Sitemap
Pyae Nyein Chan

Pyae Nyein Chan

Software Engineer,Blogger,DC & Marvel Fan

[PHP] LOOP

1 min readNov 2, 2017

--

Process တခုကို ထပ်ခါတလှဲလှဲ အသုံးပြုချင်တဲ့ အခါ Loop ပတ်ဖို့လိုအပ်တယ်။ PHP ရဲ့ Loop statement ၄ခု ရှိပါတယ်။ For,Foreach,While & Do..while Loop တို့ဖြစ်ပါတယ်။

Get Pyae Nyein Chan’s stories in your inbox

Join Medium for free to get updates from this writer.

၀၁) For Loop : သူ့မှာ Initial,Condition,Increment ဆိုပြီး ၃ခု ရှိတယ်။ Initial ဆိုတာ အစတန်ဖိုး။ ဘယ်လောက် to ဘယ်လောက် (ဥပမာ : 0 to 10) ဆိုရင် 0 ဟာ Initial State။ Condition ဆိုတာ သူ သတ်မှတ်ထားတဲ့ အရာတခုထိ ရောက်အောင် process လုပ်မယ်။ ပိုသွားရင် Loop ထွက်မယ်။ အပေါ်က ဥပမာတိုင်းဆိုရင် 10 ခါ processing လုပ်ဆောင်မယ်။ Increment ကတော့ Initial တန်ဖိုးကို တိုးပေးတာပါ။ အပေါ်က ဥပမာတိုင်း 0 ဟာ 10 မရောက်မချင်း 1 တိုးပေးသွားမှာပေါ့။ သူ့ပုံစံ က

for ($i=0; $i < 10; $i++) {

# code…

}

၀၂) For Each : သူ့ကို အများအားဖြင့် condition စစ်စရာမလိုဘဲ process လုပ်ဆောင်ဖို့သာ အသုံးပြုတယ်။ ဥပမာ Array တခုမှာ အခန်းအားလုံးရဲ့ Value ကိုထုတ်ချင်တဲ့အတွက်ကြောင့် array.length နဲ့ condition စစ်မနေတော့ဘဲ တခါထဲ Loop ပတ်ပြီးထုတ်လို့ရပါတယ်။ သူ့မှာ $variables as $key => $value ဆိုပြီး ရှိတယ်။ $variables က ကိုယ် ကြေညာထားတဲ့ Array။ $key က Increment လုပ်ဆောင်ဖို့တွက် ဖြစ်ပြီးတော့ $value ကတော့ ကိုယ့် Array ထဲက Value တွေကို Assign လုပ်လိုက်တာပါ။ သူ့ပုံစံ က

foreach ($variable as $key => $value) {

# code…

}

၀၃) While : သူကတော့ ရှည်ရှည်ဝေးဝေးပြောစရာ မရှိပါဖူး။ Condition က True ဖြစ်နေတ၍ Processing လုပ်မယ်။ သူ့ Syntax က

while (Condition) {

# code…

}

၀၄) Do While : သူ့က Process ပြီးမှ Condition စစ်တာပါ။ ဒါကြောင့် ကိုယ့် Condition က False ဖြစ်နေရင်တောင် တကြိမ်တော့ အလုပ်လုပ်ပါတယ်။ သူ့ရဲ့ Syntax က

do {
# code…
} while (Condition);

--

--

Pyae Nyein Chan
Pyae Nyein Chan

Written by Pyae Nyein Chan

Software Engineer,Blogger,DC & Marvel Fan