Function in Programming
Programming ကိုအခုမှစလုပ်မယ့်လူတွေအတွက် function ဆိုတာနားလည်ထားဖို့လိုအပ်ပါတယ်။ဒါမှပဲတခြားဟာတွေဆက်လေ့လာနိုင်မှာဖြစ်တယ်။ ဒီထဲမှာတော့ C++ ဆိုတဲ့ programming language ကိုသုံးပြီး Function အကြောင်းကို အကြမ်းဖျင်းပြောပြသွားပါမယ်။
Function တွေကို သစ်သီးဖျော်စက် (smoothie blender) အနေနဲ့ တွေးကြည့်လို့ရတယ်။
Blender ထဲကို အသီးတွေထည့်ပြီး ခလုတ်နှိပ်လိုက်ရင် ဖျော်ရည် ရသလို Function တွေကလည်း input ထည့်ပေးရင် output ပြန်ပေးလေ့ရှိတယ်။
အခု Blender နဲ့တူတဲ့ function ကို C++ သုံးပြီးရေးကြည့်မယ်။
C++မှာ function တစ်ခုစရေးမယ်ဆိုရင် အဲ့ function ရဲ့ output (return value) က ဘာ type လည်းဆိုတာက စရေးရတယ်။ အခု function က blender ဆိုတော့ အဲ့ကပြန်ပေးမယ့် type က fluid လို့ထားလိုက်မယ်။ ဒါက မြင်သာအောင်ဥပမာပေးလိုက်တာပါ။ C++ မှာ fluid ဆိုတဲ့ type မရှိပါဘူး။
Return type ရဲ့နောက်မှာ function name ရေးရတယ်။ ဒါမှသူ့ကိုေနာက်တစ်ခါပြန်ခေါ်သုံးလို့ရမှာ။ blender လို့ပေးလိုက်မယ်။
fluid blender()
Function name ပြီးရင် ဘာ input တွေလက်ခံမလဲဆိုတာ သတ်မှတ်ပေးရတယ် အဲ့တာကို parameters လို့ခေါ်တယ် သူ့ကို () ထဲမှာရေးလေ့ရှိတယ်။
အခု blender မှာဆိုတော့ သစ်သီးဖြစ်မှာပါ။ အဲ့တော့ (fruit) လို့သတ်မှတ်ပေးလိုက်မယ်။
fluid blender(fruit)ပြီးရင် ကျန်တာက function body။ အဲ့အပိုင်းက function တစ်ခုရဲ့ လုပ်ဆောင်ချက် process တွေကို သတ်မှတ်တာ။{} အထဲမှာရေးရတယ်။ အခုblender function ထဲမှာဆိုရင် စက်ထဲက ဓားသွားလှည့်တာတွေဘာတွေကို ဒီထဲမှာရေးရမယ်။
fluid blender(fruit){
...
//process of the function
...
}အဲ့လုပ်ဆောင်ချက်တွေရဲ့အောက် {}အတွင်းမှာပဲ return ကိုသုံးပြီးတော့ user ကိုoutput ပြန်ပေးရမယ်။ အပေါ်က သတ်မှတ်ထားတဲ့ type အတိုင်းပေးရမယ်။ အပေါ်မှာက fluid typeလို့သတ်မှတ်ခဲ့တော့ return နဲ့ပြန်ထုတ်ပေးရင်လည်း fluid တစ်မျိုးမျိုးပဲဖြစ်ရမယ်။
fluid blender(fruit){
...
//pricess of the function
...
return someKindOfFluid;
}ဒါက function ရဲ့သဘောသဘာဝကို အပြင်က ပစ္စည်းတစ်ခုခု နဲ့ ယှဉ်ပြီး ချဉ်းကပ်ကြည့်တာပါ။
အခုC++နဲ့လိုက်စမ်းကြည့်လို့ရမယ့် function တစ်ခုရေးကြည့်မယ်။
Get DevA’s stories in your inbox
Join Medium for free to get updates from this writer.
function name က add။ integer နှစ်ခုကိုလက်ခံပြီးပေါင်းပေးမယ့် function မျိုး။ အဲ့တော့ function ကနေပြန်ပေးမယ့် type ကလည်း integer ပဲဖြစ်မယ်။ အဲ့တော့ ရေးမယ်ဆိုဒီလိုဖြစ်မယ်။
int add(int num1, int num2){
return num1 + num2;
}ဒီမှာ()ထဲက int num1,int num2ဆိုတာ parameters တွေဖြစ်တယ်။ဘာ type နဲ့လက်ခံမလဲဆိုတာရယ်ပြီးတော့ အဲ့ value ကိုဘာနာမည်နဲ့ပြန်သုံးမလဲဆိုတာရယ် သတ်မှတ်ထားတာဖြစ်တယ်။
int num1ဆိုရင် လက်ခံမယ့် type က integer ဖြစ်ပြီး အဲ့ေနရာဝင်လာတဲ့တန်ဖိုးကို num1ဆိုတဲ့နာမည်နဲ့ function body {}ထဲမှာခေါ်သုံးသွားမယ်လို့သတ်မှတ်လိုက်တဲ့သဘောပေါ့။
အဲ့ function ကိုပြန်ခေါ်သုံးမယ်ဆိုရင် functionNameနဲ့အနောက်မှာ () ကပ်ပြီးခေါ်ပေးရတယ်။
add();Function ရေးခဲ့တုန်းက parameters တွေရေးပေးထားတယ်။အဲ့တော့ function ကိုခေါ်ရင်အဲ့value တွေထည့်ပေးရမယ်။ argumentလို့ခေါ်တယ်။ ထည့်ပေးတဲ့တန်ဖိုးတွေကလည်း integer ပဲဖြစ်ရမယ်။
ပေးလိုက်တဲ့ arguments နဲ့ function ရဲ့ parameters တွေကtypeတူရမယ်။အဲ့တော့ဒီလိုဖြစ်မှာပါ။
add(5,6);ဒါကaddဆိုတဲ့ function ကိုခေါ်ပြီး 5နဲ့ 6 ကို arguments အဖြစ်ထည့်ပေးလိုက်တာပါ။
ဒါဆို add function မှာ သတ်မှတ်ထားတဲ့ num1 က 5၊ num2 က 6 ဖြစ်သွားမယ်။ပြီးတော့ အဲ့ တန်ဖိုးတွေကို ပေါင်းပြီး return ပြန်ပေးလိုက်မှာပါ။
5 6
int add(int num1,int num2){
5 6
return num1+num2;
}အခုadd function က return ပြန်ပေးထားတဲ့တန်ဖိုးက 11။ အဲ့တာကို variable ထဲထည့် သိမ်းလို့ရတယ်။
int sum=add(5,6);ဒါဆို sum ကို cout နဲ့ထုတ်ကြည့်ရင် 11လို့ပေါ်မှာပါ။ဒီလို variable နဲ့သိမ်းလို့ရတာဟာ function က return ပြန်ထားလို့ဆိုတာကို သတိပြုရပါမယ်။ တကယ်လို့ function ရဲ့ return type ကသာ void ဖြစ်မယ်ဆိုရင် အခုလိုသိမ်းလို့ရမှာမဟုတ်ပါဘူး။
void add(int num1,int num2){
int result = num1+num2;
}
ဒါဆိုFunction အကြောင်းနည်းနည်းတော့နားလည်သွားမယ်ထင်ပါတယ်။လေ့လာစရာတွေကတော့အများကြီးကျန်ပါသေးတယ်။အခုတော့ဒီလောက်ပါပဲ။




