Stories by Khing Soe Aung on Medium
Social Media များခေတ်စားလာသည်နှင့်အတူသတင်းအချက်အလက်များစီးဆင်းပျံနှံ့မှုသည်လည်းအချိန်နှင့်တပြေးညီတစ်နိုင်ငံလုံးသို့ပျံနှံ့နိုင်သည့်အတွက် မကြာမီအချိန်ကာလအတွင်းမြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်တော့မည်ဖြစ်သောရွေးကောက်ပွဲတွင် လွှတ်တော်အမတ် ကိုယ်စားလှယ်လောင်းလျာများအနေဖြင့်မဲဆွယ်ခြင်းအတွက် Social Media အားအကျိုးရှိရှိအသုံးချ သင့်ပါသည် ။ နိုင်ငံတကာတွင်လည်းရွေးကောက်ပွဲနှင့် ပတ်သက်၍ Champing များ၊မဲဆွယ်ခြင်းများ၊ပါတီမူဝါဒဆိုင်ရာအချက်အလက်များကိုမျှဝေပေးခြင်းစသည်တို့အား Social Media ကိုအသုံးချ၍ဆောင်ရွက်ခြင်းကြောင့်အောင်မြင်ခဲ့သည့် သာဓကများလည်းရှိခဲ့သည် ။Social Media ကိုအသုံးပြုခြင်းကြောင့် ကုန်ကျစရိတ်များသက်သာခြင်း ၊ အချိန်တိုအတွင်းလူအများနှင့်ထိတွေ့နိုင်ခြင်း ၊ မိမိဆောင်ရွက်လျက်ရှိသော Activity များကိုလူအများကြားသို့ ထိထိရောက်ရောက်ဖြင့် ပျံ့နှံ့မှုရှိအောင် ဝေမျှအသိပေးနိုင်ခြင်းစသောအကျိုးကျေးဇူးများကိုရရှိစေနိုင်ပါတယ် ။ ၎င်းအပြင် ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ ပြည်ပတယ်လီဖုန်းအော်ပရေတာများဝန်ဆောင်မှုများစတင် ပြီးနောက် မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအသုံးပြုသူ ၂၉ သန်းကျော်နှင့် ဆင်းကဒ်ပေါင်းသန်း ၂၀ အထိရှိလာသည့်အတွက် အင်တာနက်အသုံးပြုသူအရေအတွက် ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် Social Media သည့် သာမာန်ရိုးကျ မဲဆွယ်သည့်နည်းလမ်းများကိုအသုံးပြုသည့် နည်းလမ်းများထက် လူထုနှင့်ပိုမိုထိတွေ့နိုင်ပေသည် ။
ယနေ့အချိန်တွင် Social Media ကို နိုင်ငံတကာနည်းတူအသုံးပြုလာလျှက်ရှိရာမကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် Social Media ကိုအသုံးပြုရာတွင် လိုက်နာသင့်သည့် ဆောင်ရန်၊ ရှောင်ရန်များကိုတင်ပြလိုက်ရပါသည်။
မဲဆွယ်ရာတွင် ဆောင်ရွက်သင့်သည့်အချက်များ
Profile ပုံရိပ် များအသုံးပြုခြင်း
Social Media ပေါ်တွင် Profile ပုံရိပ်သည့်အရေးကြီးသောအခန်းကဏ္ဍမှပါဝင်လျှက်ရှိပါသည်။ မိမိ၏အမည်အရင်း၊မိမိ၏ဓါတ်ပုံနှင့် ကိုယ်ရေးအချက်အလက်များကိုမှန်ကန်စွာဖြည့်သွင်းပြီးအသုံးပြုသင့်သည်။ ။ ထို့အပြင်သာမာန် Profile သာမကလူများများနှင့်ထိတွေနိုင်ရန်အတွက် Social Communication Page , Official Account များကိုပါ ဖွင့်လှစ်ပြီးအသုံးပြုသင့်ပါတယ် ။ ယခင်ကSocial Network Account များကိုအခြားနာမည်ဖြင့် ဖွင့်လှစ်အသုံးပြုထားသူများအနေဖြင့်လည်းမဲဆွယ်နေသည့်ကာလအတွင်းလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် မဲဆွယ်သည့်အမည်ကိုအသုံးပြု၍ Social Network Account များကိုထပ်မံဖွင့်လှစ်ကာအသုံးပြုသင့်ပြီးCover Photo နှင့် Profile Photo ကိုလည်းအရည်အသွေးကောင်းမွန်၍ ကြည်လင်ပြတ်သားသောဓါတ်ပုံများကိုအသုံးပြုကာဖန်တီးသင့်ပါသည်။
မိမိမဲဆန္ဒနယ်ရှိ ပြည်သူများ နှင့် မိမိအားအားပေးထောက်ခံသူများအား Social Media အားအသုံးပြု၍ ထိတွေ့ခြင်း။
Social Media ကိုအသုံးပြု၍မဲဆွယ်ရာတွင် အဓိကပြုလုပ်ရမည့်အကြောင်းအရာမှာမိမိကိုယ်စားပြုသည့် ပါတီဧ။် အကြောင်းအရာအကျဉ်းချုပ်(သို့မဟုတ်) မိမိရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ရသည့်ကြောင်းအရာများကိုသိသာထင်ရှားစွာဖြင့်ဖော်ပြထားရန်လိုအပ်ပြီးမိမိကိုယ်စားပြုသည့်ပါတီမှထုတ်ပြန်ထားသည့် အချက်အလက်များ ၊ မိမိနှင့်ပတ်သက်ဆက်နွယ်သည့် သတင်းများအကြောင်းအရာများရှင်းလင်းတင်ပြခြင်းများကို ပြုလုပ်ဆောင်ရွက်ထားရန်လိုအပ်ပါသည်။ ထို့အပြင် မိမိအသုံးပြုသည့် Social Media ပေါ်ရှိမိမိကိုအားပေးထောက်ခံသူများနှင့်လည်းထိတွေ့မှုများရှိရန်လိုအပ်ပြီးရင်းနှီးမှုရယူခြင်းသည်လည်းလိုအပ်ချက်တစ်ခုပင်ဖြစ်ပါသည်။ ဥပမာ။ ။ အားပေးထောက်ခံသူများကသိလို၍ မေးမြန်းလာသောမေးခွန်းများကိုဖြေဆိုခြင်း၊အကြံပြုချက်များကိုလက်ခံဖတ်ရှုခြင်းစသည်ဖြင့်တို့ ပြုလုပ်ကာရင်းနှီးကျွမ်းဝင်မှုကိုရယူသင့်သည်။ထို့အပြင် Social Media Channel များကိုအသုံးပြုရာတွင် မသမာသူများကအတုအယောင် Account များဖန်တီးကာသတင်းမှား ၊ အချက်အလက်မှားများကို ဖြန့်ဝေမှုပြုလုပ်တတ်သည့်အတွက် အထူးသတိထားစောင့်ကြည့်သင့်ပြီးပေါ်ထွက်လာပါကမိမိနှင့်လုံးဝသက်ဆိုင်ခြင်းမရှိကြောင်းကိုလည်းသက်ဆိုင်ရာ Social Media အပြင်၊ အခြားသောနေရာများမှလည်းအချိန်မဆိုင်းဘဲလူထုကိုအမြန်ဆုံးအသိပေးနိုင်ရမည်ဖြစ်သည်။
အသုံးချသင့်သည့် Social Media များ
ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်များအနေဖြင့် မဲဆွယ်ရာတွင်အသုံးပြုသင့်သည့် Social Mediaများမှာ..
(၁) Facebook
မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုသူအရေတွက် တိုးတက်လာသည်နှင့်အမျှ Social Media တစ်ခုဖြစ်သော Facebook အသုံးပြုမှုမှာကျေးလက်၊ တောရွာမကျန် ပျံ့နှံ့လာခြင်းကြောင့် အကောင်းဆုံး Social Media တစ်အခုအဖြစ်ရွေးချယ်အသုံးပြုသင့်ပါသည်။ထို့အပြင် Facebook သည်လူထုကိုအချိန်နဲ့တပြေးညီထိတွေ့နိုင်ပြီးသတင်းအချက်အလက်များမျှဝေမှုအတွက်အကောင်းဆုံးအထိရောက်ဆုံးလမ်းကြောင်းတစ်ခုအဖြစ် သတ်မှတ်ထားခြင်းခံရသည့်အပြင် အခြားသော Social Media များဖြင့် အဓိကချိတ်ဆက်အသုံးပြုနိုင်သည့်အတွက်ကြောင့် သတင်းအချက်အလက်များဝေမျှခြင်း၊ မဲဆွယ်ခြင်းများပြုလုပ်ရန်အတွက် အသင့်တော်ဆုံးဖြစ်ပါသည်။ ။ Facebook ဧ။်အားသာချက်တစ်ခုအဖြစ် Profile အဖြစ် တည်ဆောက်နိုင်သည့်အပြင် ကိုယ်ပိုင် စာမျက်နှာသစ်တစ်ခုကိုပါ တွဲဖက်တည်ဆောက်နိုင်သောကြောင့် ပျံ့နှံ့ထိရောက်မှုအရှိဆုံးလည်းဖြစ်သည်။
(၂) Youtube
ယခင်ကခေတ်စားခြင်းမရှိသော်လည်းတိုးတက်လာသောအင်တာနက်အသုံးပြုသူများကြားတွင် Youtubeသည်လည်းလက်ရှိလူသုံးများသော Social Media လမ်းကြောင်းတစ်ခုဖြစ်ပါသည်။ Youtubeတွင် Video ဖိုင်များကိုဖော်ပြပေးနိုင်သောကြောင့် မိမိမဲဆွယ်စည်းရုံးသည့် လှုပ်ရှားမှုများ ၊ ဟောပြောမှုများစသည့်လုပ်ငန်းဆောင်တာများကိုဖော်ပြရာတွင် အသုံးဝင်သည့် Medial Tool တစ်ခုအဖြစ် သတ်မှတ်နိုင်ပါသည်။
(၃) Social Chat App( Viber, Line ,WeChat, Beetalk )
၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းမှ စ၍ ပြည်ပအော်ပရေတာများဝန်ဆောင်မှုများစတင် ပြီးနောက် မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းအသုံးပြုသူ ၂၉ သန်းကျော်နှင့် ဆင်းကဒ်ပေါင်းသန်း ၂၀ အထိရှိလာသည့်အတွက် မိုဘိုင်းအသုံးပြုမှုသည်ဖွံဖြိုးတိုးတက်လာပြီးလူတိုင်းဖုန်းကိုင်နိုင်သည့်အနေအထားတွင် စမတ်ဖုန်းများကိုအသုံးပြုသည့်အရေအတွက်သည်လည်းတစ်နေ့ထက်တစ်နေ့ တိုးတက်များပြားလာလျှက်ရှိနေသည်။ ထို့ကြောင့် Social Media Chat App များဖြစ်သောViber Line WeChatBeetalkစသည့်ကုမ္မဏီများသည်လည်းမြန်မာပြည်တွင်းဈေးကွက်သို့အရှိန်အဟုန်ဖြင့် တိုးဝင်လာလျှက်ရှိကြသည်။ ထိုကဲ့သို့ဖွံဖြိုးတိုးတက်လာနေသောအနေအထားတွင်မိမိမဲဆန္ဒနယ်အတွင်းလူသုံးများသည့် Social Media App များကိုလေ့လာပြီးအသုံးချခြင်းသည်လည်းအရေးပါသောလုပ်ဆောင်ချက်တစ်ခုဖြစ်နိုင်ပါသည်။ Social Chat App များရဲ့သဘောတရားမှာ Facebook ထက် သတင်းအချက်အလက်စီးဆင်းမှု ပိုမိုမြန်ဆန်သည့်အတွက်ကြောင့် လက်မလွတ်တမ်းအသုံးပြုသင့်သည့် Social Media Tool တစ်ခုအဖြစ်ရွေးချယ်သင့်ပါသည်။
မဲဆွယ်ရာတွင် ရှောင်ကျဉ်ရမည့်အချက်များ
(၁) Social Media Channel များကိုအသုံးပြုရာတွင် ရိုင်းပြစွာပြောဆိုခြင်းများကိုအထူးသတိပြုရှောင် ကျဉ်သင့်ပါသည်။ကိုယ်စားလှယ်လောင်းအချင်းချင်းရိုင်းပြစွာပုတ်ခတ်ပြောဆိုခြင်းများသည်မိမိနှင့် မိမိကိုယ်စားပြုသောပါတီ၏ဂုဏ်သိက္ခာကိုကျဆင်းစေရာရောက်သည့်အတွက် အတတ်နိုင်ဆုံးရှောင်ကျဉ်ရပါမည် ။
(၂) Social Media အားအသုံးပြု၍ မဲဆွယ်စည်းရုံးမှုများပြုလုပ်ရာတွင် ရုပ်ဆိုးအကျဉ်းတန်စေသည့်ပုံရိပ်များလူအများကိုစိတ်အနှောက်အယှက်ဖြစ်စေနိုင်သည့် ပုံရိပ်များ၊အကြောင်းအရာများကိုအသုံးပြုခြင်းကြောင့်မိမိနှင့် မိမိကိုယ်စားပြုသောပါတီကိုအားပေးထောက်ခံသူများ၏ ယုံကြည်မှု၊လေးစားမှုများကိုလျော့ကျစေနိုင်သဖြင့်အသုံးပြုခြင်းမှ အတတ်နိုင်ဆုံးရှောင်ကျဉ်ရမည်ဖြစ်သည်။
(၃) မဲဆွယ်မှုများပြုလုပ်ရာတွင် အချက်အလက်မှားယွင်းခြင်း၊မခိုင်လုံသောအကြောင်းအရာများကိုတင်ပြခြင်း၊ဘာသာရေး၊လူမျိုးရေးအရထိခိုက်စေနိုင်သည့်အချက်အလက်တင်ပြခြင်းများကိုရွေးကောက်ခံမည့်လွှတ်တော်အမတ်တစ်ဦးအနေဖြင့် မပြုလုပ်သင့်ပေ။
Khaing Soe Aung
စက်တင်ဘာလ(၂၂) ၂၀၁၅ တွင် ထုတ်ဝေခဲ့သည့် The Trade Time ဂျာနယ်တွင်ဖော်ပြခံခဲ့ရသည့် ဆောင်ပါးအားပြန်လည်တင်ပြအပ်ပါသည် ။
အင်တာနက်ပေါ်က မြန်မာသတင်းအချက်အလက် သမိုင်း
ဒီပုံလေး 2016 ခုနှစ်က အင်တာနက်ပေါ်က တစ်မိနစ်တာ ဒေတာ ပါ အခု ဆိုရင်တော့ အနည်းဆုံး ၁၀% လောက်တိုးနိုင်ချေရှိလာတာပေါ့ မြန်မာနိုင်ငံအတွက်ဆို ၂၀၁၆ ကနေ အခုထိဆို အနည်းဆုံး ၃၀% လောက်အထိ တိုးတက်လာနိုင်တယ် Hootsuite Data အပေါ်အခြေခံပြီးပြောရမယ်ဆိုရင်……
သေသေချာချာ စဉ်းစားကြည့်ရင်
၂၀၁၆ ခုနှစ်ကတည်းက အင်တာနက်ပေါ်မှာ မြန်မာဘာသာစကားနဲ့ပတ်သက်ပြီး ဒေတာတွေ တော်တော်များများက အချက်အလက်အမှားတွေ သတင်းအမှား တွေ မှားယွင်းတဲ့မှတ်တမ်းတွေ သမိုင်းတွေသာ နေ့စဉ် တင်နေတယ်ဆိုရင် အခု ၂၀၁၉ ရဲ့ အင်တာနက်ပေါ်က မြန်မာဘာသာစကားတွေရဲ့ ရလဒ်တွေဟာ ဘာများဖြစ်နိုင်မလည်း အကိုးအကား ပြုစရာအချက်အလက်တွေ ကမှားယွင်းနေရင် ဘာများဖြစ်နိုင်မလည်း……. တွေးကြည့်ရင် ကိုယ်တွေရဲ့ အနာဂတ်မျိုးဆက်တွေရဲ့ ဘဝက အင်မတန်မှသနားစရာ ကောင်းနေပြီ………………
ဒီပုံလေးက 2016 ခုနှစ်က အင်တာနက်ပေါ်က တစ်မိနစ်တာ ဒေတာ ပါ အခု ဆိုရင်တော့ အနည်းဆုံး ၁၀% လောက်တိုးနိုင်ချေရှိလာတာပေါ့ မြန်မာနိုင်ငံအတွက်ဆို ၂၀၁၆ ကနေ အခုထိဆို အနည်းဆုံး ၃၀% လောက်အထိ တိုးတက်လာနိုင်တယ် Hootsuite Data အပေါ်အခြေခံပြီးပြောရမယ်ဆိုရင်……
သေသေချာချာ စဉ်းစားကြည့်ရင်
၂၀၁၆ ခုနှစ်ကတည်းက အင်တာနက်ပေါ်မှာ မြန်မာဘာသာစကားနဲ့ပတ်သက်ပြီး ဒေတာတွေ တော်တော်များများက အချက်အလက်အမှားတွေ သတင်းအမှား တွေ မှားယွင်းတဲ့မှတ်တမ်းတွေ သမိုင်းတွေသာ နေ့စဉ် တင်နေတယ်ဆိုရင် အခု ၂၀၁၉ ရဲ့ အင်တာနက်ပေါ်က မြန်မာဘာသာစကားတွေရဲ့ ရလဒ်တွေဟာ ဘာများဖြစ်နိုင်မလည်း အကိုးအကား ပြုစရာအချက်အလက်တွေ ကမှားယွင်းနေရင် ဘာများဖြစ်နိုင်မလည်း……. တွေးကြည့်ရင် ကိုယ်တွေရဲ့ အနာဂတ်မျိုးဆက်တွေရဲ့ ဘဝက အင်မတန်မှသနားစရာ ကောင်းနေပြီ………………
Every minute in the Internet 2016
Digital Data Improvement
Social Media Mangement ဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ Hootsuite ကနေ နှစ်တိုင်းပုံမှန် ထွက်လေ့ရှိတဲ့ Digital 2019 report မှာ မြန်မာနိုင်ငံအတွက်အချက်အလက်တွေတော့ဖော်ပြလာပါပြီး။ဒီဒေတာထဲမှာပါဝင်တဲ့အချက်အလက်တွေဟာ ရာနှုန်းပြည့်မှန်ကန်မှုမရှိပေမယ့် လက်ရှိမှာအနီးစပ်ဆုံးအသုံးပြုနိုင်တဲ့ Data Report တစ်ခုအဖြစ် ပြည်တွင်းမှာရှိတဲ့ အင်တာနက်လေ့လာသူတော်တော်များရဲ့လက်စွဲ အဖြစ် အကိုးအကားအဖြစ်အသုံးပြုနေရတဲ့ report တစ်ခုဖြစ်ပါတယ် ။
Overview
ဒီနှစ်report ကိုလေ့လာကြည့်ရသလောက် ပျှမ်းမျှ Digital Literacy တိုးတက်မှုနှုန်း ဟာ ၃% ရှိပြီး တစ်နိုင်ငံအတိုင်းအတာအနေနဲ့ အင်တာနက်အသုံးပြုမှု ၊ မိုဘိုင်းဖုန်းအသုံးပြုမှု ၊ Social Media အသုံးပြုမှုမှာ ၃% လောက်စီပုံမှန်းတိုးတက်ခဲ့ပါတယ် ။ တိုးတက်လာတဲ့လူဦးရေအပေါ်မူတည်၍ ၂၀၁၈ ကနေ ၂၀၁၉ အတွင်းမှာ ဖွံဖြိုးတိုးတက်မှုနှုန်းဟာ ၃% ရှိတာဖြစ်တဲ့အတွက် ၂၀၁၇ -၂၀၁၈ ခုနှစ်ကြားကွာခြားမှုနဲ့ နှုှိုင်းယှဉ်မယ် ဆိုရင်တော့ နည်းပါးတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီတစ်ခေါက် report မှာ တွေ့ရတာလေးတစ်ခုက Digital Literacy နှုန်းဟာ ၁၅% နှုန်းကျော်ကျသွားပြီး အမျိုးသမီးတွေရဲ့ Digital Literacy ဟာ တော့ ၁၉ ရာခိုင်နှုန်း ကျသွားတာပါပဲ ။
Internet Usage
ဒီတစ်ခေါက် report မှာအင်တာနက်နဲ့ပတ်သက်ပြီးထူးထူးခြားခြားတိုးတက်လာတာက အင်တာနက် speed ဖြစ်ပြီး ၂၀၁၈ခုနှစ်ကထက် ၆၀% ကျော် တိုးတက်လာတာဖြစ်တဲ့အတွက် နိုင်ငံတကာနဲ့ အင်တာနက်အသုံးပြုမှုမှာ ယှဉ်ပြိုင်နိုင်စွမ်းများပေါ်ပေါက်လာခဲ့ပါတယ်။ ဒါပေမယ့် စဉ်းစားစရာတစ်ခုရှိတာက ၂၀၁၈ ခုနှစ်အတွင်းမှာBroad Band အင်တာနက် စနစ်ကိုစတင်ပြီးမိတ်ဆက် လာခဲ့ကြပေမယ့် အင်တာနက်အသုံးပြုမှုက ၅% ပဲတိုးတက်လာခဲ့ပါတယ်။
ပြည်တွင်းကနေ ကြည့်ရှုကြတဲ့ website စာရင်းမှာ Channel Myanmar နဲ့ Myanmar Load ကတော့ပုံမှန်နေရာမှာပဲ ဆက်လက်တည်ရှိနေပြီး Irrawaddy သတင်းဌာနရဲ့ website ကတော့ အဆင့်ငါးဆင့်အထိ တိုးတက်လာခဲ့ပါတယ်။ Alibabaကနေဝယ်ယူလိုက်တဲ့ shop.com လည်း ပြည်တွင်းရှိ လူကြည့်အများဆုံးဆိုဒ် ၂၀ စာရင်းတွင်ပါဝင်လာပြီး Gcmovies ဆိုဒ်ဟာလည်းလူကြည့်အများဆုံးစာရင်းမှာ ထပ်မံနေရာယူလျက်ရှိပါတယ်။
Social Media Usage
ဒီနှစ်report ရဲ့ Social Media အပိုင်းမှာ လေ့လာသူတွေအတွက် ထူးခြားတဲ့ Social Media Behaviour တွေ ပါဝင်လာပြီးကြော်ငြာအသုံးပြုမှု တိုးလာသည့်အတွက် ကြော်ငြာလိုသူတွေအတွက်အရေးပါတဲ့အချက်အလက်တွေပါဝင်လာပါတယ်။ social Media အသုံးပြုမှု အသက်အသွယ်မှာ အသက် ၁၈ နှစ်ကနေ ၃၄ ဟာ အသုံးများဆုံး ဖြစ်ပြီး ၃၅ နှစ်ကနေ ၄၄ နှစ်ကတော့ဒုတိယအနေနဲ့လိုက်ပါတယ်။ SocialMedia ပိုင်းနဲ့ပတ်သက်လို့ကတော့ ၂၀၁၈ နှစ်မှာ ကြီးမားတဲ့အပြောင်းအလဲ သိပ်မရှိပါဘူး။
E-commerce
E-commerce အနေနဲ့ ကြည့်ရင်တော့ Credit Card အသုံးပြုမှုဟာ တိုးတက်လာတွေ့ရပါတယ် နောက်ပြီး အွန်လိုင်း Shopping ထွက်တာတွေ Online Payment လုပ်တာတွေ ဟာ ၂၀၁၈ ခုနှစ်မှာတိုးတက်လာတာတွေ့ရပါတယ် international Debit Card တွေ အသုံးပြုမှုတိုးတက်လာခြင်းနဲ့အတူ အွန်လိုင်းမှတစ်ဆင့်ပေးချမှုပြုလုပ်ခြင်းတွေဟာ ၃%ကျော်အထိတိုးတက်လာတွေ့ရပါတယ်။
Digital Data in Myanmar 2019 ရဲ့အချက်အလက်အပြည့်အစုံကိုအောက်ပါလင့်မှာ ရယူနိုင်ပါတယ်
http://bit.ly/2TIdb9x
အရင် နှစ်က Digital Data Review 2018 ကို အောက်ကပေးထားတဲ့လင်မှာဖတ်နိုင်ပြီး ၂၀၁၇ ခုနှစ်ရဲ့ အချက်အလက်တွေကို ကြည့်ရှုနိုင်မယ့်လင့်ကို ထည့်ပေးထားပါတယ်။
(http://bit.ly/2UQWwkj ) Digital Data in Myanmar 2018
(http://bit.ly/2GCBHVH) Digital Data in Myanmar 2017
(ကျွန်တော့်ရဲ့ကိုယ်ပိုင်သုံးသပ်ချက်ဖြစ်တဲ့အတွက်လိုအပ်ချက်များရှိရင် ညွန်ပြပေးနိုင်ပါတယ်ခင်ဗျာ)
ယနေ့ခေတ်ကာလမှာ Digital Advertising ဟာ ခေတ်စားလာတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာ ရှေးကျတဲ့နည်းလမ်းတွေကိုအသုံးမပြုတော့ပဲ နည်းလမ်း အသစ်တွေကို အသုံးချပြီး စျေးကွက်ထိုးဖောက်လာကြပါတယ် ။ အဲ့ဒီအထဲကမှ လူအသုံးများဆုံးပြီးဖြစ်ပြီး စျေးနှုန်းသက်သက်သာနဲ့ ROI ဖြစ်တဲ့ ကြော်ငြာ တဲ့လမ်းကြောင်းတစ်ခုဖြစ်တဲ့Digital Advertising ပဲဖြစ်ပါတယ် ။ မြန်မာနိုင်ငံမှာ ယခင်ကနည်းလမ်းအဟောင်းတွေဖြစ်တဲ့ ကြော်ငြာအမျိုးမျိုးကိုအသုံးပြုခဲ့ပေမယ့် ၂၀၁၃ ခုနှစ် နောက်ပိုင်းမှစတင်၍ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံတကာကုမ္ပဏီများ၏ ကြော်ငြာမှု ပုံစုံအမျိုးမျိုးတို့သည့်အထူးပင် ပျံနှံလာခဲ့ပြီး Digital Advertising သည့် ကုမ္ပဏီများအနေဖြင့်အများဆုံးအသုံးပြုသည့် Tool တစ်ခုအဖြစ် လူသိများလာခဲ့သည့်။
Digital Advertising များကိုအသုံးပြုရာတွင်အခြေခံအားဖြင့်
(၁) Fcaebook Advertising
(၂) Google Advertising
(၃) Unity Games Advertising နှင့်
(၄) Intersetion and Banner Advertising
စသည်ဖြင့် မြန်မာနိုင်ငံတွင် အဆိုပါနည်းလမ်းများကိုအသုံးပြု၍ ကြော်ငြာများထည့်သွင်းလေ့ရှိကြသည့် ။
၂၀၁၃ ခုနှစ်အစောပိုင်းမှစတင်၍ Faecbook ပေါ်တွင် Boost လုပ်ခြင်း Sponored ထိုးခြင်းများပြုလုပ်ခဲ့သော်လည်း ၂၀၁၆ နှစ်ဦးပိုင်းတွင်၍ မြန်မာနိုင်ငံတွင် Goolge Adwords ကိုအသုံးပြု၍ ကြော်ငြာခြင်းများကိုပြုလုပ်လာခဲ့ကြပါတယ် ။ Google တွင် ကြော်ငြာခြင်းနှင့် Facebook တွင် ကြော်ငြာခြင်းများ ကို နိုင်ငံတကာမှဝင်ရောက်လာသည့်ကုမ္ပဏီများအနေဖြင့်အဓိကအသုံးပြုကြပြီး ပြည်တွင်းရှိကုမ္ပဏီများအနေနှင့်မူ Facebook Adverting ကိုသာအဓိကထား၍အသုံးပြု လေ့ရှိကြသည့်။
Facebook Advertising
Facebook Advertising သည် မြန်မာနိုင်ငံအတွင်အသုံးအများဆုံးသော ကြော်ငြာ နည်းလမ်းတစ်ခုဖြစ်ပြီး ပြည်တွင်းရှိ ကုပ္ပဏီကြီးများနှင့် အသေးစားအလတ်စားလုပ်ငန်းများတွင် မှာပါ တွင်တွင် ကျယ်ကျယ်အသုံးပြုလာသည့် ကြော်ငြာ နည်းလမ်းတစ်ခုဖြစ်ပါတယ်သည်။ ထို့အပြင် Facebook ကြော်ငြာနည်းလမ်းကိုအသုံးပြုရာတွင် လွယ်ကူ ခြင်းနှင့် ကြော်ငြာ ထိရောက်မှု ရှိခြင်းကြောင့် ယနေ့အချိန်အတွင်အသုံးအများဆုံးသော ကြော်ငြာနည်းလမ်းတစ်ခုအဖြစ်အသုံးပြုလျက်ရှိကြသည့် ။ Facebook Advertising နည်းလမ်းတွင် အခြေခံအားဖြင့် ခေါင်းစဉ် သုံးခုခွဲခြားနိုင်ပြီး အဆိုပါ ခေါင်းစဉ် သုံးခုအောက်တွင် အသုံးပြုနိုင်သည့် Ads အမျိုအစားပေါင်း (၁၁) ခုရှိပါတယ်။ Facebook Advertising ၏ အဓိက နည်းလမ်းများမှာ
(၁) Page Like အရေအတွက်များလာအောင်အသုံးပြုနည်း (Awareness)
(၂) Facebook Post များ Video များ Photo များ အား လူအများမြင်စေရန် နှင့် Application များအား အသုံးပြုရန်အတွက် လှုံဆော်ခြင်း များပြုလုပ်ခြင်း (Consideration)
(၃) မိမိ Facebook Page ၏ Customer များနှင့် ချိတ်ဆက်ခြင်း ၊ စျေးရောင်းခြင်း ၊ကုန်ပစ္စည်းပြသခြင်း များပြုလုပ်ခြင်း (Conversion) တို့ဖြစ်ကြပါတယ်။
မြန်မာနိုင်ငံရှိ ကုမ္ပဏီများအနေဖြင့်အသုံးများသည့် Advertisement အမျိုးအစားများမှာ Engagement boosting နှင့် Page boosting အမျိုးအစားကို အသုံးများကြပါတယ်။ Facebook Advertising ကို အဓိကအားဖြင့် ဖောက်သည်များအကြား ထိတွေ့ဆက်ဆံမှု ကိုရယူရန်အတွက်ခြေခံ၍အသုံးပြု ကြပါတယ် ။ Facebook Advertising နှင့်ပတ်သက်၍ သိရှိလိုပါက –
. https://www.facebook.com/business/products/ads တွင် အသေးစိတ်သွားရောက်လေ့လာနိုင်ပါတယ်။
Google Advertising
Google Advertising တွင် အခြေခံအားဖြင့်
(၁) Google Search Network,
(၂) the Google Display Network, နှင့်
(၃) the YouTube Network.
စသည်ဖြင့် အခြေခံအားဖြင့် ခွဲခြားနိုင်ပြီး ပုံစံကွဲ ကြော်ငြာနည်းများမှာ(၁၀)မျိုးခန့်ရှိပြီးအချို့အချို့သော ကြော်ငြာအမျိုးအစားများကို မြန်မာနိုင်ငံတွင်အသုံးမပြုနိုင်ပေ။ မြန်မာနိုင်ငံတွင်အဓိကအသုံးပြုကြသည့် အမျိုးအစားမှာ Google Display Network အမျိုးအစား နှင့် Youtube Display Netowrk အမျိုးအစားများကိုအသုံးပြုကြပြီး အဓိကအားဖြင့် သတင်းအချက်အလက်များကို တိုက်ရိုက်မြင်တွေအောင်လုပ် ဆောင်လေ့ရှိသည့်။Search Network Advertising တွင် Google တွင် ရှာဖွေသမျှ အချက်အလက်များပေါ်တွင်အခြေခံ၍ မိမိရွေးချယ်ထားသည့် Keywords နှင့်ကိုက်ညီမှုရှိပါက ဖော်ပြပေးသည့် Ads အမျိုးအစားဖြစ်ပြီး Google Display Network တွင်မူ စာသားများ Weblink များနှင့် Designe Photo များကို Google ဝန်ဆောင်မှုများကိုအခမဲ့ရယူသုံးစွဲသူများ၏ ဝန်ဆောင်မှုစာမျက်နှာပုံစံအမျိုးမျိုးပေါ်တွင် ဖော်ပြသည်။
Youtue Networkတွင် အထက်တွင်ဖော်ပြပေးခဲ့သည့်Google Display Network နှင့် Search Network များတွင် ဖော်ပြခဲ့သည့် ကြော်ငြာပုံစံများအပြင် Youtbue တွင် ကြည့်ရှု သည့် ဗီဒီယိုများ၏ကြားထဲတွင်လည်းဖော်ပြပေးသည့်ကြော်ငြာပုံစံများလည်း ပြုလုပ်နိုင်ပါသည်။
Google Advertising သည်မကြာသေးမီကာလအတွင်း၌ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ စတင်အသုံးပြုလာသည့် ကြော်ငြာသည့်နည်းလမ်းတစ်ခုဖြစ်ပါသည်။ နိုင်ငံတကာတွင် Google Advertising ကို တွင်တွင်ကျယ်ကျယ်အသုံးပြု ကြသော်လည်းမြန်မာနိုင်ငံတွင်မူ ၂၀၁၅ ခုနှစ် အစောပိုင်းမှ စတင် ၍ အသုံးပြုလာကြသည်။ Google Advertising တွင် ပထမဦးဆုံးကြော်ငြာထည့်သွင်းခဲ့သည့်မြန်မာကုမ္ပဏီမှာ Inforythm Maze Company ဖြစ်ပြီး Gmail တွင် Display Ads အဖြစ် စတင်အသုံးပြုခဲ့ပါသည်။
Google Advertising နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက https://www.google.com/ads/ တွင် သွားရောက်လေ့လာနိုင်ပါတယ်။
Unity Ads Advertising
Unity Advertising သည် Mobile Application ပေါ်တွင်အခြေခံသည့်ကြော်ငြာနည်းလမ်းတစ်ခုဖြစ်ပြီး Unity Game Engine ကိုအသုံးပြုထားသည့် မည့်သည့်ဂိမ်းတွင်မဆို ကြော်ငြာ များဖော်ပြပေးပါသည်။ ပြည်တွင်းရှိ တဟုတ်ထိုးတိုးတက်နေသော စမတ်ဖုန်းအသုံးပြုသူများ အတွက် Target ထားကြော်ငြာနိုင်သည့်နည်းလမ်းတစ်ခုဖြစ်သောကြောင့် ပြည်တွင်းရှိ Mobile Apps များအား လူအများစိတ်ဝင်စားသိရှိအောင် လုပ်ဆောင်ရာတွင် ကောင်းဆုံးသော ကြော်ငြာနည်းလမ်းတစ်ခုဖြစ်သောကြောင့် ပြည်တွင်းရှိ Mobile App ကုမ္ပဏီများအကြားတွင် အသုံးပြုလာကြသည့် ကြော်ငြာ နည်းလမ်းတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံမှ Unity Ads တွင် အများဆုံးထည့်သွင်းသည့် Mobile Application မှာOne Kyat Application ဖြစ်ပါတယ်။
Unity Advertising နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက(https://unity3d.com/unity/features/ads ) တွင်ကြည့်ရှုနိုင်ပါတယ်။
Intersection and Banner Advertising
Intersection and Banner Advertising မှာ မကြာသေးမီကာလအတွင်း၌ မြန်မာနိုင်ငံတွင် ခေတ်စားလာသောကြော်ငြာ နည်းလမ်းတစ်ခုဖြစ်သည်။ ပြည်တွင်း၌ အောင်မြင်ကြော်ကြားသော သတင်းအချက်အလက် ဝက်ဆိုဒ်များတွင် ကြော်ငြာ လိုသူများအတွက် ဖန်တီးပေးထားသော နည်းလမ်း တစ်ခုဖြစ်ပြီး နိုင်ငံတကာတွင်လည်း အသုံးများသည့်ကြော်ငြာနည်းလမ်းတစ်ခုဖြစ်ပြီး ပြည်တွင်း၌လည်း ကြော်ငြာလိုသူများအနေဖြင့် အသုံးပြုလာကြသည်။