာမှမဖြစ်တဲ့အချိန်ဆို ဘာမှမဖြစ်ဘူးလို့ပဲဖြေရမယ်ထင်ပါတယ်။ အဲ့ဒါအမှန်ပါပဲ။ ဘာလို့လဲဆိုတော့ ပုံမှန်ဆိုရင်တော့ အေးဆေးပါပဲ။ ဒါပေမယ့် ပုံမှန်မဟုတ်ရင်တော့ လုံးဝ အိပ်မရတာတို့ anxiety တို့ တခြားသော mental disorder တွေပါ ပါလာရောပေါ့။ အဲ့တော့ အကျိုးဆက်အနေနဲ့ relationship တွေမှာပါ အဆင်မပြေတော့ဘူး.. ဒါပါပဲ။
How to escape နည်းလမ်းတွေကတော့ ဒီလိုပဲ internet မှာလည်းတွေ့ဖူးတယ်။ ဒါပေမယ့် လူတစ်ယောက်နဲ့လူတစ်ယောက်ရဲ့ recovery process က မတူတော့ ဘယ်သူမှ တိတိကျကျမပြောနိုင်ပါဘူး။ ကျွန်မတုန်းက ဘာဖြစ်လို့ဖြစ်မှန်းမသိခင် အချိန်ကဆို တော်တော်ဒုက္ခရောက်ခဲ့တယ်ပဲပြောရမှာပေါ့.. “ငါပဲ ယဉ်ယဉ်လေးရူးနေတာလား” ဒီလိုပုံစံနဲ့ ငါအလုပ်တွေလုပ်ရင် အဆင်ပြေပါ့မလား။” အတွေးတွေဆိုတာ.. တွေးလေ ပိုဆိုးလေ.. ပိုဆိုးလာလေ ပိုတွေးလာလေ ဖြစ်ခဲ့စဉ်ကပေါ့…
ကျွန်မထင်တာကတော့ ဒီလို mental problem မျိုးတွေက physical problem တွေလို လုံးဝအရှင်းပျောက်ဖို့ ဖြစ်နိုင်ပါ့မလား မသိပါဘူး။ ပိုပြီးမဆိုးလာဖို့နဲ့ နည်းနည်းချင်းတည်ငြိမ်သွားအောင် လုပ်ဖို့ပဲဖြစ်နိုင်တယ်လို့ထင်ပါတယ်။ ဒါပေမယ့် ဘယ်ကိစ္စမဆို ကိုယ်တစ်ယောက်တည်းမှာမှ ဖြစ်တာမဟုတ်ဘူးလို့တွေးကြည့်လိုက်ရင်တော့ အနည်းနဲ့အများတော့ lonely ဖြစ်တော့မှာမဟုတ်ဘူးထင်ပါတယ်။
Tip: Everyone has played the fool once in life. xD