Stories by Phyo Thi Ha on Medium
“ငါ့နာမည် ဂုဏ်သရေရှိ”
ငါ့နာမည် ဂုဏ်သရေရှိ
ဒီအချိန်ကစ
ဒီနေရာကစ
အခုကစပြီးသကာလ
ငါ့နာမည်“ဂုဏ်သရေရှိ”ဖြစ်တယ်
ငါ့နာမည်“ဂုဏ်သေရရှိ”
ဘဝအဆက်ဆက်က ငါ့နာမည်တွေ
လက်ထိုးအန်ပစ်ရမယ်
ငါ့နာမည်”ဂုဏ်သရေရှိ”
အခုလို
ငါ့နာမည်ကို
”ဂုဏ်သရေရှိ”လို့ ခေါ်ဆိုရမည့်အကြောင်း
ငါ့အပေါင်း ငါ့အသင်းတွေကို ပြောတော့
ဒင်းတို့က သဘောမတူကြသလို
ငါက ချစ်သလောက်
ငါ့ကို ပြန်မချစ်နိုင်တဲ့
ငါ့ချစ်သူကလည်း ငါ့ကိုမကြည်ဘူး
ထား
ခုကြည့်
ငါ့အမေကလည်း တငိုငိုတယိုယို။
နာမည်ဆိုတာ တည်ဆောင်ယူရတယ်
နာမည်မရှိရင် ဘာမှမရှိ
နာမည်ရှိမှ
လူတစ်လုံးသူတစ်လုံးဖြစ်သော
လူတစ်လုံးသူတစ်လုံးများကြား
နာမည်မရှိရင် သေနိုင်တယ်။
ဘယ်လိုလုပ်မလဲ
လွယ်ပါတယ်
နာမည်ဆိုတာ
မြို့တွေထဲမှာရှာကြည့်
“မက္ဒရစ်”တဲ့
နာမည်ဆိုတာ
မြစ်တွေထဲမှာရှာကြည့်
”ဗော်လဂါ”တဲ့။
နာမည်ဆိုတာ
တောင်တန်းတွေထဲမှာရှာကြည့်
“ကီလီမန်ဂျာရိုး”တဲ့။
နာမည်ဆိုတာ
လမ်းတွေထဲမှာရှာကြည့်
”ရှောင်ဆေလီဆေး”တဲ့။
နာမည်ဆိုတာ
“ငါ့ကိုမြန်မြန်နမ်းပါ”ဆိုတဲ့
ပန်းကလေးတွေမှာတောင် ရှိနေတာပဲ။
အားလုံး
နာမည်ကိုယ်စီကိုယ်ငနဲ့လှလို့
နာမည်ဆိုတာ
လှဖို့လည်းလိုအပ်တယ်
ငါ့နာမည်”ဂုဏ်သေရရှိ”လို
လှဖို့လည်းအပ်တယ်။
ငါ့ဉာဏ်နဲ့ လက်လှမ်းမီသ၍
လှတဲ့နာမည်တွေ ငါချရေးလိုက်တယ်။
ဖော်ဝေး
မြေချစ်သူ
မောင်ချောနွယ်
အလန်ဂျင်းစဘတ်
ဆီလ်ဗီရာပလပ်သ်
ရာရောဆလတ်ဆိုက်ဖပ်
မီရောဆလတ်ဟိုးလုပ်
ဝေါလေ့စတီဗင်
ဗာစကိုပိုပါ
အက်ဇင်ဘာဂျာ
စသဖြင့်
နာမည်တွေ…
လှတယ်။
နာမည်ဆိုတာ
လှဖို့လည်းလိုအပ်တယ်
ငါ့နာမည်”ဂုဏ်သေရရှိ”လို
လှဖို့လည်းလိုအပ်တယ်။
ရောမဆိုထင်ရဲ့
အဲဒီအရပ်သားတွေကတောင်
ငါ့နာမည်”ဂုဏ်သရေရှိ”အမည်နဲ့
အယ်ပါယာအသစ်ထူထောင်ချင်ကြောင်း
ငါ့ထံမှာ ခွင့်ပန်ဖူးတယ်
ယုံပါလေ။
အခု
ဒီကမ္ဘာကြီးမွာ
နာမည်တွေကို မြို့တည်ကြတယ်
နာမည်တွေကို စီးကရက်လုပ်ကြတယ်
နာမည်တွေကို အရက်လုပ်ကြတယ်
နာမည်တွေကို အမြည်းလုပ်ကြတယ်
နာမည်တွေကို အလေးပြုကြတယ်
နာမည်တွေကို လက်ဆွဲနှုတ်ဆက်ကြတယ်
ပြီး၊ နာမည်တွေနဲ့ စစ်ဖြစ်ကြတယ်
နာမည်ဆိုတာ
နာမည်တစ်လုံးပါပဲ
နာမည်ဆိုတာ
ငါ့နာမည်”ဂုဏ်သေရရှိ”လို
နာမည်တစ်လုံးပါပဲ။
ငါ့နာမည်”ဂုဏ်သေရရှိ”ဆိုတာ
ဘယ်တော့မှ ကောင်းကင်ကို မော်မကြည့်
ကမ္ဘာမြေကိုလည်း ငုံ့မကြည့်
အရှိကိုအရှိအတိုင်း
အရှိတရားကိုပဲ အသိမှတ်ပြုတယ်
အမှန်တရားကိုပဲ ဦးညွတ်တယ်
အထက်ပါ”ငါ့နာမည် ဂုဏ်သရေရှိ”ဟာ
လူအဖြစ်ကို ရရှိခြင်း
လူအဖြစ်ကို မရရှိခြင်းကြားမှာ
မျှတစွာ ကျင့်ကြံနေထိုင်တတ်သူလည်းဖြစ်တယ်။
စစ်ပွဲများ
တရားဒေသနာများ
အလိုဆန္ဒများ
ခြင်များ
ကြွက်များ
တစ်ယောက်ကိုတစ်ယောက်
အလိုမရှိဘဲ ဖယ်လှဲတကင်းဖြစ်ရခြင်းများ
နာမည်ဆိုတာ
နို့ဆာလို့ အော်ငိုလိုက်သလို
ဒီအသက်ဒီအရွယ်ကျမှ
ကလေးဆန်လို့လည်း မရတော့။
မြို့မငြိမ်းဟာ
မြို့မငြိမ်းပဲ
ကတ်ကိုဘိန်းဟာ
ကတ်ကိုဘိန်းပဲ
မာယာကော့(ဖ)စကီးဟာ
မာယာကော့(ဖ)စကီးပဲ
ငါ့နာမည်”ဂုဏ်သေရရှိ”ဟာ
ငါ့နာမည်”ဂုဏ်သေရရှိ”ပဲ။
ဒီလို စိတ်ကြီးဝင်
အခုလို ကြီးကျယ်မြင့်မြတ်ပြီး၊
ရင်းရင်းနှီးနှီး
ငယ်ပေါင်းကြီးဖော်တွေလို
ဘုရားသခင်ကို
လက်ဆွဲနှုတ်ဆက်ဖူးသလား။
ငါ့နာမည်”ဂုဏ်သေရရှိ”ပါ။
သွေးနဲ့
သားနဲ့
အသက်နဲ့
အရွယ်နဲ့
အကျိုးနဲ့
အကြောင်းနဲ့
အမှန်နဲ့
အမှားနဲ့
ဒါပေမယ့်
ခုလို
တညည်းညည်းတညူညူဖြစ်လို့
ဒါပေမယ့်
အခုလို
ငါ့နာမည်”ဂုဏ်သရေရှိ” ဖြစ်ကြောင်း ဖွင့်ဆိုလို့
အဲဒီလို
အထက်ပါ ”ငါ့နာမည် ဂုဏ်သရေရှိ”ဟာ
လက်မ ထိပ်အပ်စိုက်၍
မိုက်မိုက်မဲမဲ သူရဲကောင်းမျိုးဖြစ်ခဲ့ဖူးပါပြီ
ထို့နောက်
မထင်မရှား
ပြက်ရယ်ပြုခံခဲ့ဖူးပါပြီ
ထို့နောက်
ငါ့နာမည်ဟာ ဂုဏ်သရေရှိခဲ့ဖူးပါပြီ။
သူငယ်ချင်းတို့။
#ကြည်ဇော်အေး
(ဟန်သစ်မဂ္ဂဇင်း၊၂၀၀၄)
“နှစ်ငါးဆယ်”
ဘွဲ့ရအလုပ်လက်မဲ့ လူငယ်တစ်ယောက်ရဲ့
ခန္ခာကိုယ်ပေါ် လောင်ကျွမ်းခဲ့တဲ့မီးတစ်စဟာ
အာရပ်ကမ်ဘာကို ကူးစက်လို့
အာရပ်နွေဦးဟာ နိုးထခဲ့
ငါငေးမောခဲ့။
ငါတို့ဘ၀ ငါတို့ကမ္ဘာ
ယောက်ယက်ခတ်မောပန်းဆဲ။
ငါဟာ
အနာဂတ်ကို အမှိုက်ပုံထဲမှာ
တူးဆွရှာဖွေနေတဲ့ သူတောင်းစား။
ငါဟာ
အမြန်ရထားကြီးပေါ်က လွင့်ကျလာတဲ့
ရေသန့်ဗူးခွံတွေ လိုက်ကောက်နေရတဲ့ ကလေးငယ်။
ငါဟာ
ဒုက္ခသည်စခန်းထဲက
ခြေတစ်ဖက်ပြတ် တိုင်းရင်းသား။
ငါဟာ
ဒဏ်ရာရနေတဲ့ဆေးရုံ။
ငါဟာ
ထမီသခိုး။
ငါဟာ
ယောင်ခြောက်ဆယ်ပညာတတ်။
ငါဟာ
လောက်တဖွားဖွားကျနေတဲ့
အကျင့်ပျက်ဝန်ထမ်းတစ်ယောက်ရဲ့
ခန္ဓာကိုယ်ပေါ်က လောက်တစ်ကောင်။
ငါဟာ
ကလေးစစ်သား။
ငါဟာ
အရက်သမား။
ဟေ့
မိုဟာမက် ဘိုအာဇီဇီ
ထရီပိုလီကျဆုံးခန်းကို မြင်သွားခဲ့ရဲ့လား။
ဟေ့
ပရိုတက်စတာတို့
ဝေါစထရိကို သိမ်းပိုက်နိုင်ခဲ့ကြရဲ့လား။
ဘုရား ဘုရား
ကျောထောက်နောက်ခံအပြည့်အဝနဲ့
ဟူစနီမူဘာရကျပါလား။
ဘုရား ဘုရား
ကမ္ဘာပေါ်မှာ
စိတ်ကျရောဂါသည် သန်းတရာကျော် ဆိုပါလား။
ဘုရားဖူးထွက်ရုံနဲ့
တရားထူး မရခဲ့ကြသူတွေလို
ရွေးကောက်ပွဲတွေနဲ့ လွှတ်တော်အဆောက်အအုံတွေကြား
မျက်စိလည်လမ်းမှားခဲ့ကြပေါ့။
လိုက်နာရန်သာတာဝန်ရှိပြီး
ငြင်းခုန်ဖို့မဖြစ်နိုင်တော့တဲ့ ဥပဒေတစ်ရပ်ကို
လက္မွတ္ထိုးခဲ့ြကေပါ့။
လက်မှတ်ထိုးခဲ့ကြပေါ့။
ငရုပ်ကောင်းရည်တွေနဲ့ပက်ဖြန်းခံရတဲ့
မျက်ရည်ယိုဗုံးတွေကြားက ထွက်ပြေးခဲ့ရတဲ့
ကျောင်းသားလေးတစ်ယောက်ရဲ့
ကျွတ်ကျန်ရစ်ခဲ့တဲ့ဖိနပ်တစ်ဖက်လို
ငါဟာ မျက်စိသူငယ် နားသူငယ်။
အရက်ဖြူဆိုင်ထဲက
ကြက်ခြေထောက်ရိုးတစ်ချောင်း လမ်းပေါ်ကျလာသလို
မျှော်လင့်ချက်တစ်ခု ငါ့ရှေ့ကျလာတော့
ခွေးဝဲစားတစ်ကောင်လို
ငါဝမ်းသာခဲ့မိပေါ့။
ရယ်ရတယ်
ဘာလို့ ရယ်ရသလဲဆိုတော့
‘စက်ပျက်နေတဲ့ အီရန်ငါးဖမ်းသင်္ဘောကို
အမေရိကန်ရေတပ်က ပြင်ပေးလိုက်ရခြင်း’ ဆိုလို့
ရယ်ရတယ်။
ငါ့ပေါင်မုန့်ကို လုယူသွားကြသူတွေဆီက
ငါပြန်တောင်းစားနေရ။
အသားတိုးမွေးမြူရေးကြက်လို
ငါ ဖွံ့ဖြိုးတိုးတက်နေရ။
‘ပစ်ရှာမည့် ဝရဇိန်ငယ်
ပန်းထိမ်မှာ ပြင်တုန်းထင့်လေး’ ဆိုတဲ့
ဦးပုညရဲ့ သကြားလိမ်တေးထပ်
ငါ အမှတ်ရမိပေါ့။
ငါ လမ်းကြိုလမ်းကြားတွေထဲ လျှောက်သွား သွားတယ်
သတင်းတွေလျှောက်ဖတ်တယ်
ဘန်ကောက်ဟာ
လက်ပစ်ကူးနေတယ်
ဒမတ်စကတ်ဟာ
ပြားချပ်နေတယ်
ပြုံယမ်းဟာ
ရူးသွပ်နေတယ်
ဝါရှင်တန်က
ရန်ကုန်ကို နားစွင့်နေတယ်။
ရန်ကုန်ဟာ
နောက်ပြန်မလှည့်တော့ဘူးလို့
နောက်ပြန်လှည့်ကြည့်ပြီး ပြောရဲ့။
ကြယ်ငါးပွင့် ဟိုတယ်ကြီးထဲက
ဖောက်စထရော့ တေးသွားသံတွေကြားမှာ
အနမ်းတွေ ပျံသန်းနေကြရဲ့။
ကွန်တိန်နာကြီးတွေနဲ့အပြည့်
ကတိကဝတ်တွေ ရောင်းဝယ်ဖောက်ကားကြရဲ့။
အို မဏိမေခလာ
သံသယပင်လယ်ပြင်မှာ
ငါခြေကုန်လက်ပမ်းကျနေပါပြီ။
မြွေပွေးတစ်ကောင်လို
မိခင်ဗိုက်ကိုဖောက်ထွက်မွေးဖွားခဲ့တဲ့ ပြည်တွင်းစစ်
ငါ့ကိုအဆိပ်တက်လို့။
‘ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိ’ တဲ့
ဟုတ်ကဲ့
ဥပဒေရဲ့အောက်မှာလည်း ဘယ်သူမှမရှိခဲ့တဲ့ နှစ်တွေပေါ့။
အော်
‘ငါတို့ဗမာပြည်ဝယ် မိဘတိုင်းကကွယ်’
သတိရှိရမယ်
ဘယ်လိုသတိရှိရမလဲဆိုတော့
သတိရှိရမယ်
လူငယ်တစ်ယောက်ကို
အညွန့်တုံးစေနိုင်သော အရာများ
များစွာ
ထိုများစွာများထဲမှ
မူးယစ်ဆေးဝါး
HIV နဲ့
အတုအယောင်ဒီမိုကရေစီ။
ဤတွင်
နှစ်ငါးဆယ် ကဗျူဗေဒ
နိဌိတ္တံ။
#ကြည်ဇော်အေး
“တော်လှန်ရေးသမားတစ်ယောက်ရဲ့အတ္ထုပတ္တိ”
အသက်၂၉နှစ်မှာတောခိုတယ်
အိန္ဒိယတိုက်ကြီးကို
အတ္တဝါဒကနေ
အနတ္တဝါဒအထိတော်လှန်ပစ်တယ်
ဝါဆိုလပြည့်နေ့မှာ
ကြေငြာချက်ထုတ်ခဲ့တယ်။
#ကြည်ဇော်အေး
#ငါ့နာမည်ဂုဏ်သရေရှိ
#နှစ်ငါးဆယ်
#တော်လှန်ရေးသမားတစ်ယောက်ရဲ့အတ္ထုပတ္တိ
ကောင်းဆိုးလောကဓံ
ကြံ့ကြံ့ခံလျက်
အားမာန်အပြည့်
သတိမကွာ
ပညာမျှော်မြင်
အလုပ်ဝင်
အလှဆင်ကြ တို့ဘဝ။
Ashin Nandamalabhivamsa
( 5 ) Hatred is never appeased by hatred in this world. By non-hatred alone is hatred apeased. This is a Law Eternal. #Dhammapada #Buddha
( 4 ) He abused me, he struck me, he overpowered me, he robbed me. Those who do not barbour such thoughts still their hatred. #Dhammapada #Buddha
( 3 ) He abused me, he struck me, he overpowered me, he robbed me. Those who harbour such thoughts do not still their hatred. #Dhammapada #Buddha
( 2 ) Mind precedes all mental states. Mind is their chief; they are all mind-wrought. If with a pure mind a person speaks or acts, happiness follows him like his never-departing shadow. #Dhammapada #Buddha
( 1 ) Mind precedes all mental states. Mind is their chief; they are all mind-wrought. If with an impure mind a person speaks or acts, suffering follows him like the wheel that follows the foot of the ox. #Dhammapada #Buddha
“A Practical Guide to Right Living” #Dhammapada #Buddha