Stories by The Movement on Medium
The Movement အဖွဲ့အစည်းအနေနဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့ ကနေ သြဂုတ်လ (၉) ရက်နေ့ အထိ TMI Live: Guiding Education Reform In Myanmar စကားဝိုင်းအစီအစဉ်လေးကို Online ကနေတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီထဲကမှ သြဂုတ်လ(၉)ရက်နေ့မှာ ကျင်းပပြုလုပ်သွားတဲ့” TMI Live Panel 4 : Guiding Education Reform in Myanmar: Policy and Philosophy[Main Event] မြန်မာ့ပညာရေးဆိုင်ရာမူဝါဒနဲ့ ပညာရေးဒဿနများ ပြုပြင်ပြောင်းလဲရေးအတွက် လမ်းညွှန်ခြင်း”တွင်
အနာဂတ်ပညာရေးစနစ်၌ ယခုလက်ရှိပညာရေးစနစ်၏ လစ်ဟာနေသော အခန်းကဏ္ဍများကို ပြည်နယ်နှင့်ဒေသအလျောက် ဖြည့်ဆည်းပေါင်းထည့်ပေးရန်နှင့် ထိုအနာဂတ်ပညာရေးစနစ်မှ လူငယ်လူရွယ်များအတွက် မိမိတို့ပတ်ဝန်းကျင် အသိုက်အဝန်းကို ပြန်လည်အကျိုးပြုနိုင်ပြီး တန်းတူညီမျှဖြစ်သော၊အားလုံးလွှမ်းခြုံ ပညာရေးစနစ်ဖြစ်လာရေးကို မျှော်မှနိးဦးတည်ထားသည့် စသည့်အကြောင်းအရာများနှင့် ပက်သက်ပြီးကောက်နုတ်ဖော်ပြ တင်ဆက်ပေးခြင်းဖြစ်ပါသည်။
အနာဂတ်ပညာရေးအပေါ်စိတ်ကူးယဉ်ကြည့်ခြင်း
ဆရာစောကပီး၏ဆွေးနွေးချက်
အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ မတူညီတဲ့ လူမျိုးတွေ တစ်ဦးနဲ့တစ်ဦး နှစ်ပရိစ္ဆေဒကြာမြင့်စွာ နားလည်မှုတွေ ကွဲပြားခဲ့တာတွေ အားလုံးကိုလည်း ဒီ healing process နဲ့ အပြန်အလှန် ကိုယ့်ယဥ်ကျေးမှု သူ့ယဥ်ကျေးမှု၊ ကိုယ့်အကြောင်း သူ့အကြောင်း၊ ကိုယ့်သမိုင်း သူ့သမိုင်း အပြန်အလှန် လေ့လာခြင်းအားဖြင့် ပြန်ပြီးတော့ ဒီ healing process ကို လုပ်လို့ရတယ်လို့ ထင်ပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ်မှာ တည်ဆောက်မယ့် ဒီပညာရေးရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ထည့်သွင်းစဥ်းစားဖို့ လိုတယ်။
ပညာရေးမှာ တတ်နိုင်သမျှ ဘောင်တွေ အကန့်အသတ်တွေမထားဖို့ကို အားပေးချင်တယ်။ ဘာသာစကားအရ၊ နိုင်ငံရေး အယူဝါဒအရဆိုတာတွေ မရှိဖို့နဲ့၊ မရှိတဲ့ အခါမှာ လုံးဝမရှိရဘူး ဆိုတာထက် inclusive ​ဖြစ်တဲ့ စုံစုံလင်လင် အကျိုးအကြောင်း အကုန်လုံးကို သင်ပေးနိုင်ဖို့ အားပေးတယ်ဆိုရင် ပိုပြီးတော့မှ ကျယ်ပြန့်ပြီး လွတ်လွတ်လပ်လပ်စဥ်းစားတွေးခေါ်နိုင်တဲ့ ပညာရေးမျိုးကို ထွန်းကားအောင် တွန်းပို့ရာရောက်ပါတယ်။
နိုင်ငံတကာနဲ့ပါ ရင်ဘောင်တန်းနိုင်မယ့်ပညာရေးတွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်တဲ့ပညာရေးစနစ်မျိုးကိုလည်း မူဝါဒချမှတ်တဲ့သူတွေက စဥ်းစားဖို့ သင့်တယ်လို့ ထင်တယ်။ လွတ်လပ်နိုင်သမျှ လွတ်လပ်အောင် ကျယ်ကျယ်ပြန့်ပြန့် စဥ်းစားနိုင်တဲ့ liberal arts ပညာရေးမျိုးကိုလည်း သေချာ စဥ်းစားပြီးတော့မှ အကောင်အထည်ဖော်ဖို့ အကြံပြုချင်ပါတယ်။
ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအ​ခြခံဥပဒေမှာ ကတည်းကိုက ပညာရေးဆိုင်ရာအခွင့်အရေးတွေ လွတ်လွတ်လပ်လပ် လုပ်နိုင်အောင်ထည့်သွင်း စဥ်းစားဖို့ လိုတယ်။ ကြားကာလပညာရေးကိုပေးနေတဲ့အဖွဲ့အစည်းတွေကလည်း လိုအပ်တဲ့ education data တွေကို ပြုစုထားပြီးတော့၊ နောင်တစ်ချိန် ဒီပညာရေးတွေကိုလည်း ပြန်ပြီးတော့ အသိအမှတ်ပြုနိုင်ဖို့လိုတယ်။
ပညာရေးကို ပြန်ပြီးတော့ ပြုပြင်ပြောင်းလဲရေး (reform) လုပ်တဲ့အခါကျရင် တိုင်းရင်းသား လူမျိုးစုဒေသတွေမှာ သူ့နည်းသူ့ဟန်နဲ့ လုပ်နေတဲ့ ပညာရေးစနစ်တွေကိုလည်း ထည့်သွင်း စဥ်းစားရမယ်။ ကြားကာလပညာရေး အစီအစဥ်တွေနဲ့အတူ ethnic education system တွေနဲ့ တစ်နေ့နေ့ တချိန်ချိန်ကျရင် ပြန်ပြီးတော့ ပေါင်းစုံစေတဲ့ convergence စနစ်တစ်ခု လိုမယ်လို့ထင်ပါတယ်။
အနာဂတ်ပြည်ထောင်စုမှာဆိုရင် ပညာရေးစနစ်သည် ပညာရေးစနစ်တွေ စုပေါင်းထားတဲ့ a system of many systems ဖြစ်ဖို့လည်းလိုတယ်။ common standards တွေ သတ်မှတ်ပြီးတော့ ပညာရေးစနစ်တစ်ခုနဲ့တစ်ခုကြား၊ ဒေသဆိုင်ရာ စနစ်တစ်ခုနဲ့တစ်ခုအကြား အပြန်အလှန် အသိအမှတ်ပြုပြီး တန်းညှိပေးနိုင်မယ့် အရည်အသွေး စံချိန်စံနှုန်းတွေ ထားရမယ်။
university autonomy တွေပေးတဲ့ အခါကျရင်လည်း comprehensive education reform ကိုစဥ်းစားဖို့ လိုတယ်။ ပညာရေးကို decentralized လုပ်တဲ့အခါ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါမှာ ဟိုတစ်ပိုင်း ဒီတစ်ပိုင်း piece means မဟုတ်ဘဲနဲ့ စနစ်ကြီးတစ်ခုလုံးကို ပြုပြင် ပြောင်းလဲဖို့အတွက်ဆိုရင် အလုံးစုံ inclusive education reform ကို စဥ်းစားဖို့ လိုမယ်လို့ ယူဆမိပါတယ်။
ဒေါက်တာသိန်းလွင်၏ဆွေးနွေးချက်
ပညာရေးကို ဘယ်လို အယူအဆနဲ့ ချဥ်းကပ်မလဲ ဆိုတာကို ပညာရေးလုပ်တဲ့သူတွေ ထည့်သွင်း စဥ်းစားဖို့ လိုပါတယ်။ နောက်ထပ် ချဥ်းကပ်မှုအသစ်က ပညာရေးကို ချဥ်းကပ်ရင် လူသားဖွံ့ဖြိုးရေးအမြင်နဲ့ချဥ်းကပ်ဖို့ ဆိုတဲ့ အယူအဆက ကျွန်တော့်မှာ ရှိတယ်။ ​​ဥရောပသမဂ္ဂဖွဲ့စည်းပြီးတဲ့အခါကျတော့ ပညာရေးဆိုင်ရာအစီရင်ခံစာ Delors Report မှာပါရှိတယ်။ နောင်တစ်ချိန် ပညာရေးမူဝါဒ ရေးဆွဲတဲ့အခါ ပညာရေးနဲ့သက်ဆိုင်တဲ့ အားလုံးပါဝင်တဲ့ လူမျိုးတွေပါဝင်တဲ့ ဒေသအသီးသီး ပါဝင်တဲ့ ဆွေးနွေးမှုတွေကနေလုပ်တဲ့ ပညာရေးမူဝါဒမျိုး ဖြစ်သင့်ပါတယ်။
နောင်လာမယ့်ပညာရေးစနစ်သစ်က ထူထောင်ပြီးသား ပညာရေးစနစ်တွေ၊ ကျောင်းတွေ၊ ဆရာဆရာမတွေကို အသိအမှတ်ပြုဖို့ လိုတယ်။ ပြည်မမှာလည်း သူ့ဒေသဆိုင်ရာ ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် လွတ်လပ်ခွင့်ရှိဖို့ လိုအပ်တယ်။ ဒီပညာရေးမူဝါဒမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ အသိအမှတ်ပြုလိုက်ဖို့ လိုတယ်။ သက်ဆိုင်ရာ လူမျိုးအလိုက် ဒေသအလိုက် ရေးဆွဲတဲ့ သင်ရိုးညွှန်းတမ်းတွေ အသိအမှတ်ပြုလိုက်ဖို့ လိုတယ်။ ကလေးတွေ ပညာသင်ယူမှု လွယ်ကူအောင်လို့ သူနားလည်တဲ့ ဘာသာစကားကို ကျောင်းသုံးဘာသာစကားနဲ့ အသုံးပြုခွင့်ရှိဖို့၊ အစိုးရတွေက ဒါတွေ အကောင်အထည်ဖော်တဲ့ နေရာမှာ ပံ့ပိုးကူညီဖို့ ဆိုတဲ့ အဲ့လိုစနစ်မျိုး ဖြစ်စေချင်တယ်။
ဆရာတစ်ယောက်ရဲ့ တာဝန်က အဓိကနှစ်ချက် ရှိပါမယ်။ တစ်ချက်က ကျောင်းသားတွေ လေ့လာသင်ယူမယ့်ဘာသာရပ်တွေကို ကျွမ်းကျွမ်းကျင်ကျင် လေ့လာသင်ယူ တတ်မြောက်သွားဖို့အတွက် တာဝန်ရှိသလို တစ်ဖက်က ကျောင်းသားတွေကို လူမှုရေးတာဝန်သိစိတ်၊ ပတ်ဝန်းကျင်ကို အကျိုးပေးချင်တဲ့ စိတ်တွေ ရှိလာအောင် လုပ်ပေးဖို့ လိုပါတယ်။
ဒေါက်တာမာ၏ဆွေးနွေးချက်
နိုင်ငံတကာကိုလည်း လေ့လာရမယ်၊ မြန်မာနိုင်ငံထဲမှာလည်း ဟိုးအရင်ကတည်းက ရှိရှိနေတဲ့ ကောင်းတဲ့ဟာတွေကိုလည်း ပြန်ဖော်ထုတ်ပြီးတော့ ဒါတွေကို ထည့်သွင်း စဥ်းစားဖို့လိုတယ်။ တိုင်းရင်းသားတွေရဲ့ လူမှုဘဝအခြေအနေတွေ၊ ဘာသာရပ်တွေ၊ အတွေ့အကြုံတွေကို သင်ကြားဖို့ထဲမှာ အများကြီးထည့်ဖို့ လိုတယ်။ ကိုယ့်နိုင်ငံမှာရှိတဲ့ social history တွေ သမိုင်းတွေ အတွေ့အကြုံတွေ၊ ကိုယ့်ရဲ့ root ကို ပြန်ရှာဖို့ အတွက်လည်း ထည့်သင့်တယ်လို့ ထင်တယ်။
ဆရာဆရာမတွေ အကုန်လုံးကလည်း နေရာတိုင်းမှာ သိစရာမလို၊ မသိတဲ့အတွက်ကိုလည်း လက်ခံနိုင်ရမှာဖြစ်တယ်။
ဒေါက်တာထွန်းမြင့်၏ဆွေးနွေးချက်
တက်လာတဲ့ အစိုးရတွေနဲ့ ဘတ်ဂျက်ကိုညှိပြီးတော့ အဆ ၂၀၊ ၃၀၊ ၅၀ လောက်ထိ မြင့်အောင် မြှင့်တင်ရလိမ့်မယ်။ လွတ်လွတ်လပ်လပ်သင်နိုင်တဲ့ ဆရာတွေရှိတယ်။ creative ဖြစ်တဲ့ ဆရာကြီးတွေ၊ ဆရာဆရာမတွေ ရှိတယ်။ သူတို့တွေရဲ့ အားတွေကို မြှင့်တင်ပေးတဲ့ ပြည်သူလူထုနဲ့ အစိုးရရှိတယ်ဆိုရင် အဲ့စနစ်က အောင်မြင်မှာ သေချာပါတယ်။ ပြည်သူလူထုရဲ့ လူမျိုးရေးစိတ်ဓာတ် ပြောင်းလဲရေး အရေးကြီးတယ်။ တပ်မတော်ရဲ့ပညာရေးကို ပြောင်းပြန်လှန်ပစ်ရမယ်။ ဖျက်ကို ဖျက်ပစ်ရမယ်။ တပ်မတော်သားကို recruitment လုပ်တဲ့ requirement တွေကို ဖျက်ရမယ်။ တက်လာတဲ့အစိုးရက တက်တက်ကြွကြွနဲ့ ကုန်ကျစရိတ် (cost) တွေအားလုံးကို စီမံခန့်ခွဲပြီးတော့၊ လွတ်လွတ်လပ်လပ် ရှိတဲ့ စနစ်ကြီး ထူထောင်တယ်ဆိုရင် ပြောစရာမလိုတော့ပါဘူး။
ယခုတင်ဆက်သွားတဲ့အကြောင်းအရာ ကတော့ TMI Live Guiding Education Reform in Myanmar ရဲ့ Panel 4 အစီအစဉ်လေးရဲ့ နောက်ဆုံးပိုင်း တတိယအပိုင်းလေးပဲ ဖြစ်ပါတယ်။
စကားဝိုင်းအစီအစဉ်လေးမှာ ပါဝင်ဆွေးနွေးပေးသွားတဲ့ ပညာရှင်အားလုံးရဲ့ ဆွေးနွေးချက်အကြောင်းအရာအားလုံးကို ပိုမိုလေ့လာသိရှိရန်အတွက်လည်း TMI Review: Archives from the Live — Guiding Education Reform in Myanmar Digital Booklet လေးကို ယခုလာမယ့် ဖေဖော်ဝါရီလ ၅ ရက်နေ့လေးမှာ ထုတ်ဝေပေးသွားမှာဖြစ်ပါတယ်။
စောင့်မျှော်ကြည့်ရှူပေးကြဖို့ကိုလည်း တိုက်တွန်းလိုက်ရပါတယ်။
မြန်မာကျောင်းသားများကြား အတွေးအခေါ်ပိုင်းဆိုင်ရာနှင့် အတတ်ပညာပိုင်းဆိုင်ရာများ အသီးသီးနိမ့်ဆင်းသွားရသည့်အကြောင်းအရင်းခံ
The Movement အဖွဲ့အစည်းအနေနဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့ ကနေ သြဂုတ်လ (၉) ရက်နေ့ အထိ TMI Live: Guiding Education Reform In Myanmar စကားဝိုင်းအစီအစဉ်လေးကို Online ကနေတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီထဲကမှ သြဂုတ်လ(၉)ရက်နေ့မှာ ကျင်းပပြုလုပ်သွားတဲ့” TMI Live Panel 4 : Guiding Education Reform in Myanmar: Policy and Philosophy[Main Event] မြန်မာ့ပညာရေးဆိုင်ရာမူဝါဒနဲ့ ပညာရေးဒဿနများ ပြုပြင်ပြောင်းလဲရေးအတွက် လမ်းညွှန်ခြင်း”တွင် မြန်မာနိုင်ငံတွင် ပညာရေးကဏ္ဍ၌ နှစ်ကာလကြာရှည်စွာ နောက်ကျကျန်ခဲ့ရသော အဓိကအကြောင်းအရင်းခံများနှင့်ပက်သက်ပြီး ထိုပညာရေးကဏ္ဍ၏လူငယ်လူရွယ်များ ကိုယ်တိုင်လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့်များ၊ သိသင့်တတ်မြောက်အပ်သော အတတ်ပညာများ သင်ယူနိုင်သော အခွင့်အရေးများဆုံးရှုံးခဲ့ရပုံ၊ စသည့်အကြောင်းအရာများနှင့် ပက်သက်ပြီးကောက်နုတ်ဖော်ပြ တင်ဆက်ပေးခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံမှာ သိမှုအတွေးအခေါ်ပိုင်းဆိုင်ရာနှင့် တတ်မှုအတတ်ပညာပိုင်းဆိုင်ရာများ အသီးသီးနိမ့်ဆင်းသွားရသည့်အကြောင်းအရင်းခံ
ဆရာစောကပီး၏ဆွေးနွေးချက်
အသိပညာကိုလက်ဆင့်ကမ်းပေးတဲ့ ပညာရေး အစိတ်အပိုင်းတစ်ခုတည်းနဲ့ဆိုရင် လုံလောက်မှုမရှိပါဘူး။ အဲ့လောက်မှာပဲ ရပ်တန့်လိုက်တယ်ဆိုရင် အန္တရာယ်ကြီးတယ်။ ဆရာကသင်ပေးလိုက်တာကို ကျောင်းသားတွေက ကျိုးကြောင်းဆီလျှော်မှုရှိရှိနဲ့ ထပ်ပြီး ဝေဖန်ပိုင်းခြားသုံးသပ်နိုင်အောင် တွေးနိုင်တဲ့ပညာရေးကို ပြုစုပျိုးထောင်မပေးလိုက်ဘူးဆိုရင် ပြဿနာရှိတယ်။ အရင်စနစ်တွေထဲမှာ အဲ့ဒီအားနည်းချက်ကို တွေ့ရတယ်။
အစိုးရတွေကနေပဲ ပညာရေးကို ဦးဆောင်ဦးရွက်မှုပေးပြီးတော့ ချုပ်ကိုင်လာတဲ့အခါမှာ အစိုးရရဲ့ဝါဒဖြန့်ချီရေး စက်ယန္တရား machine တစ်ခုလို သွတ်သွင်းတဲ့ အစီအစဉ်မျိုးသုံးခဲ့တာကို တွေ့ရတယ်။
တိုင်းပြည်မှာ more liberal education ဆိုတဲ့ ပိုပြီးတော့ လွတ်လွတ်လပ်လပ် တွေးတောကြံဆနိုင်တာကို အားပေးတဲ့ပညာရေးမျိုးကိုပဲ ထွန်းကားစေချင်ပါတယ်။ နေရာဒေသအလိုက်ပေါ်မှာ မူတည်ပြီးတော့ ပညာရေးမှာ မညီမျှတဲ့ပညာရေးအကျိုးခံစားခွင့်တွေရှိတယ်ဆိုတာ တွေ့ရှိရတယ်။ နိုင်ငံတော်က သူစဥ်စားတဲ့အတိုင်း သူဖြစ်စေချင်တဲ့အတိုင်း သူသိစေချင်တဲ့ဟာလေးတွေပဲ သင်ယူဖို့အတွက် လေ့လာဖို့အတွက် ဆိုပြီးတော့ပဲ အခြေအနေတွေ ဖန်တီးတာတွေလည်း တွေ့ရတယ်။ Diversity ဆိုတဲ့ မတူကွဲပြားခြားနားမှုကိုလက်ခံပြီးတော့ embrace လုပ်တဲ့ ပွေ့ဖက်တဲ့ပညာရေးစနစ်မျိုးလည်း မထွန်းကားခဲ့ပါဘူး။
ကိုယ့်နိုင်ငံထဲမှာရှိတဲ့ မတူညီတဲ့လူမျိုးစုတွေရဲ့ ယဥ်ကျေးမှု၊ ဘာသာစကားတွေ သင်ကြားဖို့ကျ အကုန်အကျမခံနိုင်ဘူး၊ အရင် အစိုးရက ဒီလိုစနစ်တွေရှိခဲ့တယ်။ တိုင်းပြည်ထဲမှာ မှန်ကန်တဲ့ civic education ကိုမပေးနိုင်တဲ့ အခါကျတော့ ပိုပြီးတော့တောင်မှ တစ်စုနဲ့တစ်စု တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားကနားလည်မှုကို မတည်ဆောက်နိုင်တဲ့အပြင် တစ်ဦးနဲ့တစ်ဦးနားလည်မှုတွေ မှားယွင်းစေတဲ့ ပညာရေးစနစ်တွေ ရှိခဲ့တယ်။
ဒေါက်တာသိန်းလွင်၏ဆွေးနွေးချက်
မြန်မာပြည်မှာအာဏာရလာတဲ့ အုပ်ချုပ်တဲ့အစိုးရတွေက ပညာရေးကိုချဥ်းကပ်ပုံချင်း မတူကြဘူး။ ဦးနေဝင်း လက်ထက်မှာ လူတွေရဲ့ လွတ်လပ်စွာတွေးခေါ်ခွင့်ကို ချုပ်ချယ်တယ်။ သူ့ရဲ့မြန်မာ့ဆိုရှယ်လစ်ဆိုတဲ့ နိုင်ငံရေးအယူအဆနဲ့ နိုင်ငံရေးအတွေးအခေါ်ကို ပညာရေးမှာ လာလွှမ်းမိုးလိုက်တယ်။ ဒီနိုင်ငံမှာ စုပေါင်းနေထိုင်တဲ့ တခြားလူမျိုးတွေရဲ့ အခန်းကဏ္ဍကို ပစ်ပယ်တယ်။ ပစ်ပယ်ပြီးတော့ သူ့ရဲ့ပညာရေးက မြန်မာစကား၊ ဗမာစကားပဲ ဗမာစာနဲ့ ဗမာ့ယဥ်ကျေးမှုပဲ အဓိကထားခဲ့တယ်။ အရင် ဦးနုအစိုးရလက်ထက်က တိုင်းရင်းသားဘာသာစကား သင်တဲ့ ဆရာတွေကို အလုပ်ထုတ်ပစ်လိုက်ပြီးတော့ ဗမာစကားတစ်ခုပဲ သင်ခဲ့တယ်။ ဘာသာစကားတစ်မျိုးတည်းနဲ့ တိုင်းရင်းသားအားလုံး သူ့ရဲ့လက်အောက်မှာ တစ်စုတည်းဖြစ်ဖို့ ရည်ရွယ်တယ်။ လုံးဝမအောင်မြင်ခဲ့ဘူး။
၈၈ နောက်ပိုင်းမှာ စစ်တပ်က လုံးဝကိုင်ပြီး ချုပ်ချယ်လိုက်တဲ့အတွက် ပညာရေးရဲ့ လွတ်လပ်ခွင့်က ပိုပြီးဆုံးရှုံးသွားရတယ်။ စစ်အုပ်ချုပ်ရေးက ပညာရေးကို စစ်အုပ်ချုပ်ရေးအမြင်၊ စစ်ရေးအမြင်နဲ့ပဲလုပ်တာဖြစ်တယ်။ ၂၀၁၄ ပညာရေးဥပဒေနဲ့ ၂၀၀၈ အခြေခံဥပဒေအောက်မှာ ပြုပြင်ပြောင်းလဲတာ ဦးသိန်းစိန်အစိုးရရော ဒေါ်အောင်ဆန်းစုကြည် အစိုးရရော နှစ်ခုစလုံးက အများကြီး လုပ်လို့ မရခဲ့ဘူး။ အဆင်မြင့်ပညာကဏ္ဍမှာ အခြေခံကျတဲ့ပညာရေးမှာ ဗဟိုချုပ်ကိုင်မှုလျှော့ချရေး မလုပ်နိုင်ဘူး။ တက္ကသိုလ်တွေက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုပြီးတော့ ဥပဒေမှာ ရေးထားတာရှိပေမယ့်၊ လက်တွေ့မှာ တကယ့်ကိုယ်ပိုင်ပြဌာန်းခွင့်မရခဲ့ဘူး။ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာဖွဲ့စည်းခွင့်ဆိုတဲ့ တိကျတဲ့ ဥပဒေပြဋ္ဌာန်းချက် မရှိနေဘူး။
အခြေခံပညာကဏ္ဍမှာ ပြီးခဲ့တဲ့ပညာရေးစနစ်တွေက ဗဟိုချုပ်ကိုင်မှု မလျှော့ချနိုင်ဘူး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မပေးနိုင်ဘူး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မပေးတဲ့အတွက် ဒေသဆိုင်ရာသင်ရိုးညွှန်းတမ်းတွေ ရေးဆွဲခွင့်မရဘူး။ ဘာသာစကားမူဝါဒမှာ ခိုင်မာမှုမရှိတဲ့အတွက် ကလေးတွေက သူတို့မိခင်ဘာသာစကားနဲ့ စာသင်ခန်းမှာ သင်ခွင့် မရဘူး။ အဲ့ဒီဟာတွေက ကျွန်တော်တို့ ပြီးခဲ့တဲ့ အစိုးရအဆက်ဆက်မှာ ပညာရေးအတွက် အတားအဆီးတွေ ဖြစ်လာခဲ့ပါတယ်။
နောက်သွားမယ့် အနာဂတ်ပညာရေးက အဲ့ဒီအတားအဆီးတွေ ဖြေလျှော့လိုက်ဖို့ လိုတယ်။ ဗဟိုချုပ်ကိုင်မှုတွေ အဆင့်ဆင့် လျှော့ချတဲ့နေရာမှာ ကျောင်းအထိ လျှော့ချလိုက်ဖို့ လိုတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှာတင် ရပ်ထားလို့မရဘဲ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးဖို့ လိုပါတယ်။
ဒေါက်တာမာ၏ဆွေးနွေးချက်
ဦးနေဝင်း အာဏာစသိမ်းကတည်းက emotion နဲ့ insecurity က အခြေခံတဲ့ ပညာရေးဖြစ်ခဲ့တယ်။ ပညာရေးကို နိုင်ငံရေးအတွက် လက်နက်တစ်ခုအနေနဲ့ အသုံးချခဲ့တယ်။ ၈၈ နောက်ပိုင်းမှာ ပိုဆိုးလာတယ်။ စစ်တပ်ပုံစံချ militarized လုပ်လိုက်တဲ့အခါ ဒီစစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ဆရာဆရာမတွေ ကိုယ်တိုင်က ဘာမှမလုပ်ရဲတဲ့ သဘောဖြစ်သွားတယ်။
သုတေသနကို အခြေခံတဲ့ပညာရေး၊ emotion နဲ့ politicized ဖြစ်တဲ့ပညာရေး policy တွေဆွဲတာကို ဖယ်ချရေးလုပ်ရမယ်။ နောက်ပြီး ဘာသာရေးမတူတဲ့ ဆရာဆရာမတွေရော အပါအဝင် တိုင်းရင်းသားဒေသတွေမှာ ဆရာဆရာမတွေနဲ့ လက်တွေ့ သင်ကြားနေတဲ့သူတွေ အားလုံးပါဝင် ဆွေးနွေးနိုင်တဲ့ ပညာရေးမူဝါဒမျိုးကို ချမှတ်သင့်ပါတယ်။ ​ အစိုးရရော ဌာနဆိုင်ရာရော နိုင်ငံတကာကရော ဒီလိုပညာရေးမျိုးကို ပြုပြင်ပြောင်းလဲရေး လုပ်တဲ့နေရာမှာ ပံ့ပိုးကူညီတာ​တွေ လုပ်သင့်ပါတယ်။
နောင်လာမယ့် အဆက်ဆက်သော ခေါင်းဆောင်တွေ မူဝါဒရေးဆွဲတဲ့အခါမှာ ၎င်းတို့ရဲ့ ခံစားချက် (emotion) တွေ မပါသင့်ဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။
ဒေါက်တာထွန်းမြင့်၏ဆွေးနွေးချက်
emotion နဲ့ နိုင်ငံရေးကို ထုတ်ပစ်လို့တော့မရဘူး။ အဲ့လို ထုတ်ပစ်လိုက်မယ်ဆိုရင် တိုင်းရင်းသားလူမျိုးတွေရဲ့ခံစားချက်၊ ကျေးလက်နေဒေသကသူတွေရဲ့ ခံစားချက်တွေကို လောကကြီးကနေ အရေးမပါအရာမရောက်တဲ့ အခန်းထဲကို ထည့်လိုက်သလို ဖြစ်သွားနိုင်တယ်။
သုတေသနဆိုတာက၊ ပညာရေးဆိုတာက၊ ဘဝနဲ့ အချိတ်အဆက်လုပ်ပြီး၊ ဘဝရဲ့ လုပ်ငန်းတွေနဲ့ စီးပွားရေးနဲ့ ယဥ်ကျေးမှုနဲ့ စာပေနဲ့ ဂီတနဲ့ အကတွေနဲ့ ချိတ်ဆက်မှု ရှိဖို့လိုတာဖြစ်ပါတယ်။
ယခုတင်ဆက်သွားတဲ့အကြောင်းအရာ ကတော့ TMI Live Guiding Education Reform in Myanmar ရဲ့ Panel 4 အစီအစဉ်လေးရဲ့ ဒုတိယအပိုင်းလေးပဲ ဖြစ်ပါတယ်။
စကားဝိုင်းအစီအစဉ်လေးမှာ ပါဝင်ဆွေးနွေးပေးသွားတဲ့ ပညာရှင်အားလုံးရဲ့ ဆွေးနွေးချက်အကြောင်းအရာအားလုံးကို ပိုမိုလေ့လာသိရှိရန်အတွက်လည်း TMI Review: Archives from the Live — Guiding Education Reform in Myanmar Digital Booklet လေးကို ယခုလာမယ့် ဖေဖော်ဝါရီလ ၅ ရက်နေ့လေးမှာ ထုတ်ဝေပေးသွားမှာဖြစ်ပါတယ်။
စောင့်မျှော်ကြည့်ရှူပေးကြဖို့ကိုလည်း တိုက်တွန်းလိုက်ရပါတယ်။
ပညာရေးအပေါ်အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့် ပညာရေးစနစ်အတွက်အစိုးရတစ်ရပ်၏အခန်းကဏ္ဍ
ဆရာစောကပီး၏ဆွေးနွေးချက်
ပညာရေးဟာ လူတစ်ဦးတစ်ယောက်ချင်းစီ ရဲ့လွတ်မြောက်ရေးအတွက်ဖြစ်သင့်တယ်လို့ ကျွန်တော် မြင်တယ်။ ပညာရေးရဲ့ရလဒ်က လူတွေအသိအမြင်ဗဟုသုတတိုးပွားရုံတင်မက၊ ကိုယ်ရဲ့ မိမိကိုယ်ပိုင်စဉ်းစားဉာဏ်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကို ချနိုင်တဲ့အထိ လူတစ်ဦးတစ်ယောက်ဆီက လွတ်လပ်သွားတာမျိုးကို ဆိုလိုတယ်လို့ပဲ အကြမ်းဖျင်းအားဖြင့် ကျွန်တော် နားလည်တယ်။
ဒေါက်တာမာ၏ဆွေးနွေးချက်
ပညာရေးက အဓိကရည်ရွယ်ချက် ၃ ခုရှိတယ်လို့မြင်ပါတယ်။
၁) critical thinking လို့ခေါ်တဲ့ ဝေဖန်သုံးသပ်နှိုင်းယှဉ်စဉ်းစားတတ်တဲ့ အရည်အချင်းတိုးတက်ဖို့၊
၂) creative thinking လို့ခေါ်တဲ့ ဖန်တီးတီထွင်နိုင်တဲ့၊ ဖန်တီးတီထွင်တာကိုစဉ်းစားနိုင်တဲ့ အရည်အချင်း တိုးတက်လာဖို့၊
၃) civic manner လို့ခေါ်တဲ့ civic attitude သူများတကာကိုလေးစားတတ်ဖို့၊
ပညာတတ်လာပြီး ဝေဖန်ပိုင်းခြားနိုင်တဲ့ စဉ်းစားဉာဏ်လည်းရှိရင် ဗဟုသုတအသိပညာကို အခြေခံပြီးတော့ စဉ်းစားနိုင်တာတွေရှိလာမယ်
အလွတ်ကျက်ပြီး စာမေးပွဲဖြေရုံတင်မကဘဲ အဲ့အလွတ်ကျက်ပြီး ဤသည်မရွေးဖြေလာတဲ့ ရလဒ်ကိုမှတန်ဖိုးထားပြီးတော့ အဲ့ဒီဟာကို မရတဲ့သူတွေကိုနှိမ့်ချတဲ့ယဉ်ကျေးမှုကိုဖြစ်စေတဲ့ အတွက်ကြောင့် ပညာရေးရဲ့ရည်ရွယ်ချက်တွေ သွေဖယ်သွားတယ်။ civic manner တွေပျောက်ဆုံးသွားတယ်။ မိမိကိုယ်ကိုယ်ယုံကြည်မှုနည်း၊ လိပ်ပြာမလုံဖြစ်စေတဲ့ယဉ်ကျေးမှု (insecure culture) ကိုတစ်ခါတည်း formal ရော informal education ကနေလုပ်ပေးလိုက်ပါတော့တယ်။
ဒေါက်တာထွန်းမြင့်၏ဆွေးနွေးချက်
ဘဝကို စာအုပ်တစ်အုပ်လိုဖတ်နိုင်အောင် သင်ကြားပေးနိုင်တဲ့အင်အားတစ်ခုကိုပညာရေးလို့ ခေါ်ရမှာဖြစ်ပါတယ်။ ပညာရေးဆိုတာ တကယ့်အကျယ်တဝင့်ဖွင့်မယ်ဆိုရင် ကိုယ်ရဲ့ဘဝကို စာအုပ်တစ်အုပ်လို လူတိုင်းဖတ်နိုင်အောင် သင်ကြားပေးတဲ့ စိတ်အင်အားစုကြီးတစ်ခုပဲဖြစ်ပါတယ်။
ေဒါက်တာသိန်းလွင်၏ဆွေးနွေးချက်
ပညာရေးက ကိုယ်တိုင်တည်ဆောက်တဲ့ အသိဉာဏ်ဖြစ်ပြီး၊ အဲ့အသိဉာဏ်ကို ကိုယ်တိုင် တည်ဆောက်တာဖြစ်ပါတယ်။ တစ်ပါးသူက သွတ်သွင်းတဲ့ ပညာရပ်ကို ကိုယ်တိုင်အားထုတ်၊ လေ့လာစူးစမ်းပြီးမှ ကိုယ့်ရဲ့ လေ့လာစူးစမ်းမှု၊ ဆင်ခြင်သုံးသပ်မှုကနေပြီးတော့မှ ရရှိတဲ့အသိဉာဏ်ဖြစ်ပါတာ်။ ကျောင်းစနစ်တွေကနေပြီးတော့ သွတ်သွင်းတဲ့ပညာရေးမျိုးကို မဖြစ်စေချင်ပါဘူး။
ဆရာစောကပီး၏ဆွေးနွေးချက်
နိုင်ငံထဲမှာရှိတဲ့ပြည်သူပြည်သားတွေအားလုံးက ပညာသင်ယူနိုင်ခွင့် “access to education” ရရှိနိုင်ဖို့အတွက်ကို အစိုးရကနေ အခြေအနေကို အထောက်အပံ့ပေး facilitate လုပ်ရမယ်ပေါ့။ အဲ့လိုဖန်တီးပေးဖို့အတွက် အစိုးရတွေအနေနဲ့ တာဝန်ရှိတယ်လို့ ယူဆလို့ရမယ်။ အစိုးရ ကဏ္ဍကနေ ပြည်ထောင်စုအသစ်မှာတော့ ဒီဗဟိုချုပ်ကိုင်မှုကို သေသေချာချာ လျှော့ချပြီးတော့မှ နိုင်ငံသားတွေကို ဒီပြည်နယ် ဒေသဆိုင်ရာအစိုးရတွေကနေ facilitate လုပ်ပေးပြီးတော့မှ၊ ပြည်နယ်သူပြည်နယ်သားတွေရဲ့ပညာရေးကို ထည့်သွင်းစဥ်းစားတဲ့ ပုံစံမျိုးကိုလည်း လုပ်သင့်လှတယ်။ အမြတ်အစွန်းမယူတဲ့ ပုဂ္ဂလိကပညာရေးအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို အခု The Movement Institute လိုမျိုး ပညာ‌ရေး institutions တွေရဲ့ အခန်းကဏ္ဍကလည်းပဲ အင်မတန် အရေးကြီးတယ်လို့ မြင်ပါတယ်။
ဒေါက်တာသိန်းလွင်၏ဆွေးနွေးချက်
ပညာရေးအတွက် အစိုးရကို ပံ့ပိုးတဲ့နေရာမှာပဲ နေစေချင်တယ်။ အစိုးရကနေပြီးတော့ ကျောင်းသားတွေ လွတ်လပ်စွာ သင်ယူနိုင်အောင်၊ လေ့လာစူးစမ်းနိုင်အောင်၊ အဲ့ဒီလို စူးစမ်းသင်ယူနိုင်တဲ့ပတ်ဝန်းကျင်ကို ဖန်တီးပေးတဲ့ အစိုးရမျိုး​ဖြစ်သင့်တယ်။ နောင်တစ်ချိန် အသစ်ထူထောင်မယ့်အစိုးရရဲ့ ပညာရေးဌာနက ပညာရေးမှာ အဲ့ပံ့ပိုးကူညီတဲ့ နေရာကနေဖို့ တိုက်တွန်းချင်တယ်။
ဒေါက်တာမာ၏ဆွေးနွေးချက်
ကျောင်းသားဗဟိုပြုသင်ယူမှုပတ်ဝန်းကျင်
(student-centered learning environment) ကို လက်တွေ့ကျကျနဲ့ လွတ်လပ်ပြီးတော့ ခေတ်အခြေအနေနဲ့ကိုက်ညီအောင် လုပ်ရင် တကယ်ကို အကျိုးရှိနိုင်တယ်။ maximized capacity ဖြစ်တဲ့ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းစီရဲ့အရည်အချင်းတွေကို အမြင့်မားဆုံးအဖြစ် သူတို့ပါသာဖော်ထုတ်နိုင်အောင်လို့ ဖန်တီးပေးထားတဲ့ပတ်ဝန်းကျင်အခြေအနေမျိုးကို ဆိုလိုပါတယ်။ ဆရာ၊ ဆရာမတွေကို ထောက်ပံ့တဲ့စနစ် (support system)၊ ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေး (quality)၊ ​​
ေဘးကင်းလုံခြုံရေး (safety and security) အပြင် စိတ်ပိုင်းဆိုင်ရာထောက်ပံ့ပေးဖို့ လိုပါတယ်။ သင်ယူမှုဝန်းကျင် (learning environment) ဆိုတာ formal ရော informal ရော civic education နဲ့ပေါင်းစပ်ပြီးတော့ တီထွင်ဖို့က မြန်မာနိုင်ငံရဲ့ အဓိကအရေးကြီးဆုံး လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။
ဒေါက်တာထွန်းမြင့်၏ဆွေးနွေးချက်
​မူဝါဒချမှတ်တဲ့အဆင့်လောက်ပဲ အစိုးရက ရပ်ပြီးတော့ ရည်ရွယ်ထားတဲ့ပညာရေးကိုထုတ်လုပ်တဲ့အခါမှာ ဆရာဆရာမတွေ ကျောင်းတွေ ဒေသန္တရတွေအလိုက် ယဥ်ကျေးမှုအရ ပထဝီအနေအထားအရ သူတို့ရဲ့သမိုင်းအရ ပုံစံနဲ့ ဖော်ထုတ်ရမယ်။ အစိုးရအနေနဲ့ အာမခံချက်ကို အကောင်အထည်ဖော်တဲ့နေရာမှာ ငွေရေးကြေးရေး အင်မတန်အရေးကြီးတယ်။ အရင်းအ​​​မြစ်​​ resources တွေ အရေးကြီးတယ်။ အဲ့ဒါကို ဖြန့်ဝေတဲ့မူဝါဒ (distribution policy) ချရပါမယ်။ အစိုးရရဲ့ အခန်းကဏ္ဍကို လျော့နည်းသမျှ လျော့နည်းအောင် စဥ်းစားပြီးတော့ မူဝါဒတွေကို ချမှတ်စဥ်းစားရမယ်။
စစ်တပ်ရဲ့ပညာရေးကို အင်မတန်ဂရုထားပြီးတော့ ပြုပြင်ပြောင်းလဲရမှာ ဖြစ်တယ်။ စစ်တပ်ထဲကို ဝင်ဖို့ရာအတွက် recruitment လုပ်တဲ့အခါမှာ ပညာရေး qualifications တွေသတ်မှတ်ပေးနိုင်ရမယ်။
ယခုတင်ဆက်သွားတဲ့အကြောင်းအရာ ကတော့ TMI Live Guiding Education Reform in Myanmar ရဲ့ Panel 4 အစီအစဉ်လေးရဲ့ ပထမဦးဆုံးအပိုင်းလေးပဲ ဖြစ်ပါတယ်။
စကားဝိုင်းအစီအစဉ်လေးမှာ ပါဝင်ဆွေးနွေးပေးသွားတဲ့ ပညာရှင်အားလုံးရဲ့ ဆွေးနွေးချက်အကြောင်းအရာအားလုံးကို ပိုမိုလေ့လာသိရှိရန်အတွက်လည်း TMI Review: Archives from the Live — Guiding Education Reform in Myanmar Digital Booklet လေးကို လာမယ့် ဖေဖော်ဝါရီလ ၅ ရက်နေ့လေးမှာ ထုတ်ဝေပေးသွားမှာဖြစ်ပါတယ်။
စောင့်မျှော်ကြည့်ရှူပေးကြဖို့ကိုလည်း တိုက်တွန်းလိုက်ရပါတယ်။
အနာဂတ်ပညာရေးတွင် ကဏ္ဍပေါင်းစုံ ဘာသာရပ်ပေါင်းစုံ မြှင့်တင်ရာ၌ ပြောင်းလဲပါဝင်လာမည့် ပညာရေးမူစနစ်သစ်များ
The Movement အဖွဲ့အစည်းအနေနဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့ ကနေ သြဂုတ်လ (၉) ရက်နေ့ အထိ TMI Live: Guiding Education Reform In Myanmar စကားဝိုင်းအစီအစဉ်လေးကို Online ကနေတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီထဲကမှ သြဂုတ်လ(၂)ရက်နေ့မှာ ကျင်းပပြုလုပ်သွားတဲ့” TMI Live Panel 3 : Raising the Value of Diversified Education in Myanmar’s Society စုံညီကွဲပြားသောပညာရေးတန်ဖိုးများအားမြှင့်တင်ခြင်း” တွင် ပညာရေး ကဏ္ဍပေါင်းစုံ၊ ဘာသာရပ်ပေါင်းစုံ မြင့်တင်ခြင်းအပါအဝင် ယခု ပညာရေးရပ်ဆိုင်းသွားရသော ကာလ၌ လူငယ်လူရွယ်များ သက်မွေးကြောင်းပညာရေးအတွက် အခွင့်အရေးများပေါ်ပေါက်လာ နိုင်ရန်အတွက် ဖန်တီးပုံဖော်ပေးမည့် အနာဂတ်အဆင့်မြင့်ပညာရေး အကြောင်းအရာများနှင့် ပက်သက်ပြီးကောက်နုတ်ဖော်ပြ တင်ဆက်ပေးခြင်းဖြစ်ပါသည်။
ပညာရေးတွင် ကဏ္ဍပေါင်းစုံ၊ ဘာသာရပ်ပေါင်းစုံကိုမြှင့်တင်ခြင်းအပါအဝင် ပညာရေးရပ်ဆိုင်းသွားသည့်ကာလအတွင်း သက်မွေးမှုအတွက်လမ်းကြောင်းများရှိရန် ပညာရေးမူဝါဒချမှတ်သူများထံသို့ အကြံပြုခြင်း
ဆရာမ၏ဆွေးနွေးချက်
စနစ်တစ်ခုရဲ့မညီမျှမှုကို ပြန်ပြီးထောက်ပြနိုင်တဲ့ ပညာနဲ့တွေးခေါ်မှုမျိုးမရှိဘဲနဲ့ ဒီစနစ်တစ်ခုရဲ့မညီမျှမှုကိုပဲ ထပ်ပြီးတော့မညီမျှအောင်လုပ်နေတဲ့၊ အဲ့ဒါကို ထပ်ထပ်ပြီးတော့ လောင်စာဖြည့် (fuel) လုပ်နေတဲ့အတွေးမျိုးတွေမရှိအောင် လုပ်ဖို့လိုပါတယ်။ တချို့က ဝိဇ္ဇာဘာသာရပ်နဲ့ကျောင်းပြီးရင် အလုပ်ရဖို့လွယ်ပါ့မလားဆိုတဲ့အခါကျရင် ပညာရေးရဲ့အန္တိမရည်မှန်းချက်ကို ပြန်စဥ်းစားဖို့လိုလာတယ်။
ပညာရေးကိုယ်၌က သိပ္ပံပဲတက်တက် ဝိဇ္ဇာပဲ တက်တက် ဘယ်လိုအရည်အသွေး (quality) ရှိတဲ့ပညာရေး၊ ဘယ်လိုအနှစ်သာရရှိတဲ့ပညာရေးကို ပေးမှာလဲ ဆိုတာကိုလည်း တွေးဖို့လိုတယ်။
ဘာသာရပ်တွေကို လူတွေစိတ်မဝင်စားအောင် တမင်တကာနှိမ့်ချထားတဲ့စနစ်တွေလည်း ရှိနေတယ်။ လူတစ်ယောက်က အရမ်း ဗဟုသတကြွယ်ဝနှံ့စပ် (knowledgeable) ဖြစ်တယ်လို့ပြောရင် အရေးတကြီး critically လိုက်စဥ်းစားဖို့လိုတာက ဘာ knowledge လဲပေါ့။ လူ့အဖွဲ့အစည်းထဲမှာ အဲ့ knowledge ကမှ တန်ဖိုးရှိတဲ့ knowledge ပါ။ ကျန်တဲ့ knowledge က တန်ဖိုးမရှိပါဘူးလို့ ဘယ်သူတွေက ဆုံးဖြတ်ခဲ့တာလဲပေါ့။ ဘယ်သူတွေမှာ ဆုံးဖြတ်ခွင့်ရနေတာလဲ။ အဲ့လူတွေကဘယ်သူတွေလဲ။ အဲ့ဒီ ဆုံးဖြတ်ချက်တွေက လူ့အဖွဲ့အစည်းကို ဘယ်လို လာပြီး သက်ရောက်မှု​ (impact) ဖြစ်လဲ ဆိုတာထိကို လိုက်ပြီး တွေးဖို့ လိုအပ်တယ်လို့ ဆွေးနွေးချင်ပါတယ်။
ဆရာတင်အေး၏ဆွေးနွေးချက်
ပညာရေးကို စဥ်းစားပုံစဥ်းစားနည်း၊ အဓိပ္ပာယ် ဖွင့်ဆိုချက်၊ ချဥ်းကပ်ပုံချဥ်းကပ်နည်းကို ပြန်ပြီးတော့ သုံးသပ်ဖို့ လိုတယ်လို့ ထင်ပါတယ်။
ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုကိုပြောမယ်ဆိုရင် value style ကို တော်တော်ကြီး ပြန်သုံးသပ်ဖို့ လိုတယ်။
လက်ရှိမှာရှိနေတဲ့ပညာရေးစနစ် ကုန်ကျစရိတ်တွေနဲ့ပတ်သက်ပြီးတော့ ဘယ်လိုပုံစံနဲ့ဆက်သွားကြမလဲဆိုတာကိုလည်း ဝိုင်းဝန်းပြီးတော့ ပူးပေါင်းအဖြေရှာဖို့ လိုတယ်။
မူဝါဒချမှတ်သူတွေဘက်က ပြည်သူလူထုကို မှန်မှန်ကန်ကန်နဲ့ ပွင့်ပွင့်လင်းလင်းနဲ့ ရှင်းရှင်းလင်းလင်းနဲ့ လက်ရှိအခြေအနေမှာချပြဆွေးနွေးနိုင်ဖို့လိုတယ်။ ပြည်သူလူထုဘက်ကလည်း သေချာ နားလည်ပြီးတော့မှ ဒီပညာရေးစနစ်ကြီး တိုးတက်အောင်မြင်ဖို့အတွက် ကိုယ့်သားသမီးတွေပညာတတ်ပြီးတော့ တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ မိသားစုအတွက်၊ လူ့ဘောင်အတွက် အကျိုးပြုနိုင်တဲ့နိုင်ငံ့သားကောင်းတွေဖြစ်ဖို့အတွက် ငါတို့လည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်ရမယ်ဆိုတဲ့ ခံယူချက်မျိုးတွေ စပြီးတော့ ဆွေးနွေးပြီးတော့ မွေးမြူဖို့ လိုတယ်။
အဆင့်မြင့်ပညာမှာ တက္ကသိုလ်ဝင်ခွင့်က တိုးကို တိုးမှရမယ်။ မြန်မာနိုင်ငံမှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲရဲ့ စစ်ပုံစစ်နည်း၊ တက္ကသိုလ်တက်နိုင်တဲ့ကျောင်းသားအရေအတွက်၊ ပြီးတော့ ကိုယ့်နိုင်ငံမှာ တက္ကသိုလ်တွေ၊ ပညာတွေ မလုံလောက်ဘူးဆိုရင် မဟာဗျူဟာနဲ့ ကိုက်ညီမယ့်ဘာသာရပ်တွေကို သင်ကြားနိုင်ဖို့ ထူးချွန်ထက်မြက်တဲ့ ကျောင်းသားတွေကို တိန့်ရှောင်ဖိန် ၁၉၈၀ နောက်ပိုင်းမှာ လုပ်ခဲ့သလိုမျိုး၊ နည်းနည်း လေ့လာသုံးသပ်ပြီးတော့ သွားသင့်တယ်လို့ ထင်တယ်။ အဆင့်မြင့်ပညာမှာရှိနေတဲ့ အဝေးသင်ပညာရေးစနစ်နဲ့ အခုလက်ရှိ တက္ကသိုလ်တွေမှာ ဝင်ခွင့်ရတဲ့တက္ကသိုလ်ဝင်တန်းကျောင်းသူကျောင်းသားတွေ ဆယ်တန်းအောင်ချက်တွေကို ဒီ့ထက်ပိုပြီး ကောင်းအောင်လုပ်ဖို့ လိုမယ်လို့ မြင်ပါတယ်။
ဆရာမပုလဲ၏ဆွေးနွေးချက်
လက်တွေ့ကျကျ သုတေသန (research) လုပ်မယ်။ ထွက်လာတဲ့ အကြံပြုချက် (recommendation) ကို ခုနက timeline အရ အတားအဆီး (barrier) ဖြစ်တာတွေကို ဘယ်လိုကျော်လွှားမလဲဆိုတာကို phase by phase implementation လုပ်မယ်။
ပြည်တွင်းမှာရှိတဲ့သူတွေကရော၊ မိဘတွေကရော၊ ပညာရေး policy ရေးဆွဲနေတဲ့ ဝန်ကြီးဌာနတွေကရော ဘယ်လိုရှေ့ဆက်ပြီး ကိုယ့်နိုင်ငံရဲ့ အနာဂတ်က ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကို ပညာရေးနဲ့ တည်ဆောက်ကြပါစို့လို့ ပြောတဲ့အတိုင်း ဆက်ပြီးတော့ policy ကိုလည်း identify လုပ်ရမယ်။ ဘာတွေလိုအပ်ပြီး ဘာတွေ မရှိဘူးလဲ၊ ပညာရေးဒဿန (education philosophy) ကိုလည်း ဘယ်ဟာတွေကို ဘယ် theme တွေနဲ့ ဆက်ပြီးလုပ်မလဲ၊ ပြီးရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် (autonomy) ပေးထားတဲ့ အရာတွေကိုလည်း ဘယ်ဘက်ကနေသွားပြီးတော့ ပညာရေးဆိုင်ရာလွတ်လပ်ခွင့် academic freedom နဲ့ intellectual freedom ဖြစ်အောင် ဘယ်လိုမျိုး support လုပ်ကြမလဲ၊ mentor ​လုပ်ကြမလဲဆိုတဲ့အချက်တွေကို စဥ်းစားပြီးတော့ အကောင်အထည်ဖော်ရပါမယ်။
ယခုတင်ဆက်သွားတဲ့အကြောင်းအရာ ကတော့ TMI Live Guiding Education Reform in Myanmar ရဲ့ Panel 3 အစီအစဉ်လေးရဲ့ နောက်ဆုံး တတိယအပိုင်းလေးပဲ ဖြစ်ပါတယ်။
စကားဝိုင်းအစီအစဉ်လေးမှာ ပါဝင်ဆွေးနွေးပေးသွားတဲ့ ပညာရှင်အားလုံးရဲ့ ဆွေးနွေးချက်အကြောင်းအရာအားလုံးကို ပိုမိုလေ့လာသိရှိရန်အတွက်လည်း TMI Review: Archives from the Live — Guiding Education Reform in Myanmar Digital Booklet လေးကို လာမယ့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှာ ထုတ်ဝေပေးသွားမှာဖြစ်ပါတယ်။
စောင့်မျှော်ကြည့်ရှူပေးကြဖို့ကိုလည်း The Movement — မြန်မာအရွေ့မှ တိုက်တွန်းလိုက်ရပါတယ်။ စာအုပ်ထွက်ရှိလာရင် ချက်ချင်းသိနိုင်စေဖို့ The Movement — မြန်မာ့အရွေ့ရဲ့ Social Media တွေကို Follow လုပ်ထားဖို့လိုမယ်နော်။
Facebook: https://www.facebook.com/themovementmm
Instagram: https://www.instagram.com/themovementmm/
ဒီဂျစ်တယ်စာတတ်မြောက်မှု အားနည်းသည့်ဒေသများ နှင့် စစ်ပဋိပက္ခကြောင့်နေရပ်ရွှေ့ပြောင်းနေရသည့်ဒေသများသို့ ပညာရေးရောက်ရှိအောင် မည်ကဲ့သို့ဆောင်ရွက်နိုင်ပုံ
The Movement — မြန်မာ့အရွေ့အဖွဲ့အစည်းအနေနဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့ ကနေ သြဂုတ်လ (၉) ရက်နေ့ အထိ TMI Live: Guiding Education Reform In Myanmar စကားဝိုင်းအစီအစဉ်လေးကို Online ကနေတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီထဲကမှ သြဂုတ်လ(၂)ရက်နေ့မှာ ကျင်းပပြုလုပ်သွားတဲ့” TMI Live Panel 3 : Raising the Value of Diversified Education in Myanmar’s Society စုံညီကွဲပြားသောပညာရေးတန်ဖိုးများအားမြှင့်တင်ခြင်း”တွင်
အင်တာနက်နှင့် ဒစ်ဂျစ်တယ်Literacyပိုင်းဆိုင်ရာတတ်မြောက်မှူ အားနည်းသောနေရာများနှင့် တိုင်းရင်းသားဒေသများတွင် ပညာသင်ကြားလိုကြသော လူငယ်လူရွယ်များအတွက် ပညာရေးအခွင့်အလမ်းများရရှိနိုင်ရန် ကျောင်းပြင်ပပညာရေးအပြင် Offline ပညာရေးနှင့် တခြားသော ပညာရေးဖန်တီးဆောင်ရွက်မှုများမှ အဓိကအဖြည့်ပေးလျက်ရှိသည့် အကြောင်းအရာများနှင့် ပက်သက်ပြီးကောက်နုတ်ဖော်ပြ တင်ဆက်ပေးခြင်းဖြစ်ပါသည်။
တက်ရောက်ဆွေးနွေးသူများ (Panelists)
Sayama May Pale’ Thwe (Sayama Pearl) — Founder and Chair, SMILE Myanmar
Saya Tim Aye Hardy — Co-Founder & Executive Director, Myanmar Mobile Education Project
Sayama — Masters in International Education and Development
အင်တာနက်နှင့်ဒီဂျစ်တယ်စာတတ်မြောက်မှု အားနည်းသည့်ဒေသများ၊ စစ်ပဋိပက္ခကြောင့်နေရပ်ရွှေ့ပြောင်းနေရသည့်ဒေသများသို့ ပညာရေးရောက်ရှိအောင် မည်ကဲ့သို့ဆောင်ရွက်နိုင်ပုံ
ဆရာတင်အေး၏ဆွေးနွေးချက်များ
၂၀၁၉ ခုနှစ်လောက်မှာ ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပံ့ပိုးပြီးတော့ offline နဲ့ အလုပ်လုပ်တဲ့ သင်ကြားသင်ယူမှု platform၊ learning management system တွေ၊ learning platform တွေ အကုန်လုံးကို အထူးစိတ်ကြိုက် (customization) လုပ်ဆောင်ပြီးတော့ အခြေခံကျောင်းတွေမှာ လက်တွေ့ကျကျနဲ့ သုံးနိုင်အောင်ဆိုပြီး လုပ်ခဲ့ပါတယ်။ ဝေးလံခေါင်ပါးတဲ့ကျောင်းတွေ၊ တိုင်းရင်းသား ဒေသတွေမှာ တပ်ဆင်ကြတယ်။ တပ်ဖို့လည်း အများကြီး စီစဥ်ခဲ့ကြပါတယ်။
DBE Box၊ myME Box တွေ install လုပ်ထားတဲ့ နေရာတွေမှာ သွားပြီးတော့ အချိန်မရွေး၊ နေရာမရွေး လေ့လာသင်ယူလို့ရပါတယ်။
myME project အနေနဲ့ အခုလက်ရှိမှာလည်း ဒီဟာကို ကျောင်းပြင်ပကလေးတွေအတွက် ကျောင်းပြင်ပပညာရေး (non-formal education) ဘက်ကနေ တောက်လျှောက် တစိုက်မတ်မတ်နဲ့ ဆက်တိုက် အကောင်အထည်ဖော်နေပါတယ်။
သင်ကြားသင်ယူမှုကိုလိုချင်တဲ့ သူတိုင်းသူတိုင်းမှာ သင်ကြားသင်ယူနိုင်တဲ့ အခွင့်အရေးတွေ၊ အခွင့်အလမ်းတွေ ရှိဖို့လိုတယ်။ သူ့နေရာဒေသနဲ့ လိုက်လျောညီထွေမှု ရှိပြီးတော့ လက်တွေ့ကျတဲ့ သင်ကြားသင်ယူမှု စနစ်တွေနဲ့ ပုံစံရှိဖို့ လိုတယ်။
အမျိုးသားမူဝါဒအဆင့် (national policy level) ပိုင်းက ဘယ်လိုမျိုးအခြေအနေ၊ ဘယ်လိုမျိုးအချက်အလက်နဲ့ ဘယ်လိုမျိုးမဟာဗျူဟာ (strategy) ကို အခြေခံ ပြီးတော့မှ နိုင်ငံကိုတည်ဆောက်မှာလဲကို စဥ်းစားဖို့လိုတယ်။
ရှိနေတဲ့ လူအင်အား၊ ရေမြေတောတောင်ကို အခြေခံပြီးတော့ ကျွန်တော့်အမြင် ပြောရမယ်ဆိုရင် နည်းပညာကိုအခြေပြုတဲ့ agricultural based စိုက်ပျိုးရေး စီးပွားရေး စနစ်တစ်ခုကို မဟာဗျူဟာ မြောက်မြောက် ချသင့်ပါတယ်။ အဓိကက အလုပ်လက်မဲ့တွေနဲ့ တစ်နှစ်နဲ့တစ်နှစ် စာသင်ကျောင်းတွေကနေ ဝေးကွာလာရတဲ့လူငယ်တွေကို အဓိက လက်ရှိအခြေအနေတွေမှာ ထည့်သွင်းစဥ်းစားဖို့ လိုပါတယ်။
ဆရာမပုလဲ၏ဆွေးနွေးချက်
ဒီလက်တွေ့ကမ္ဘာမှာရင်ဆိုင်နေရတဲ့ life skills ကို ကျောင်းသူကျောင်းသားတိုင်းက ပြင်ဆင်ထားဖို့ လိုအပ်တယ်။ ကမ္ဘာ့ကပ်ရောဂါကာလ (pandemic situation) မှာဆိုရင် ကျောင်းသူကျောင်းသားတွေက ဘယ်လိုမျိုး life skills ကို ပြင်ဆင်မှု preparation တွေ လုပ်ထားမလဲ၊ ကာကွယ်မှု prevent လုပ်ထားမလဲ၊ ဘယ်လိုမျိုး ကျော်လွှားမှု overcome လုပ်ထားမလဲ။ ဘယ်လိုမျိုး ကြံ့ကြံ့ခံမှု resilient ဖြစ်အောင် ပြင်ဆင်ထားမလဲ ဆိုတဲ့ဟာကို ထည့်သွင်းပြီးတော့ သင်ကြားပို့ချဖို့ လိုအပ်ပါတယ်။
၂၁ ရာစုမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ IT Skills နဲ့ digital literacy ကလည်း လူတိုင်း သိဖို့ လိုအပ်ပါတယ်။
အတန်းငယ်ငယ်ထဲကနေ ငွေရေးကြေးရေးဆိုင်ရာစီမံခန့်ခွဲမှု (financial management) ကို ဘယ်လိုမျိုး သင်ယူလို့ရမလဲဆိုတဲ့ platform တစ်ခုကို ရေးဆွဲပြီးတော့ ပို့ချဖို့ လိုအပ်တယ်။
၂၀၃၀ ခုနှစ်မှာ အမျိုးသားပညာရေးမဟာဗျူဟာအစီအစဉ် National Education Strategic Plan (NESP) နဲ့ သွားပြီး ကိုက်ညီ (in line) ဖြစ်တဲ့ မူဘောင် (frame) တွေနဲ့ပို့ချလိုက်တဲ့ အကြောင်းအရာတွေအားလုံးက စိစစ်ရမယ့်စာရင်း (checklists) တွေနဲ့သွားပြီးတော့ ကိုက်ညီမှုဖြစ်သလား၊ တိုက်ဆိုင်သလား၊ ဒီအကြောင်းအရာကို focus လုပ်ပြီး ဒီ value စံနှုန်းကို တန်ဖိုးထားပြီး တကယ်ကို ပို့ချနေလား၊ all inclusive ဖြစ်နေတာလား၊ သို့တည်းမဟုတ် ဒီ life skills ထဲမှာ ကျောင်းသူကျောင်းသားတွေ အတွက် resilient ဖြစ်အောင် ဒီ values တွေပါတာလား၊ millennium goals တွေနဲ့ in line ဖြစ်လားဆိုတဲ့ frame နဲ့ ကြည့်ရမှာ ဖြစ်ပါတယ်။
အဆင့်မြင့်ပညာ (higher education) ဖြစ်တဲ့ တက္ကသိုလ်တွေရဲ့အခန်းကဏ္ဍမှာဆိုရင်လည်း တက္ကသိုလ်တိုင်းမှာ သူတို့ရဲ့ theme တွေ philosophy တွေကို သေသေချာချာ ရေးဆွဲဖို့ လိုအပ်ပါတယ်။
basic ကနေ higher education ထိကို တကယ့်ကို လူတိုင်း အကြုံးဝင်တဲ့ inclusive society ဖြစ်ဖို့ inclusive knowledge platform ကို ဖန်တီးဖို့လည်း လိုပါတယ်။
ယခုတင်ဆက်သွားတဲ့အကြောင်းအရာ ကတော့ TMI Live Guiding Education Reform in Myanmar ရဲ့ Panel 3 အစီအစဉ်လေးရဲ့ ဒုတိယအပိုင်းလေးပဲ ဖြစ်ပါတယ်။
စကားဝိုင်းအစီအစဉ်လေးမှာ ပါဝင်ဆွေးနွေးပေးသွားတဲ့ ပညာရှင်အားလုံးရဲ့ ဆွေးနွေးချက်အကြောင်းအရာအားလုံးကို ပိုမိုလေ့လာသိရှိရန်အတွက်လည်း TMI Review: Archives from the Live — Guiding Education Reform in Myanmar Digital Booklet လေးကို လာမယ့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှာ ထုတ်ဝေပေးသွားမှာဖြစ်ပါတယ်။
စောင့်မျှော်ကြည့်ရှူပေးကြဖို့ကိုလည်း The Movement — မြန်မာအရွေ့မှ တိုက်တွန်းလိုက်ရပါတယ်။ စာအုပ်ထွက်ရှိလာရင် ချက်ချင်းသိနိုင်စေဖို့ The Movement — မြန်မာ့အရွေ့ရဲ့ Social Media တွေကို Follow လုပ်ထားဖို့လိုမယ်နော်။
Facebook: https://www.facebook.com/themovementmm
Instagram: https://www.instagram.com/themovementmm/
စုံလင်ကွဲပြားမှုကိုတန်ဖိုးထားအသိအမှတ်ပြုသည့် ပညာရေးသင်ရိုးညွှန်းတမ်းတစ်ခုရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားရမည့်စံတန်ဖိုးများ
The Movement — မြန်မာ့အရွေ့အဖွဲ့အစည်းအနေနဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့ ကနေ သြဂုတ်လ (၉) ရက်နေ့ အထိ TMI Live: Guiding Education Reform In Myanmar စကားဝိုင်းအစီအစဉ်လေးကို Online ကနေတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီထဲကမှ သြဂုတ်လ (၂)ရက်နေ့မှာ ကျင်းပပြုလုပ်သွားတဲ့” TMI Live Panel 3 : Raising the Value of Diversified Education in Myanmar’s Society စုံညီကွဲပြားသောပညာရေးတန်ဖိုးများအားမြှင့်တင်ခြင်း”တွင် အနာဂတ် ပညာရေးသင်ရိုးညွှန်းတမ်း(Curriculum)တစ်ခုကို ဖန်တီးတည်ဆောက်ရာ၌ ယခုတော်လှန်ရေးကာလကြောင့် လူငယ်လူရွယ်များ ပညာရေးနှင့်သိမှုဆိုင်ရာကွာဟချက်များ (Education and Knowledge Gap)မဖြစ်ရလေအောင် ယခင်ပညာရေး သင်ရိုးညွှန်းတမ်းဟောင်းမှ သွေဖယ်ကာ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ် များနှင့်အညီ ဒီမိုကရက်တစ် Format နှင့်ကိုက်ညီသော၊ထို့အပြင် ပညာရေး မတူကွဲပြားမှူရှိသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် တိုင်းရင်သားဒေသများတွင်ပါ သူ့ဒေသနှင့်သူ အံဝင်ခွင်ကျဖြစ်သော ပညာရေးသင်ရိုးညွှန်းတမ်းအသစ်တစ်ခု ဖြစ်ပေါ်လာရေးနှင့် ပက်သက်ပြီးဝင်ရောက်ဆွေးနွေးထားသည့် အကြောင်းအရာများထဲမှ ကောက်နုတ်ဖော်ပြတင်ဆက်ပေးခြင်းဖြစ်ပါသည်။
တက်ရောက်ဆွေးနွေးသူများ (Panelists)
Sayama May Pale’ Thwe (Sayama Pearl) — Founder and Chair, SMILE Myanmar
Saya Tim Aye Hardy — Co-Founder & Executive Director, Myanmar Mobile Education Project
Sayama — Masters in International Education and Development
မြန်မာနိုင်ငံ၏စုံလင်ကွဲပြားမှုကိုတန်ဖိုးထားအသိအမှတ်ပြုသည့် ပညာရေးသင်ရိုးညွှန်းတမ်းတစ်ခုရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားရမည့်စံတန်ဖိုးများနှင့် ပြင်ဆင်ရမည့်အချက်များ
ဆရာမ၏ဆွေးနွေးချက်များ
ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် အနယ်နယ် အရပ်ရပ်က နားလည်တတ်ကျွမ်းတဲ့ အသိပညာရှင် အတတ်ပညာရှင်တွေကို ဖိတ်ခေါ်ပြီးတော့ ဘယ်လိုနိုင်ငံတော်ကို သွားချင်လဲ၊ ဘယ်လိုပြဿနာတွေကိုဖြေရှင်းချင်လဲဆိုတဲ့ စိတ်ဆန္ဒလည်းရှိဖို့လိုသလို ပညာလည်းရှိဖို့လိုပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းရမယ့် သင်ရိုးညွှန်းတမ်း (curriculum) မျိုးရေးဆွဲရမယ်လို့မြင်မိပါတယ်။
Curriculum တစ်ခုဆွဲတဲ့နေရာမှာ ဖြစ်ချင်တဲ့၊ လိုချင်တဲ့စံတန်ဖိုးတွေကို ထည့်သွင်းစဉ်းစားပြီးတော့ ဆွဲဖို့လိုတယ်။ ကိုယ်မှားခဲ့တဲ့ဟာတွေရှိတယ်ဆိုရင်လို့ရှိရင်လည်း မှားခဲ့တဲ့ဟာတွေကို ကျွန်မတို့ ဘယ်လိုအမှန်ပြန်ပြင်အောင်လုပ်ပြီးတော့၊ တကယ်ကို လူမှုသဟဇာတ (socially cohesive) ဖြစ်တဲ့ society ကို ဘယ်လိုသွားမလဲဆိုတာကို စဥ်းစားဖို့လိုတယ်။ ဈေးကွက်စီးပွားရေးစနစ်ကြီးထဲမှာ ရှင်သန်နိုင်ဖို့ပဲဦးစားပေးတဲ့အရာတွေကိုပဲ တိုင်းတာတဲ့ assessment လုပ်တဲ့ စနစ်တွေထိလည်း လိုက်ပြီး ကြည့်ဖို့လိုပါတယ်။
Curriculum ရေးဆွဲတဲ့နေရာမှာ local content လို့ပြောတဲ့ ကိုယ့်တိုင်းပြည်မှာရှိတဲ့ တိုင်းဒေသကြီးပြည်နယ်တွေ၊ နေရာဒေသတွေမှာ လိုအပ်နေတဲ့၊ တိုင်းရင်းသားပြည်သူတွေ ကျောင်းသူကျောင်းသားတွေ၊ ဆရာဆရာမတွေ၊ ဒေသဆိုင်ရာမှာရှိနေတဲ့အသိပညာရပ်ဆိုင်ရာတွေကို ကျွမ်းကျွင်ပိုင်နိုင်ပြီးတော့ ရေးဆွဲနိုင်တဲ့ ဆရာဆရာမတွေ ဦးဆောင်ရမှာဖြစ်ပါတယ်။
ဆရာမပုလဲ၏ ဆွေးနွေးချက်များ
နည်းပညာအထောက်အပံ့ (Technical Support) ပေးရမယ့် နိုင်ငံတကာ (international) မှာ ဒီကနေ့ subject ပိုင်းဆိုင်ရာတွေက ဘာတွေများ အသစ်အသစ်တွေကိုရေးဆွဲနေပြီလဲဆိုတာကို သုတေသနလုပ်ပြီးတော့ ကျောင်းသူကျောင်းသားတွေ အားလုံးက ပညာရေးနှင့်သိမှုဆိုင်ရာကွာဟချက်တွေ (education and knowledge gaps) ကို မဖြစ်သွားအောင် အချိန်နဲ့တစ်ပြေးညီပြောင်းလဲနေတဲ့ ကျွန်မတို့ ဒီခေတ်မီတဲ့ကမ္ဘာကြီးမှာ တကယ့်ကိုလက်တွေ့ကျကျနဲ့ သူတို့တွေရဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်းရမယ်၊ ပံ့ပိုးပေးရမယ်။ ဒီဟာကိုရေးဆွဲပြီးတဲ့အခါမှာ သင်ကြားပို့ချမယ့်ဆရာဆရာမတွေ အတွက်လည်း စွမ်းဆောင်ရည်တည်ဆောင်မှု (capacity building) ကို ဘယ်လိုများ ပံ့ပိုးပေးမလဲဆိုတာ အမြဲတမ်းတွဲလျက် စဉ်းစားပြီးတော့ ပို့ချရမှာဖြစ်ပါတယ်။
အထူးအခွင့်အရေး (special needs) လိုအပ်နေတဲ့ မသန်စွမ်းကလေးတွေ အားလုံးအကျုံးဝင်အောင် သေသေချာချာစဉ်းစားပြီးရေးဆွဲဖို့လည်း အလွန်အရေးကြီးပါတယ်။
Curriculum ရေးဆွဲတဲ့နေရာမှာ blended learning ပုံစံမျိုးတွေရတဲ့နေရာကနေ၊ လက်လှမ်းမှီတဲ့နေရာကနေ ပညာရေးတွေကို ယူသွားလို့ရမယ့် curriculum design တွေ၊ ဒီအင်တာနက်ကို အလှမ်းဝေးနေတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေ၊ ရပ်ကျေးတွေ ထိရောက်အောင်စီစဉ်ဖို့ ဒီ curriculum ထဲမှာ ထည့်သွင်းပြီး စဉ်းစားဖို့လိုအပ်ပါတယ်။ နိုင်ငံတကာမှာက same old format နဲ့ same old theory အရ same old curriculum တွေကိုပဲ သွားနေတာမဟုတ်ဘဲနဲ့ တကယ့်ကို လိုအပ်ရင်လိုအပ်သလို သူ့ရဲ့ နှစ်နဲ့လနဲ့အပေါ်မှာ အခြေခံပြီးတော့မှ အမြဲတမ်းပြောင်းလဲပြီးတော့နဲ့ curriculum ကိုရေးဆွဲရမှာဖြစ်တယ်။
Curriculum ရေးဆွဲတဲ့နေရာမှာ တတ်သိဆိုင်ရာ ဆရာဆရာမကြီးတွေ၊ local ထဲမှာရှိတဲ့ ဆရာဆရာမတွေရဲ့ ကျွမ်းကျင်ရာ လိမ္မာရာတွေ အားလုံး၊ သူတို့ဆီကနေ input တွေအားလုံးကို စုဆောင်းလုပ်၊ သူတို့တွေအားလုံးကို ဒီတိုင်းဒေသကြီးနဲ့ပြည်နယ်တွေကို assignment တွေ ကြိုပေး၊ ဒီ ပြုပြင်ပြောင်းလဲရေး (reform) လုပ်တဲ့နေရာမှာ တကယ့် ဒီမိုကရက်တစ် Platform ထဲမှာ တစ်သားတည်းဖြစ်သွားအောင်
တာဝန်ဝတ္တရားတွေ (roles and responsibilities) ကို သူတို့ထဲကိုပေး၊ လိုအပ်တဲ့ technical support ကို အတတ်နိုင်ဆုံး ကူညီပေးနိုင်ပါတယ်။
ဆရာတင်​အေး​​၏ ဆွေးနွေးချက်များ
ဗဟိုဦးစီးချုပ်ကိုင်မှုလျော့ချသွားမယ့်စနစ်ဖြစ်တဲ့အတွက် ဒီတိုင်းရင်းသားဒေသတွေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ ကိုယ်သင်ချင်တဲ့ဘာသာရပ်တွေနဲ့ ကိုယ်သင်ချင်တဲ့ပုံစံနဲ့ သွားကြမယ်ဆိုတာကလည်း တော်တော်ကြီးကို စဉ်းစားရမယ့်အခြေအနေဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာ အကုန်လုံးက စုပေါင်းပြီးတော့ သဟဇာတဖြစ်ဖြစ်နဲ့၊ နေထိုင်ရှင်သန်ပြီးတော့ အနာဂတ်မှာ အောင်မြင်မှုတွေရအောင် သွားရမှာဖြစ်တဲ့အတွက် အချိတ်အဆက်တွေကတော့ ကောင်းဖို့လိုပါတယ်။
ရှိနေပြီးသား ခုနကပြောတဲ့ ဒီ local curriculum အပိုင်းကို တစ်ချက်ပြန်ကြည့်ပြီးတော့ ဘယ်လိုပုံစံနဲ့ ဒါကို လိုတိုးပိုလျှော့ လုပ်သင့်တာလား၊ ဒါမှမဟုတ် ဒီထပ်ပိုပြီးတော့ တိုးချဲ့ပြီးတော့သွားသင့်သလားဆိုတာကို စဉ်းစားသင့်ပါတယ်။
Supply အနေနဲ့ အရည်အသွေးရှိတဲ့ ဆရာဆရာမတွေက ဘယ်လောက်ရှိနေပြီလဲ၊ စီမံခန့်ခွဲအုပ်ချုပ်နိုင်မယ့် လူ့စွမ်းအား အရင်းအမြစ်တွေ ဘယ်လောက်ရှိလဲ၊ သင်ရိုးညွှန်းတမ်းဆွဲမယ့် သူတွေရဲ့ စွမ်းရည်တွေ၊ ကျောင်းသင်ထောက်ကူပစ္စည်းတွေ၊ စာသင်ကျောင်းတွေကလိုအပ်တဲ့ အခြေခံအဆောက်အအုံ (infrastructurep တွေကို လက်တွေ့ကျကျနဲ့စိစစ်သုံးသပ်ပြီးတော့ လက်ရှိအခြေအနေတွေမှာ သုံးသပ်ဖို့လိုပါတယ်။
Demand အနေနဲ့ သင်ယူသင်ကြားမယ့်သူတွေ ဘက်က ဘာတွေလိုအပ်နေလဲ၊ ဘာတွေဖြည့်စွမ်းပေးဖို့လိုမလဲ၊ သူတို့ရဲ့ အားသာချက်၊ အားနည်းချက်၊ စိတ်ပါဝင်စားမှု၊ လက်တွေ့ကျမှုတွေက ဘာတွေလဲဆိုတဲ့ လိုအပ်ချက်တွေ needs assessment၊ requirement တွေကိုလည်း သေချာလေ့လာသုံးသပ်ဖို့လိုပါတယ်။
​​အခြေခံစာတတ်မြောက်ရေး၊ အတွက်အချက်၊ ဘဝတွက်တာ၊ အခြေခံကျန်းမာရေးနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ အာဟာရဖြစ်အောင် ခန္ဓာကိုယ်ဖွံ့ဖြိုး တိုးတက်အောင် ဦးနှောက်တွေအလုပ်လုပ်အောင် ဘယ်လိုအစားအသောက်တွေနဲ့ ဘယ်လိုနေထိုင်ပြုမူ စားသောက်ရမလဲ၊ လူမှုဘဝဆက်ဆံရေးနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ ဘာသာရပ်တွေကို မူလတန်းနဲ့ အလယ်တန်းအဆင့်မှာ မဖြစ်မနေထည့်သွင်းပြီးတော့ စဉ်းစားပေးဖို့လိုတယ်။
အထက်တန်းအဆင့်ဆို ၂၁ ရာစု ကျွမ်းကျင်မှုဆိုတဲ့အရာအရ အင်္ဂလိပ်စာ၊ ICT၊ Employability skills၊ Communication တွေ Interview Skills တွေ တွေလိုအပ်
လောလောဆယ်မှာ မဟာဗျူဟာမြောက်မြောက် လက်တွေ့ကျကျ စဉ်းစားသုံးသပ်ပြီးတော့ လက်ရှိမှာ သန်းနဲ့ချီပြီးတော့ ရှိနေတဲ့ ကျောင်းသူကျောင်းသားတွေကို သင်ကြားသင်ယူမှုတွေ မဆုံးရှုံးသွားရအောင် တတ်နိုင်တဲ့ဘက်ကနေ ရရင်ရသလောက် အဆင်ပြေရင်ပြေသလို သင်ကြားသင်ယူမှုတွေကို အစဉ်ဆက်မပြတ် လုပ်သွားဖို့လိုတယ်။
စုံလင်ကွဲပြားမှုတွေ တန်ဖိုးထားတဲ့၊ စုံလင်ကွဲပြားမှုတွေ အပေါ်မှာ အခြေခံတဲ့ ပညာရေး သင်ရိုးညွှန်းတမ်းတွေ စဉ်းစားတဲ့ အခါကျရင် formal နဲ့ non-formal ကိုပါထည့်ပြီးတော့ စဉ်းစားဖို့လိုပါတယ်။
ယခုတင်ဆက်သွားတဲ့အကြောင်းအရာ ကတော့ TMI Live Guiding Education Reform in Myanmar ရဲ့ Panel 3 အစီအစဉ်လေးရဲ့ ပထမဦးဆုံးအပိုင်းလေးပဲ ဖြစ်ပါတယ်။
စကားဝိုင်းအစီအစဉ်လေးမှာ ပါဝင်ဆွေးနွေးပေးသွားတဲ့ ပညာရှင်အားလုံးရဲ့ ဆွေးနွေးချက်အကြောင်းအရာအားလုံးကို ပိုမိုလေ့လာသိရှိရန်အတွက်လည်း TMI Review: Archives from the Live — Guiding Education Reform in Myanmar Digital Booklet လေးကို လာမယ့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှာ ထုတ်ဝေပေးသွားမှာဖြစ်ပါတယ်။
စောင့်မျှော်ကြည့်ရှူပေးကြဖို့ကိုလည်း The Movement — မြန်မာအရွေ့မှ တိုက်တွန်းလိုက်ရပါတယ်။ စာအုပ်ထွက်ရှိလာရင် ချက်ချင်းသိနိုင်စေဖို့ The Movement — မြန်မာ့အရွေ့ရဲ့ Social Media တွေကို Follow လုပ်ထားဖို့လိုမယ်နော်။
Facebook: https://www.facebook.com/themovementmm
Instagram: https://www.instagram.com/themovementmm/
ဖယ်ဒရယ် ပညာရေးစနစ်တစ်ခုတွင် မဖြစ်မနေထည့်သွင်းရမည့် အခြေခံ အချက်များ နှင့် မူဝါဒပိုင်းဆိုင်ရာ ဆောင်ရန်၊ရှောင်ရန်များ
The Movement — မြန်မာ့အရွေ့အဖွဲ့အစည်းအနေနဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့ ကနေ သြဂုတ်လ (၉) ရက်နေ့ အထိ TMI Live: Guiding Education Reform In Myanmar စကားဝိုင်းအစီအစဉ်လေးကို Online ကနေတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီထဲကမှ ဇူလိုင်လ(၂၆)ရက်နေ့မှာ ကျင်းပပြုလုပ်သွားတဲ့ “TMI Live Panel 2: Not Staying Behind with Education During Interim Period:Towards Inclusive Education ကြားကာလအတွင်းပညာရေးနောက်ကောက်ကျမနေစေရေး-အားလုံးပါဝင်သော ပညာရေးဆီသို့” နဲ့ပက်သက်ပြီး Panelists တွေအနေနဲ့ နောင်လာမည့်အနာဂတ်မြန်မာ့အဆင့်မြင့် ဖက်ဒရယ်ပညာရေးစနစ်တွင် ယခု CDM လုပ်သောဆရာ၊ဆရာမများနှင့် CDM မလုပ်သောဆရာ၊ဆရာမများ၏အခန်းကဏ္ဍနှင့် တောင်တန်းရောပြည်မပါ တန်းတူညီမျှဖြစ်နိုင်မည့် ပညာရေးအခွင့်အလမ်းများကို ဦးစားပေးလုပ်ဆောင်ပြီး အဓိကအားဖြင့် အခြေခံပညာရေးအားနည်းသည့်ပြည်နယ်နှင့်ဒေသများကို ပိုမိုထပ်လောင်းအားဖြည့်ရန်၊ တစ်နိုင်ငံလုံး တိုင်းရင်းသားဘာသာစကား ပြန့်ပွားတတ်မြောက်လာရေး ကို အလေးပေးဦးတည် ဆောင်ရွက်နိုင်ရန်စသည့်အကြောင်းအရာများနှင့် ပက်သက်ပြီး ဝင်ရောက်ဆွေးနွေးထားသည့်အကြောင်းအရာများထဲမှ ကောက်နုတ်ဖော်ပြ တင်ဆက်ပေးခြင်းဖြစ်ပါသည်။
တက်ရောက်ဆွေးနွေးသူများ (Panelists)
ကိုနန်းလင်း (Co-founder, University Students’ Unions Alumni Force)
ကိုညီဇော် (President, University of Yangon Student and Virtual Federal University)
ကိုဥဂ္ဂါမြတ် (President, University of Medicine — 2 Yangon, Students’ Union)
ကိုမင်းဟန်ထက် (President, Dagon University Student Union, Spokesperson for Yangon-based University Students’ Unions)
ကြားကာလအလွန် ဖက်ဒရယ်ပညာရေး ထူထောင်နိုင်ချိန် ၎င်းပညာရေးစနစ်အပေါ်အမြင်နှင့် ဖက်ဒရယ် ပညာရေးစနစ်အသစ်တစ်ခုမှာ မဖြစ်မနေပါဝင်ရမည့် အခြားအကြောင်းအချက်များ
ကိုဥဂ္ဂါမြတ်၏ဆွေးနွေးချက်
အားလုံးပါဝင်နိုင်ဖို့ အခက်အခဲရှိသော်လည်း သင်ယူလိုသူတွေရှိနေတဲ့အခါမှာ ပညာသင်ကြားရေးအစီအစဥ်တွေကို ဖော်ဆောင်ပေးဖို့လိုတယ်။ ကြားကာလအပြီး ပြန်လည်ထူထောင်ရေးကာလ၊ ကူးပြောင်းရေးကာလတွေရောက်တဲ့အခါမှာ ဒီလူငယ်တွေအနေနဲ့လည်း အဲ့ကာလတွေအထိ မျှော်မှန်းပြီးတော့ အခုအချိန်ကစပြီး တော်လှန်ရေးနဲ့အတူတူ ကိုယ့်ကိုယ့်ကိုမွမ်းမံလို့ရပါတယ်။
ပညာအထက်မှာ ဘယ်သူမှမရှိဘူးဆိုတဲ့အတိုင်းပဲ ပညာရေးကဏ္ဍတွေ အရည်အသွေးမြင့်ကဏ္ဍတွေဖြစ်လာဖို့အတွက် အားလုံးဝိုင်းဝန်းကြိုးစားကြရမယ်။ ကျောင်းသားကျောင်းသူတွေသည် ကိုယ့်ရဲ့ အတွေးအခေါ်တွေ၊ ဆွေးနွေးချက် ဝေဖန်ချက်တွေကို လွတ်လပ်စွာဖော်ထုတ်နိုင်တဲ့ ပညာ့အသိုင်းအဝိုင်းတွေကို ဖွဲ့စည်း တည်ထောင်ရမယ်။ သင်ယူမှုဆိုင်ရာတရားဝင်အသိအမှတ်ပြုမှု (Learning Accreditation) လိုကိစ္စတွေကို ကြားကာလပညာရေးအစီအစဥ်တွေကနေစပြီးတော့ ရှေ့ကိုမျှော်မှန်းကာ ထည့်သွင်းကျင့်သုံးနိုင်ရေးအထိ လိုအပ်ပါတယ်။
ဒီကြားကာလပညာသင်ရေးအစီအစဥ်တွေမှာ ရှေ့ဆက်ပြီးတော့ အရည်အသွေးမီတဲ့ပညာရေးအစီအစဥ်တွေကို ဖော်ဆောင်တဲ့အခါမှာ အခြေခံရမယ့် အချက် သုံးချက်ရှိပါတယ်။
(၁) ကျောင်းသူကျောင်းသားတွေ လွတ်လပ်စွာ တွေးခေါ်ယူပိုင်ခွင့်နဲ့ လွတ်လပ်စွာ ပြောဆိုနိုင်ခွင့်တွေကို အားပေးရမယ်။
(၂) ကျောင်းသူကျောင်းသားတွေ ကိုယ်တိုင် လွတ်လပ်စွာ သင်ယူနိုင်မယ့်အခွင့်အလမ်းနဲ့ သင်ယူမှုနည်းလမ်းတွေကိုလည်း အခြေခံပြီး အားပေးရမယ်။
(၃) နားလည်တတ်မြောက်မှု၊ ကိုယ်တိုင် ဆင်ခြင်ဆန်းစစ်နိုင်မှုတွေ၊ ကိုယ်တိုင် ဝေဖန်ပိုင်းခြားသုံးသပ်မှု၊ စူးစမ်း​လေ့လာမှု၊ ကိုယ်တိုင်ကိုယ်ကျ ပါဝင်​လေ့လာမှုတွေကို တိုက်တွန်းအားပေးတဲ့သင်ယူလေ့လာမှုနည်းလမ်းတွေကို ဖော်ဆောင် အခြေခံရမယ်။
သက်ဆိုင်တဲ့ ပညာရေးအင်စတီကျူးရှင်းတွေအကုန်လုံး အစိုးရ (public) ဖြစ်ဖြစ်၊ ပုဂ္ဂလိက (private) ဖြစ်ဖြစ် အကုန်လုံး ဒီဟာနဲ့ ပတ်သက်ပြီး ကူညီကြရမယ်လို့ မြင်တယ်။
ကိုမင်းဟန်ထက်၏ဆွေးနွေးချက်
တက္ကသိုလ်ကောင်စီတွေ အသီးသီးကို autonomy လို့ဆိုရမယ့် အခြေအနေတော့မရှိသေးပေမဲ့ တက္ကသိုလ်ကောင်စီတွေကလည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ စီမံခန့်ခွဲမှုတွေနဲ့ အခုအချိန်မှာခရီးဆက်နေကြတယ်။ ခြေလှမ်းတွေ စလှမ်းနေကြတယ်။ ဒီကာလအတွင်းမှာတော့ ကျောင်းသားကျောင်းသူတွေကိုယ်တိုင် အွန်လိုင်းကိုသုံးပြီးဖြစ်စေ၊ သို့တည်းမဟုတ် အချင်းချင်း ပြန်ပြီးတော့ sharing လုပ်ပြီးတော့ ဖြစ်စေ၊ ကိုယ့်ဘာသာကိုယ် self-study လေ့လာပြီးတော့ဖြစ်စေ၊ ကမ္ဘာအနှံ့ကို ခြေဆန့်ပြီးတော့ လေ့လာနိုင်တယ်ဆိုတဲ့အလေ့အကျင့်တွေကို ကျောင်းသားတွေကို မိတ်ဆက်ပေးဖို့လိုတယ်။
ကျောင်းသားကျောင်းသူတွေအတွက် အဲ့လို အခင်းအကျင်းမျိုးကို ကျွန်တော်တို့ ကိုယ်တိုင်ရယ်၊ တက္ကသိုလ်ကောင်စီတွေ၊ NUG အနေနဲ့ ဖန်တီးပေးဖို့လိုပါတယ်။ တက္ကသိုလ်ကောင်စီတွေ၊ ကြားကာလထဲမှာ လုပ်ဆောင်နေတဲ့ ပညာရေးနဲ့ပတ်သက်တဲ့အစုအဖွဲ့တွေ အားလုံးက ဗဟိုချုပ်ကိုင်မှုနည်းတဲ့မူဝါဒတွေ၊ စနစ်တွေကို ကိုင်ဆွဲပြီးတော့ ဆက်လက်ချီတက်ရလိမ့်မယ်။
နောင်အနာဂတ်မြန်မာ့ပညာရေးအတွက်ပြင်ဆင်ရာ၌ မူဝါဒပိုင်းဆိုင်ရာနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ
ကိုနန်းလင်း၏ဆွေးနွေးချက်
အချို့ပညာရေးစနစ်မှာ နည်းပညာကိုဇောင်းပေးတဲ့အယူအဆရှိတယ်။ တချို့နိုင်ငံတွေဆိုရင် လွတ်လပ်တဲ့အတွေးအခေါ်နဲ့ကျင့်ဝတ်တွေကို ဇောင်းပေးသင့်တယ်ဆိုတဲ့အယူအဆတွေရှိတယ်။ ဆိုတော့ လာမယ့် ဖက်ဒရယ်ပညာရေးစနစ်သစ်မှာ နည်းပညာကို ဇောင်းပေးတည်ဆောက်မလား၊ လူသားဆန်မှုကို ဇောင်းပေးတည်ဆောက်မလား ဆိုတာမျိုးက မြန်မာနိုင်ငံအတွက်လည်း စဥ်းစားသင့်တဲ့ ကိစ္စရပ်ဖြစ်တယ်။
ဖက်ဒရယ်နဲ့ ဆက်စပ်တာဖြစ်တဲ့အတွက် တိုင်းရင်းသားဘာသာစကားကိစ္စကို ထည့်သွင်းစဥ်းစားရမယ်။ တိုင်းရင်းသားဘာသာစကားတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုးပြန့်ပွားလာအောင်၊ ထွန်းကားလာအောင် သင်ကြားသင်ယူမှုပုံစံတွေ ပိုရှိလာအောင် ဘယ်လိုလုပ်မလဲဆိုတာမျိုးလည်း ပါဝင်ရမှာဖြစ်တယ်။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ
(NUCC) က ဖက်ဒရယ်ပဋိညာဥ်နဲ့ပတ်သက်ပြီး ရေးဆွဲနေတာရှိတယ်။ အဲ့ဒီမှာလည်း သက်ဆိုင်ရာပြည်နယ်တွေကို လုပ်ပိုင်ခွင့်အပြည့်အဝပေးမယ်ဆိုတာမျိုးတွေရှိတယ်။ ဘဏ္ဍာရေးနဲ့ပတ်သက်ပြီးတော့ တက္ကသိုလ်တွေကလည်း သက်ဆိုင်ရာပြည်နယ်အစိုးရတွေရဲ့ထိန်းချုပ်မှု အောက်ကို ရောက်သွားဖို့ရှိတယ်။ သက်ဆိုင်ရာ ပြည်နယ်တွေအောက်မှာ တက္ကသိုလ်တွေရှိခြင်းအားဖြင့် တက္ကသိုလ်တွေက ဘဏ္ဍာရေးအရ ပိုပြီးတော့လွတ်လပ်မှု ရှိလာအောင် ဖန်တီးပေးသင့်ပါတယ်။
လာမယ့် ဖက်ဒရယ်ပညာရေးစနစ်သစ်မှာ ဆရာဆရာမတွေကို နိုင်ငံ့ဝန်ထမ်းဆိုတဲ့ တင်းကျပ်တဲ့စည်းကမ်းဘောင်ကနေ လွတ်ကင်းအောင်လုပ်ပြီး သူတို့ရဲ့ ပညာရေးဆိုင်ရာအယူအဆ၊ ပညာရေးဆိုင်ရာအတွေးအ​ခေါ်၊ ပညာရေးဆိုင်ရာအလုပ်တွေ လုပ်နိုင်တဲ့ အခြေအနေ အခင်းအကျင်းမျိုး ဖန်တီးပေးဖို့လိုပါတယ်။ CDM လုပ်တဲ့သူ၊ မလုပ်တဲ့သူတွေကို ဘယ်လိုမျိုး ပညာရေးစနစ်သစ်မှာသွားရမလဲဆိုတာတွေကို ထည့်သွင်းစဥ်းစားသွားရမှာဖြစ်တယ်။
တောင်တန်းပြည်မ မျှချေရှိအောင် အထူးသဖြင့် ချင်းပြည်နယ်တို့ ကချင်ပြည်နယ်တို့မှာ အခြေခံပညာရေးအတွက် ပိုပြီးတော့ရင်းနှီးမြှုပ်နှံ (invest) လုပ်ဖို့လိုတယ်။ တိုင်းရင်းသားဒေသက ပညာရေးနဲ့ ဘယ်လိုမျိုးတွေ ပေါင်းစပ်နိုင်မလဲ၊ လွှမ်းခြုံနိုင်မလဲ စဥ်းစားဖို့လိုပါတယ်။
ယခုတင်ဆက်သွားတဲ့အကြောင်းအရာ ကတော့ TMI Live — Guiding Education Reform in Myanmar ရဲ့ Panel 2 အစီအစဉ်လေးရဲ့ နောက်ဆုံး တတိယအပိုင်းလေးပဲ ဖြစ်ပါတယ်။
နောင်လာမည့်အပတ်တွေမှာလည်း “Raising the Value of Diversified Education in Myanmar’s Society — စုံညီကွဲပြားသော ပညာရေးတန်ဖိုးများအားမြှင့်တင်ခြင်း “ Panel 3 အစီအစဉ်လေးရဲ့ Panelists များ၏ ဆွေးနွေးတင်ပြချက်များကို ကောက်နုတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့် ဆက်လက်စောင့်မျှော် ကြည့်ရှူပေးကြဖို့ကိုလည်း ပြောကြားလိုပါတယ်။
စကားဝိုင်းအစီအစဉ်လေးမှာ ပါဝင်ဆွေးနွေးပေးသွားတဲ့ ပညာရှင်အားလုံးရဲ့ ဆွေးနွေးချက်အကြောင်းအရာအားလုံးကို ပိုမိုလေ့လာသိရှိရန်အတွက်လည်း TMI Review: Archives from the Live — Guiding Education Reform in Myanmar Digital Booklet လေးကို လာမယ့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှာ ထုတ်ဝေပေးသွားမှာဖြစ်ပါတယ်။
စောင့်မျှော်ကြည့်ရှူပေးကြဖို့ကိုလည်း The Movement-မြန်မာအရွေ့မှ တိုက်တွန်းလိုက်ရပါတယ်။ စာအုပ်ထွက်ရှိလာရင် ချက်ချင်းသိနိုင်စေဖို့ The Movement — မြန်မာ့အရွေ့ရဲ့ Social Media တွေကို Follow လုပ်ထားဖို့လိုမယ်နော်။
Facebook: https://www.facebook.com/themovementmm
Instagram: https://www.instagram.com/themovementmm/
ကြားကာလအတွင်း တစ်နိုင်ငံလုံး လွှမ်းခြုံပညာရေးတစ်ခုဖော်ဆောင်ရာတွင် အစိုးရနှင့် ကျောင်းသားကျောင်းသူနှစ်ရပ်စလုံး ပါဝင်လုပ်ဆောင်သင့်သည့် အခန်းကဏ္ဍ
The Movement — မြန်မာ့အရွေ့အဖွဲ့အစည်းအနေနဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့ မှ သြဂုတ်လ (၉) ရက်နေ့ အထိ TMI Live: Guiding Education Reform In Myanmar စကားဝိုင်းအစီအစဉ်လေးကို Online ကနေတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီထဲကမှ ဇူလိုင်လ(၂၆)ရက်နေ့မှာ ကျင်းပပြုလုပ်သွားတဲ့ “TMI Live Panel 2: Not Staying Behind with Education During Interim Period: Towards Inclusive Education ကြားကာလအတွင်းပညာရေးနောက်ကောက်ကျမနေစေရေး — အားလုံးပါဝင်သော ပညာရေးဆီသို့” နဲ့ပတ်သက်ပြီး Panelists တွေအနေနဲ့ မိမိတို့ NUG အစိုးရ၏ လူငယ်လူရွယ်များအားလုံးအတွက် အခြေခံမှအစပြုကာ အဆင့်မြင့်ပညာရေးအထိ အားလုံးလွှမ်းခြုံသွားနိုင်ရေးကိုဦးတည်ထားပုံ၊ “တော်လှန်ရေးလုပ်ရင်းနဲ့ လေ့လာ ၊လေ့လာရင်းနဲ့ တော်လှန်ရေးလုပ်” ဆိုသည့်အတိုင်း ကြားကာလနှင့်ကြားကာလအလွန် ပညာရေးခရီးလမ်းဆက်လက်ပေါက်မြောက်အောင်မြင်ဖို့အတွက် ပညာရေးလက်လှမ်းမှီနိုင်သောနေရာများတွင် ပညာရရှိရေးကို ကြားကာလပညာရေးကောင်စီများက ဦးစီးဦးဆောင်ပြုလုပ်ပေးရန်နှင့် ပညာရေးလက်လှမ်းမမှီနိုင်သောနေရာများတွင်လည်း တစ်ဦးတစ်ယောက်မှအစပြုကာ မိမိကိုယ်တိုင် ကိုယ်ထူကိုယ်ထလေ့လာသင်ကြားမှုများ ဆက်လက်ပြုလုပ်သွားရန်အရေးကြီးကြောင်း စသည့်အကြောင်းအရာများနှင့် ပတ်သက်ပြီး ဝင်ရောက်ဆွေးနွေးထားသည့်အကြောင်းအရာများထဲမှ ကောက်နုတ်ဖော်ပြ တင်ဆက်ပေးခြင်းဖြစ်ပါသည်။
တက်ရောက်ဆွေးနွေးသူများ (Panelists)
ကိုနန်းလင်း (Co-founder, University Students’ Unions Alumni Force)
ကိုညီဇော် (President, University of Yangon Student and Virtual Federal University)
ကိုဥဂ္ဂါမြတ် (President, University of Medicine — 2 Yangon, Students’ Union)
ကိုမင်းဟန်ထက် (President, Dagon University Student Union, Spokesperson for Yangon-based University Students’ Unions)
NUG အစိုးရ၊ ကြားကာလတက္ကသိုလ်ကောင်စီနှင့် အခြားပုဂ္ဂလိကပညာရေးအစီအစဉ်တွေအပေါ် သဘောထားအမြင်နှင့် ၎င်းတို့၏လိုအပ်ချက်များအပေါ်အကြံပြုချက်များ
ကိုနန်းလင်း၏ဆွေးနွေးချက်
စင်ပြိုင်ပြောပြော၊ တွန်းလှန်မှုရှိတယ်ပြောပြော NUG မှာ ဆောင်ရွက်မှု (acting) ပြုလုပ်လို့ရတဲ့ အနေအထားအများကြီးမရှိဘူး။ အင်တာနက်အခြေပြုဆိုတော့ အားလုံးလွှမ်းခြုံဖို့က ခက်နေတယ်။ ဒါကြောင့် အခုက အားလုံးလွှမ်းခြုံနိုင်ဖို့အခြေအနေ တစ်ခုလိုနေတာဖြစ်တယ်။
လက်ရှိသင်ကြားနေတဲ့ platform တွေနဲ့ တကယ့် formal education တစ်ခုဖြစ်လာရင် ဘယ်လိုပေါင်းကူးမှာလည်းဆိုတာကို ရှင်းရှင်းလင်းလင်း မသိရ​သေးတာကြောင့် ဒီအတွက်လည်း စဥ်းစားဖို့ရန်လိုပါတယ်။
NUG က အခြေခံနှင့်ပတ်သက်ရင်သော်လည်းကောင်း၊ အဆင်မြင့်နှင့်ပတ်သက်ရင်သော်လည်းကောင်း တိုင်းရင်းသားဒေသမှာလက်ရှိဦးစီးဦးဆောင်လုပ်နေတဲ့oအဖွဲ့တွေနဲ့ ပိုမိုထိတွေ့နီးစပ်ပြီးအလုပ်လုပ်ဖို့ ပိုကောင်းတယ်လို့ မြင်ပါတယ်။ နည်းလမ်းရှာရလိမ့်မယ်လို့လည်းထင်ပါတယ်။
ဒီပညာရေးနဲ့ပိုပြီး တစိုက်မတ်မတ်လုပ်နိုင်မယ့်ပုဂ္ဂိုလ်မျိုးနဲ့ တွဲဆက်လုပ်ကိုင်တာဖြစ်ဖြစ်၊ ပုံစံတစ်ခုနဲ့ လုပ်နိုင်တာဖြစ်ဖြစ်၊ မူဝါဒကော်မရှင်မှာ အဲ့လိုပုဂ္ဂိုလ်မျိုးခန့်အပ်တာဆို ပိုကောင်း၊ ပိုပြီးရှေ့ရောက်ပါလိမ့်မယ်။
ကြားကာလယန္တရားလည်ပတ်ရန် ဆောင်ရွက်သင့်သည့် အခြားနည်းလမ်းများ
ကိုမင်းဟန်ထက်၏ဆွေးနွေးချက်
နည်းပညာအရ online learning ကို ကျောင်းသားကျောင်းသူတွေက လက်လှမ်းမမှီတဲ့ ကိစ္စမျိုး၊ အင်တာနက်မရတဲ့ဒေသတွေ၊ အင်တာနက်အပိတ်ခံထားရတဲ့ဒေသတွေ၊ တိုက်ပွဲတွေ​ဖြစ်နေတဲ့၊ စစ်ဘေးရှောင်နေရတဲ့ဒေသတွေအတွက် online learning က တော်တော်လေး ခေါင်းခဲစရာဖြစ်ပါတယ်။ ကျောင်းသားအရွယ်လူငယ်တွေအများစုက ဒီတော်လှန်ရေးရဲ့အစိတ်အပိုင်းတွေထဲမှာ အများကြီးပါဝင်နေကြလို့ အားလုံးအကျုံးဝင်ပညာရေး (all inclusive education) ဖြစ်ဖို့ဆိုတာကတော့ ဒီကာလအတွင်းမှာ အင်မတန်ခက်ခဲတယ်လို့ မြင်တယ်။
အားလုံးအကျုံးဝင်ပညာရေးကြီးကို ဒီအချိန်မှာ မရမကဆွဲဖို့လုပ်နေမယ့်အစား ဒီအချိန်မှာ ရှိနေတဲ့သူနဲ့စပြီးတော့ နောင်လာမယ့်ဖက်ဒရယ်ပညာရေး၊ ဒီမိုကရေစီပညာရေးအတွက်စပြီးတော့ ခြေလှမ်းလှမ်းနိုင်မယ့်ကိစ္စတွေကို ကြိုလှမ်းထားသင့်ပြီဖြစ်တယ်။
online learning နဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ကြားကာလထဲမှာ အများကြီးခြေလှမ်းတွေလှမ်းလို့ရတယ်။ တော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်စေမယ့်ပညာရပ်မျိုးတွေကို ကြားကာလထဲမှာ ကြားကာလကောင်စီအပါအဝင် တခြားသော ပုဂ္ဂလိကဆောင်ရွက်နေကြတဲ့ပညာရေးအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ ပညာရှင်တွေကနေ ဆောင်ရွက်သွားလို့ရပါတယ်။ NUG ရဲ့ MoE အနေနဲ့က စံတစ်ခုကို သတ်မှတ်ထားပေးပြီးတော့ ယခုအတိုင်း ကြားကာလကောင်စီတွေက အကောင်အထည်ဖော်တာတွေအပေါ်မှာ ကြားကာလကောင်စီတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် (autonomy) အပြည့်အဝ ပေးဖို့လိုပါတယ်။
အားလုံးလွှမ်းခြုံပညာရေးအတွက်ခက်ခဲနေချိန် ကျောင်းသားကျောင်းသူများ တက်ကြွစွာပါဝင်လာနိုင်ရန်နှင့် မိမိကိုယ်တိုင်လေ့လာမှုများဆောင်ရွက်နိုင်ရန် အကြံပြုချက်များ
ကိုနန်းလင်း၏ဆွေးနွေးချက်
လူငယ်တွေက တော်လှန်ရေးလုပ်ရင်းနဲ့လေ့လာ၊ လေ့လာရင်းနဲ့တော်လှန်ရေးလုပ်ဆိုတာမျိုးနဲ့ ဆက်သွားရမယ်။ ရပ်ကွက်အလိုက်၊ လမ်းအလိုက်ဖြစ်ဖြစ်၊ နီးစပ်ရာဝန်းကျင်ပဲဖြစ်ဖြစ် ပြန်ပြီး sharing လုပ်တာတွေ၊ ကိုယ့်တစ်ကိုယ်စာ သင်ယူမှု လုပ်တာတွေ လုပ်နိုင်ပါတယ်။
ကိုညီဇော်၏ဆွေးနွေးချက်
လက်ရှိ ကြားကာလပညာရေးသွားနေတဲ့သူတွေက အင်တာနက်ကိုအခြေခံတာဖြစ်လို့ လက်လှမ်းမမှီတဲ့နေရာတွေရောက်နေကြတဲ့သူတွေမှာလည်း အခက်အခဲရှိနေတယ်။ တခြားသော လုံခြုံရေးအကြောင်းကြောင့်သော်လည်းကောင်း မျိုးစုံရှိနေတယ်။ ဒီအပေါ်မှာလည်း ကျောင်းသားသမဂ္ဂနဲ့ ကျောင်းကောင်စီတွေ ဝိုင်းပြီးတော့ စဥ်းစားအဖြေရှာနေကြတဲ့ အခြေအနေမျိုးတော့ ရှိပါတယ်။ ဒီအင်တာနက် မပါတဲ့ အ​ခြေအနေမျိုးမှာရော ဘယ်လိုတွေလုပ်နိုင်လဲဆိုတာမျိုး စဥ်းစားဖို့လိုတယ်။ ရုပ်သံလိုင်းတွေ ရေဒီယိုလိုင်းတွေနဲ့ ချိတ်ဆက်တာမျိုး၊ နောက် ကွန်ရက်တွေထားပြီးတော့ ကျောင်းသားတွေ ကြားထဲကို စာဖိုင်၊ အသံဖိုင်၊ ဗီဒီယိုဖိုင်တွေ စသဖြင့် resource တစ်ခုကနေ မျှဝေနိုင်တဲ့ အ​ခြေအနေမျိုးတွေ အတွက်လည်း ပြင်ဆင်နိုင်တယ်။ ဒီပညာရပ်ကို မျှဝေနိုင်တဲ့ ရပ်ရွာအခြေပြုစာသင်ဝိုင်းတွေ community တွေထူထောင်ကြဖို့တိုက်တွန်းပါတယ်။
NUG အစိုးရအနေနဲ့ရော၊ ကြားကာလ တက္ကသိုလ်ကောင်စီတွေ အနေနဲ့ရော၊ ကြားကာလ ​ပညာရေးအတွက် လှုပ်ရှားနေကြတဲ့ အစုအဖွဲ့နဲ့အသင်းအဖွဲ့တွေကနေ ဝိုင်းပြီးတော့ ဒီအပေါ်မှာ ဆွေးနွေးလို့ရနိုင်တယ်။ သုတေသန ပြုလို့ရနိုင်တယ်။ ထူထောင်လို့ရနိုင်တယ်။
နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ဖြစ်နေတဲ့ကာလအတွင်းမှာ တိုင်းရင်းသားဒေသတွေမှာ၊ လူမျိုးစုလက်နက်ကိုင်ဒေသတွေမှာ သူတို့ပညာရေးကို ဘယ်လိုထူထောင်ခဲ့သလဲ။ စစ်ဖြစ်နေတဲ့အခက်အခဲအတွင်းမှာ စစ်ဘေးရှောင်စခန်းမှာ ဘယ်လိုမျိုးပညာရေး စဥ်ဆက်မပြတ်အောင် လုပ်ခဲ့ကြလဲဆိုတာကို လေ့လာလို့ ရနိုင်ပါတယ်။
ယခုတင်ဆက်သွားတဲ့အကြောင်းအရာ ကတော့ TMI Live Guiding Education Reform in Myanmar ရဲ့ Panel 2 အစီအစဉ်လေးရဲ့ တတိယအပိုင်းလေးပဲ ဖြစ်ပါတယ်။
စကားဝိုင်းအစီအစဉ်လေးမှာ ပါဝင်ဆွေးနွေးပေးသွားတဲ့ ပညာရှင်အားလုံးရဲ့ ဆွေးနွေးချက်အကြောင်းအရာအားလုံးကို ပိုမိုလေ့လာသိရှိရန်အတွက်လည်း TMI Review: Archives from the Live — Guiding Education Reform in Myanmar Digital Booklet လေးကို လာမယ့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှာ ထုတ်ဝေပေးသွားမှာဖြစ်ပါတယ်။
စောင့်မျှော်ကြည့်ရှူပေးကြဖို့ကိုလည်း The Movement-မြန်မာအရွေ့မှ တိုက်တွန်းလိုက်ရပါတယ်။ စာအုပ်ထွက်ရှိလာရင် ချက်ချင်းသိနိုင်စေဖို့ The Movement — မြန်မာ့အရွေ့ရဲ့ Social Media တွေကို Follow လုပ်ထားဖို့လိုမယ်နော်။
Facebook: https://www.facebook.com/themovementmm
Instagram: https://www.instagram.com/themovementmm/
ကြားကာလနှင့် ကြားကာလအလွန် ရှေ့ဆက်အနာဂတ်အဆင်မြင့်ပညာရေးစနစ်၌ မရှိသင့်တော့သည့် အကြောင်းအရာများ
တက်ရောက်ဆွေးနွေးသူများ (Panelists)
Ko Nann Lin (Co-founder, University Students’ Unions Alumni Force)
Ko Nyi Zaw (President, University of Yangon Student and Virtual Federal University)
Ko Ogga Myat (President, University of Medicine — 2 Yangon, Students’ Union)
Ko Min Han Htet (President, Dagon University Student Union, Spokesperson for Yangon-based University Students’ Unions)
ကိုညီဇော်၏ဆွေးနွေးချက်
စကားဝိုင်းအစီအစဉ်လေးမှာ ပါဝင်ဆွေးနွေးပေးသွားတဲ့ ပညာရှင်အားလုံးရဲ့ ဆွေးနွေးချက်အကြောင်းအရာအားလုံးကို ပိုမိုလေ့လာသိရှိရန်အတွက်လည်း TMI Review: Archives from the Live — Guiding Education Reform in Myanmar Digital Booklet လေးကို လာမယ့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှာ ထုတ်ဝေပေးသွားမှာဖြစ်ပါတယ်။
စောင့်မျှော်ကြည့်ရှူပေးကြဖို့ကိုလည်း The Movement-မြန်မာအရွေ့မှ တိုက်တွန်းလိုက်ရပါတယ်။
စာအုပ်ထွက်ရှိလာရင် ချက်ချင်းသိနိုင်စေဖို့ The Movement — မြန်မာ့အရွေ့ရဲ့ Social Media တွေကို Follow လုပ်ထားဖို့လိုမယ်နော်။
Facebook: https://www.facebook.com/themovementmm
Instagram: https://www.instagram.com/themovementmm/